အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာကျော်ဆယ်လီတွေနဲ့ သူတို့ရရှိခဲ့တဲ့ထူးခြားတဲ့ ဘွဲ့ဒီဂရီတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်သူက ဘယ်လိုမထင်မှတ်ထားလောက်တဲ့ ဘွဲ့တွေရထားသလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် … shwekhitonlinetv.com
၁။ အီဗာလောင်ဂိုးရီးယား

အမေရိကန်သရုပ်ဆောင်မင်းသမီး အီဗာလောင်ဂိုးရီးယား (Eva Longria) ကတော့ထူးခြားတဲ့ ဘွဲ့ဒီဂရီကိုပိုင်ဆိုင်ထားသူပါ။ သူမရရှိထားတဲ့ဘွဲ့ဒီဂရီကတော့ လူ့ခန္ဓာကိုယ်လှုပ်ရှားမှုကိုသိပ္ပံနည်းကျလေ့လာတဲ့ Kinesiology ဘာသာရပ်ဖြစ်ပါတယ်။ ဒီဘာသာရပ်ဟာ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ရောဂါဗေဒ၊ အာရုံကြောဆိုင်ရာသဘောတရားများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းလှုပ်ရှားမှုများ စတာတွေနဲ့ဆက်နွယ်နေပြီး ရှုပ်ထွေးခက်ခဲတဲ့ဘာသာရပ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ shwekhitonlinetv.com
၂။ နစ်ကန်နွန်

အမေရိကန်ရက်ပါနှင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နစ်ကန်နွန် (Nick Cannon) ကလည်းထူးထူးခြားခြားဘွဲ့ဒီဂရီကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။ သူရရှိခဲ့တဲ့ အထူးပြုဘာသာရပ်က ရာဇဝတ်မှုဗေဒဆိုင်ရာ Criminology ဘွဲ့ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ အာနိုးရှဝါဇင်ဂါ

နာမည်ကျော်မင်းသားကြီး အာနိုးရှဝါဇင်ဂါ (Arnold Schwarzenegger) ကတော့ စီးပွားရေးစီမန့်ခန့်ခွဲမှုနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာဘွဲ့ဒီဂရီ တစ်ခုရရှိထားပါတယ်။ shwekhitonlinetv.com
၄။ ခရစ္စမာတင်

Cold Play အဖွဲ့ရဲ့ပင်တိုင်အဆိုရှင်ဖြစ်တဲ့ ခရစ္စမာတင် (Chris Martin) ကတော့ ဂရိနှင့်လက်တင်ဘာသာရပ်တွေမှာ ပထမတန်းဂုဏ်ထူးဘွဲ့ရရှိထားသူပါ။ shwekhitonlinetv.com
၅။ လစ်တဲဝိန်း

နာမည်ကျော် ရက်ပါတစ်ဦးဖြစ်တဲ့ လစ်တဲဝိန်း (Lil Wayne) ကတော့ အွန်လိုင်းသင်တန်းတွေကနေတစ်ဆင့် စိတ်ပညာဘာသာရပ် (Psychology) အထူးပြုဘွဲ့တစ်ခုရရှိထားပါတယ်။ shwekhitonlinetv.com
၆။ ကော်နီဘရစ်တွန်

အမေရိကန်ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး ကော်နီဘရစ်တွန် (Connie Britton) ကတော့ အရှေ့တိုင်းဘာသာရပ်အထူးပြုနဲ့ ဘွဲ့ဒီဂရီရရှိခဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ လီယွန်နယ်ရစ်ချီ

ဂီတနယ်ပယ်မှာ အကျော်အမော်တစ်ဦးအဖြစ်လူသိများထင်ရှားလှတဲ့ လီယွန်နယ်ရစ်ချီ (Lionel Richie) ကတော့ ဘောဂဗေဒအထူးပြုဘာသာရပ်မှာ စာရင်းကိုင်ဘာသာရပ်ခွဲနဲ့ ဘွဲ့ဒီဂရီတစ်ခုရထားသလို ဂီတနယ်ပယ်မှာလည်း ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ရရှိထားသူဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ မီရန်ဒါကော့စ်ဂရုဗ်

အသက် (၂၉) နှစ်အရွယ်မင်းသမီးလေး မီရန်ဒါကော့စ်ဂရုဗ် (Miranda Cosgrove) ကလည်း စိတ်ပညာအထူးပြုဘာသာရပ်နဲ့ ဘွဲ့မရခင်အချိန်အထိ မေဂျာ (၃) ခုအထိပြောင်းခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ မိုက်ကယ်ဂျော်ဒန်

နာမည်ကျော် ဘက်စကက်ဘောကစားသမားကြီး မိုက်ကယ်ဂျော်ဒန် (Michael Jordan) ကတော့ ပထဝီဝင်ဆိုင်ရာအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရထားတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ ဘရက်ပစ်

နာမည်ကျော်မင်းသားချော ဘရက်ပစ် (Brad Pitt) ကတော့ ကြော်ငြာအထူးပြု သတင်းစာပညာရပ်နဲ့ ဘွဲ့ရထားတဲ့သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။