မျက်လှည့်ပညာရပ်တခုလိုပဲ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ထူးဆန်းအံ့သြစရာကောင်းလွန်းပြီး ဖြေရှင်းလို့မရနိုင်တဲ့ အခြေအနေများစွာ ရှိလို့နေပါတယ်။ တခါတလေမှာ လူသားတွေဟာ အဖြေမထွက်နိုင်တဲ့ ကိစ္စရပ်တွေမှာ စိတ်ဝင်တစားရှိကြတယ်ဆိုတာ အားလုံးသိကြမှာပါ။ အခုတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးဆန်းအံ့သြစရာကောင်းပြီး အဖြေမထွက်နိုင်တဲ့ အခြေအနေတွေကို ပြသနေတဲ့ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ တာယာစွပ်နေတဲ့သစ်ပင်

အရွယ်အစား အလယ်အလတ်လောက်ကြီးမားတဲ့ သစ်ပင်တခုမှာစွပ်နေတဲ့ ကားတာယာတခုကို တွေ့မြင်ရမှာပါ။ ဘယ်လိုပုံစံနဲ့ စွပ်မိလဲဆိုတာကိုတော့ ဒီနေ့အထိ ဘယ်သူမှမသိနိုင်ကြပါဘူး။ shwekhitonlinetv.com
၂။ လမ်းထဲကို နစ်မြုပ်နေတဲ့ကား

လမ်းထဲကို ကိုယ်တဝက်နစ်မြုပ်နေတဲ့ ကားရဲ့အဖြစ်ကို တွေ့ကြမှာပါနော်။ ကားနစ်မြုပ်ဖို့အတွက်ဆိုရင် လမ်းဟာ ပြုပြင်လက်စအခြေအနေတခု ဖြစ်နေရမှာပါ။ ဒါပေမယ့်လည်း နဂိုကတည်းက ရှိနေခဲ့တဲ့ လမ်းထဲကို ကားတစင်းလုံးနစ်မြုပ်နေတဲ့ အခြေအနေကတော့ တကယ့်ကို စဥ်းစားစရာပါပဲ ။ shwekhitonlinetv.com
၃။ သစ်ပင်နှစ်ခုကြားကကား

မြေပြင်ပေါ်မှာပဲ သွားရတဲ့ကားက မြေပြင်ရဲ့အထက် ၁၀ ပေအမြင့်ရှိတဲ့ နေရာတခုမှာ ညပ်နေတယ်ဆိုတာဟာ တကယ့်ကို အဖြေမရှိနိုင်တဲ့ ပုစ္ဆာလိုပါပဲနော်။ သစ်ပင်နှစ်ခုကြား အမြင့်တနေရာမှာ ညပ်နေတဲ့ကားကတော့ အနီးနားက ဖြတ်သွားဖြတ်လာတိုင်းအတွက် စဥ်းစားစရာတွေ ပေးလို့နေပါတော့တယ်။ shwekhitonlinetv.com
၄။ အနီရောင်ငရုတ်ပွထဲက အစိမ်းရောင်ငရုတ်ပွ

သဘာဝအတိုင်းဖြစ်လို့နေပြီး အဖြေရှာလို့မရနိုင်တဲ့ အခြေအနေတွေလည်း အများအပြားရှိလို့နေပါတယ်။ ပုံမှာတွေ့မြင်ရတာကတော့ အနီရောင်ငရုတ်ပွထဲကို ရောက်နေတဲ့ အစိမ်းရောင်ငရုတ်ပွပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Road Sign ထဲက ထွက်လာတဲ့သစ်ပင်

သဘာဝတရားကို တားဆီးနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အကြောင်း သက်သေပြသွားတဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ လမ်းအမှတ်အသားပြ သံတိုင်ထဲကနေ အားယူပြီးထိုးထွက်နေတဲ့ သစ်ပင်လေးတပင်ကို တွေ့ရမှာပါ။ shwekhitonlinetv.com
၆။ ထိုးထွက်နေတဲ့ရေခဲတုံး

ရေတွေထည့်ထားတဲ့ ပုံသွင်းခွက်ထဲကနေပြီး အပေါ်ကို ထိုးထွက်နေတဲ့ ရေခဲချောင်းလေးတခုကို တွေ့ရမှာပါ။ ရေထဲကနေ ဘယ်လိုပုံစံနဲ့ ထိုးထွက်ပြီး အေးခဲသွားလဲဆိုတာကတော့ စဥ်းစားစရာပါပဲနော်။ shwekhitonlinetv.com
၇။ ကျောက်တုံးပေါ်ကကားအဝါ

ဘယ်လိုယာဥ်မောင်းသူကများ ကားတစင်းလုံးကို ကျောက်တုံးပေါ်တည့်တည့်ရောက်အောင် မောင်းနိုင်လဲဆိုတာ တွေးသွားစေနိုင်မယ့် ဓာတ်ပုံပဲဖြစ်ပါတယ်။ ကရိန်းကားနဲ့သယ်ဆောင်ခဲ့တာလားဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး။ shwekhitonlinetv.com
၈။ ဘတ်စ်ကတ်ဘောခြင်းပေါ်ကခွေးလေး

ဘတ်စ်ကတ်ဘောကစားတဲ့အခါ သွင်းယူရတဲ့ အမြင့်တခုမှာရှိတဲ့ ခြင်းပေါ်ကို ခွေးလေးတကောင် ရောက်နေခဲ့တာပါ။ သူဒီအပေါ်ကို ဘယ်လိုများတက်သွားခဲ့လဲဆိုတာကတော့ စဥ်းစားစရာပါပဲနော်။ shwekhitonlinetv.com
၉။ ခြေထောက်ကွေးပြီး မတ်တပ်ရပ်ပြနိုင်တဲ့လူသား

ပုံမှာတွေ့မြင်ရတဲ့သူကတော့ သာမန်လူတွေနဲ့မတူပဲ ခြေထောက်ကိုကွေးပြီး မတ်တပ်ရပ်ပြနေခဲ့တာပါ။ ဒီလိုထူးထူးဆန်းဆန်းလုပ်ဆောင်နိုင်တာဟာ အရမ်းကိုရှားပါးမယ် ထင်ပါတယ်နော်။ shwekhitonlinetv.com
၁၀။ ဖရဲသီးအနုပညာ

ဖရဲသီးကို ခွဲလိုက်တဲ့အခါ အတွင်းဘက်မှာတွေ့မြင်ရတဲ့ အကွေးလေးတွေပဲ ဖြစ်ပါတယ်။ ဖရဲသီးအလုံးပေါင်း တစ်ထောင်မှာ တလုံးတောင်တွေ့မြင်ရဖို့ ခက်ခဲတဲ့ အဖြစ်အပျက်ပါ။ shwekhitonlinetv.com
၁၁။ သွားဆေးခန်းရဲ့လူနာစောင့်ဆိုင်းတဲ့အခန်း

သွားဆေးခန်းတခုမှာ လူနာတွေ ထိုင်စောင့်တဲ့အခါ နားနေနိုင်ဖို့အတွက် ပြင်ဆင်ထားတဲ့ အခန်းကို တွေ့မြင်ရမှာပါ။ ထိုင်ခုံတွေကို သွားပုံစံပြုလုပ်ထားပြီး ပါးစပ်ထဲမှာ ဝင်ရောက်နေရတဲ့ ခံစားချက်ကိုရရှိစေမယ် ထင်ပါတယ်။ shwekhitonlinetv.com
၁၂။ ကားပေါ်ကကား

ကားအပျက်ကို တင်ဆောင်လာတဲ့ ကားတစင်းကို တွေ့မြင်ရမှာပါ။ အဆင်ပြေသလို လုပ်ဆောင်လိုက်ရတဲ့ အခြေအနေဖြစ်ခဲ့ပေမယ့်လည်း အန္တရာယ်များလွန်းတဲ့အခြေအနေတခုအဖြစ် ရောက်ရှိနေပါတော့တယ်။ shwekhitonlinetv.com
၁၃။ အိမ်မွေးတိရစ္ဆာန်ဘဲလေး

ဘဲတကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် သတ်မှတ်ထားပြီး ကြိုးသိုင်းကာ လမ်းမထက်လျှောက်သွားနေတာကို တွေ့မြင်ရမှာပါ။ တချို့လူတွေရဲ့ စိတ်ကူးတွေက တကယ့်ကိုထူးဆန်းလှပါတယ်။ shwekhitonlinetv.com
၁၄။ ခုန်ပျံကျော်လွှားလာတဲ့ကား

ကားမှာ အတောင်ပံတွေပါသလားလို့တောင် သံသယဖြစ်ရမယ့် မြင်ကွင်းတခုပါပဲ။ ခုန်ပျံကျော်လွှားပြီး မတော်တဆဖြစ်ခဲ့ပေမယ့်လည်း အပျက်အစီးအနည်းငယ်သာရှိတာကြောင့် အားလုံးက အံ့သြခဲ့ရပါတယ်။ shwekhitonlinetv.com
၁၅။ အောက်လမ်းအရုပ်

တရားရုံးရဲ့ သန့်စင်ခန်းမှာရှာတွေ့ခဲ့တဲ့ အောက်လမ်းအရုပ်နဲ့ပုံစံတူ ပစ္စည်းတခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှတော့ အောက်လမ်းအရုပ်ဖြစ်ကြောင်း မပြောနိုင်ခဲ့ကြပါဘူး။ shwekhitonlinetv.com
၁၆။ အဝတ်လှမ်းစင်က လင်းနို့များ

အိမ်ပြင်မှာထုတ်ထားတဲ့ အဝတ်လှမ်းစင်မှာ တွဲလောင်းချိတ်ဆွဲနေတဲ့ လင်းနို့တွေကို တွေ့ရတာပဲ ဖြစ်ပါတယ်။ မြင်ရတဲ့မြင်ကွင်းကတော့ တကယ့်ကို ကြက်သီးထစရာကောင်းပြီး အံ့သြစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။