ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ကို ၅ ကြိမ်ရရှိထားဖူးတဲ့ ပေါ်တူဂီတိုက်စစ်မှုး ခရစ္စတီယာနိုရော်နယ်ဒိုဟာ စပိန်အားကစားရုပ်သံတစ်ခုဖြစ်တဲ့ GOL Play နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့အတွက် ထာဝရအကောင်းဆုံးဘောလုံးသမား (၁၀) ဦးကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com
ဒီကစားသမား (၁၀) ဦးစာရင်းမှာသူ့ရဲ့ မဟာပြိုင်ဘက်လို့ဆိုရမယ့် အာဂျင်တီးနားတိုက်စစ်မှုး လီယွန်နယ်မက်ဆီကိုတော့ အဆင့် (၄) နေရာသာပေးထားတာကို အံ့အားသင့်ဖွယ်တွေ့ရှိရပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုအတွက် ထာဝရအကောင်းဆုံးကစားသမား (၁၀) ဦးမှာ ဘယ်သူတွေက နံပါတ်ဘယ်လောက်မှာရှိနေမလဲဆိုတာ ဆက်လက်ကြည့်လိုက်ရအောင်နော် …… shwekhitonlinetv.com
၁၀။ ရော်နယ်ဒိုနာဇာရီယို (ဘရာဇီးလ်)

ဒီစာရင်းရဲ့ နောက်ဆုံးအဆင့် (၁၀) နေရာကိုတော့ သူနဲ့နာမည်တူပြီး ဂိုးသွင်းကောင်းတဲ့ ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှုးကြီး ရော်နယ်ဒိုနာဇာရီယိုကို ပေးထားပါတယ်။ ဒီစာရင်းမှာ ဒီလိုကစားသမားမျိုးကတော့ မပါမဖြစ်ပါသင့်တာအမှန်ပါပဲ။ shwekhitonlinetv.com
၉။ အန်ဒရေပီယာလို (အီတလီ)

အဆင့် (၉) နေရာကိုတော့ အီတလီကွင်းလယ်ဗိုလ်ချုပ် အန်ဒရေပီယာလိုကိုပေးထားပါတယ်။ ပီယာလိုရဲ့ အကွက်မြင်ပြီးတိကျလှတဲ့ ပေးပို့မှုတွေ၊ ဖရီးကစ်တွေကို သူ့အနေနဲ့ ကြည့်ရှုလေ့လာပြီး အတုယူခဲ့ရတယ်လို့လည်းဆိုပါတယ်။ shwekhitonlinetv.com
၈။ ဇာဗီဟာနန်ဒက်စ် (စပိန်)

သူ့အနေနဲ့ရီးယဲလ်မက်ဒရစ်အသင်းမှာကစားစဉ်က မဟာပြိုင်ဘက်ဘာစီလိုနာအသင်းရဲ့ အဓိကကွင်းလယ်လူ ဖြစ်တဲ့ ဇာဗီဟာနန်ဒက်စ်ကိုတော့ တစ်ကယ်လေးစားခဲ့တယ်လို့ ဆိုဖူးပါတယ်။ ဒါကြောင့် ဇာဗီကိုလည်း ဒီစာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။ shwekhitonlinetv.com
၇။ ပေါလ်စခိုး (အင်္ဂလန်)

သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့စဉ်ကတွဲဖက်ကစားခဲ့တဲ့သူတွေထဲမှာ အနှစ်သက်ဆုံးကတော့ ကွင်းလယ်လူပေါလ်စခိုး ပဲဖြစ်ပါတယ်။ ပေါလ်စခိုးဟာ စကားအများကြီးပြောလေ့ရှိတဲ့သူတစ်ယောက် မဟုတ်ဘဲ အနေအေးပြီးသူ့အလုပ်ကိုသူ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲခေါင်းထဲမှာရှိတဲ့သူတစ်ဦးလို့ ချီးကျူးခဲ့ပါသေးတယ်။ shwekhitonlinetv.com
၆။ ရာဒါမယ်ဖယ်လ်ကာအို (ကိုလံဘီယာ)

ဒီစာရင်းမှာ အံ့အားသင့်ဖွယ်ပါဝင်လာတာကတော့ ကိုလံဘီယာတိုက်စစ်မှုး ရာဒါမယ်ဖယ်လ်ကာအို ပဲဖြစ်ပါတယ်။ သူနဲ့ မက်ဆီပဲ ဆယ်စုနှစ်တစ်ခုကျော်အပြိုင်လုခဲ့ရတဲ့ လာလီဂါဂိုးသွင်းဘုရင်ဆု (ပီချီချီ) ဟာ ဖယ်လ်ကာအို အက်သလက်တီကိုအသင်းကို ရောက်ရှိလာတဲ့အချိန်မှာ ပြိုင်ဘက်ကောင်းတစ်ဦး ထပ်တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
၅။ ဒေးဗစ်ဘက်ခမ်း (အင်္ဂလန်)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘောလုံးမင်းသားတစ်ဦးဖြစ်တဲ့ ဖရီးကစ်နဲ့ဖြတ်တင်ဘောဘုရင် ဒေးဗစ်ဘက်ခမ်းကတော့ ဒီစာရင်းရဲ့အဆင့် (၅) နေရာမှာရှိတာကိုတွေ့ရပါတယ်။ စီရော်နယ်လ်ဒိုဟာ ဘက်ခမ်းရဲ့ ဂန္တဝင်ကျောနံပါတ် (၇) ကို အကောင်းဆုံးဆက်ခံနိုင်ခဲ့တဲ့သူဆိုရင်လည်းမမှားပါဘူး။ shwekhitonlinetv.com
၄။ လီယွန်နယ်မက်ဆီ (အာဂျင်တီးနား)

ဘောလုံးလောကရဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့ ခေတ်တစ်ခေတ်ကို သူနဲ့အတူ အပြိုင်စိုးမိုးခဲ့တဲ့ မဟာပြိုင်ဘက်ကြီး လီယွန်နယ်မက်ဆီကတော့ သူ့အတွက်ဒီစာရင်းမှာ အဆင့် (၄) နေရာမှာပဲရှိပါတယ်။ ဒါကြောင့် မက်ဆီဟာ သူ့အတွက်တော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားအဖြစ် အသိအမှတ်မပြုခံရတာ သိသာလှပါတယ်။ shwekhitonlinetv.com
၃။ လူးဝစ္စဖီဂို (ပေါ်တူဂီ)

ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီနိုင်ငံသားတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့စီနီယာတစ်ဦးဖြစ်တဲ့ ပေါ်တူဂီကွင်းလယ်လူ လူးဝစ္စဖီဂို ကိုလည်း ဒီစာရင်းမှာမမေ့မလျော့ထည့်သွင်းထားပါတယ်။ အဆင့် (၃) နေရာပေးထားတဲ့ပုံအရဆိုရင် သူ့အတွက် ဖီဂိုက Idol တစ်ဦးဖြစ်နေနိုင်ပါတယ်။ shwekhitonlinetv.com
၂။ အိန်ဂျယ်ဒီမာရီယာ (အာဂျင်တီးနား)

ရီးယဲလ်မက်ဒရစ်အသင်းမှာ အသင်းဖော်ဖြစ်ခဲ့တဲ့ အာဂျင်တီးနားတောင်ပံကစားသမား အိန်ဂျယ်ဒီမာရီယာ ဟာလည်းဒီစာရင်းရဲ့ နံပါတ် (၂) နေရာအထိကို သူကသတ်မှတ်ပေးခဲ့ပါတယ်။ ထူးဆန်းတယ်လို့ ဆိုရမှာက သူနဲ့အတွဲအဖက်ညီပြီး ဂိုးသွင်းနိုင်အောင်လည်း အများကြီးပံ့ပိုးပေးခဲ့တဲ့ BBC တိုက်စစ်အတွဲက ဂါရတ်ဘေးလ် နဲ့ ဘင်ဇီမာ မပါဘဲ ဒီမာရီယာက ဒီစာရင်းမှာပါဝင်လာတာဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ခရစ္စတီယာနိုရော်နယ်လ်ဒို (ပေါ်တူဂီ)

ဒီစာရင်းရဲ့ နံပါတ် (၁) နေရာပေးထားတဲ့ကစားသမား အမည်ကိုမြင်ပြီးအားလုံးပဲ အံ့သြမှင်သက်သွားလိမ့်မယ်လို့ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒီစာရင်းရဲ့ နံပါတ် (၁) နေရာကိုတော့ စီရော်နယ်လ်ဒိုက သူ့ကိုယ်သူပြန်ပေးထားပါတယ်။ သူ့အတွက်တော့ ငါသည်သာငါ့ပြိုင်ဘက် လို့သတ်မှတ်ထားလို့ပဲ အခုလိုပြောခဲ့သလားတော့ မတွေးတက်ပါဘူး။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။