ရိုးရှင်းပြီးလှပလွန်းတဲ့ အိမ်ဒီဇိုင်းများဟာ ယနေ့ခေတ်မှာတော့ လူအားလုံးရဲ့ အသည်းနှလုံးကို ဖမ်းစားနေပါတော့တယ်။ ရှုပ်ထွေးလှတဲ့ ဒီဇိုင်းများနဲ့ အကွက်မျိုးစုံ ပုံဖော်ထားတဲ့ ကြမ်းခင်းတွေဟာ အားလုံးရဲ့အမြင်မှာတော့ ခေတ်နောက်ကျနေတဲ့ ဒီဇိုင်းများအဖြစ် သတ်မှတ်ခံထားရပါတယ်။ အခုတခေါက်ဖော်ပြပေးမယ့် အိမ်ဒီဇိုင်းများကတော့ ဆိုးဝါးလွန်းတာကြောင့် အဆိုးဝါးဆုံးအိမ်အပြင်အဆင်များအဖြစ် သတ်မှတ်ခံထားရတဲ့ အိမ်တွေပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့် အဆိုးဝါးဆုံးအိမ်တွေအဖြစ် သတ်မှတ်တာလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com
၁။ ဧည့်ခန်းက အဝတ်လျှော်စက်

အဝတ်လည်းလျှော်ရင်း ဇာတ်ကားလည်းကြည့်ရင်း လုပ်ချင်တာကြောင့် ဧည့်ခန်းရဲ့ တီဗွီအောက်မှာ အဝတ်လျှော်စက်ကို ထည့်သွင်းခဲ့တာပါ။ ဒါပေမယ့်လည်း အဝတ်လျှော်စက်ရဲ့ အသံကြောင့် တီဗွီသေချာကြည့်နိုင်ပါ့မလားဆိုတာကတော့ စဥ်းစားစရာပါပဲနော်။ shwekhitonlinetv.com
၂။ လှေကားနဲ့တက်ရမယ့်အိမ်သာ

ရှုပ်ထွေးလွန်းလှတဲ့ အပြင်အဆင်ကြောင့် အဆိုးဝါးဆုံးဖြစ်ခဲ့ရတဲ့ ရေချိုးခန်းနဲ့ အိမ်သာပဲ ဖြစ်ပါတယ်။ အိမ်သာတက်တဲ့အခါမှာလည်း ခပ်မြင့်မြင့်တက်ရစေဖို့ လှေကားပါ ထည့်သွင်းဆောက်လုပ်ထားတာကို တွေ့ရမှာပါ။ shwekhitonlinetv.com
၃။ လှေကားပေါ်က ရေဇလုံကန်

အခုမြင်တွေ့နေရတဲ့အခန်းဟာ ရေချိူးခန်းလား ဧည့်ခန်းလား အိပ်ခန်းလားဆိုတာကိုတောင် မသိနိုင်ဖြစ်စေမယ့် အပြင်အဆင်ပါပဲနော်။ လှေကားထိပ်မှာရှိတဲ့ ရေစိမ်ကန်ကြောင့် လှေကားပေါ်ကနေ ချော်မလဲစေဖို့တော့ သတိထားမှ အဆင်ပြေမှာပါ။ shwekhitonlinetv.com
၄။ အိပ်ရေးမက်တဲ့သူတွေအတွက် အဆင်မပြေစေနိုင်တဲ့ကုတင်

အိပ်စက်ခြင်းဆိုတာ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့အနားယူမှုကို ရယူတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပုံမှာတွေ့ရတဲ့ အိပ်ယာပေါ်မှာ အိပ်စက်မယ်ဆိုရင်တော့ အနားမယူနိုင်တဲ့အပြင် ရင်တထိတ်ထိတ်နဲ့ အိပ်စက်ရမယ့် အခြေအနေပါ။ shwekhitonlinetv.com
၅။ မျက်နှာကျက်ရောက်တော့မယ့်အိမ်သာ

တခါတလေမှာ အိမ်ရဲ့ဖွဲ့စည်းတည်ဆောက်မှုအခြေအနေတွေကြောင့် အတွင်းခန်းပြင်ဆင်တဲ့အခါ ပိုပြီးခက်ခဲလေ့ရှိပါတယ်။ အခုတွေ့မြင်ရတဲ့ပုံကတော့ အဆိုပါအခက်အခဲကို ကြိုးစားပန်းစားဖြေရှင်းထားတာကို တွေ့ရမှာပါ။ ဒါပေမယ့်လည်း မျက်နှာကျက်ထိရောက်လုနီးပါးဖြစ်နေတဲ့ အိမ်သာကို လှေကားထစ်ပေါင်းများစွာ ဖြတ်ကျော်ပြီးမှ ရောက်နိုင်မယ့် အပြင်အဆင်ကတော့ ဆိုးဝါးလွန်းလှပါတယ်နော်။ shwekhitonlinetv.com
၆။ အခန်းကျဥ်းကျဥ်းမှာ အဆင်ပြေစေဖို့အတွက်

လူနေထူထပ်တဲ့ မြို့ကြီးပြကြီးလိုနေရာများမှာ ကျောတခင်းစာနေရာရရှိဖို့အတွက်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးနော်။ ပုံမှာတွေ့မြင်ရတာကတော့ အခန်းကျဥ်းကျဥ်းမှာ အဆင်ပြေစေဖို့အတွက် ကြံဖန်ဆောက်လုပ်ထားတာကို တွေ့ရမှာပါ။ shwekhitonlinetv.com
၇။ ဆိုးဝါးလှတဲ့ မီးဖိုချောင်

ဆိုးဝါးလွန်းလှတဲ့ မီးဖိုချောင်ဆုပေးမယ်ဆိုရင်တော့ ပုံမှာတွေ့ရတဲ့မီးဖိုချောင်ဟာ ပထမဆုရမှာ သေချာပါတယ်နော်။ အစားအစာတွေ ပြင်ဆင်ချက်ပြုတ်တဲ့နေရာမှာ အိမ်သာဆောက်လုပ်ထားတဲ့အပြင် ဘယ်လိုအကာအရံမှလည်း တပ်ဆင်မထားပဲ ဟင်းလင်းဖွင့်ထားတာကို တွေ့ရမှာပါ။ ဘယ်လိုစိတ်ကူးနဲ့ ဆောက်လုပ်လိုက်တာလဲဆိုတာကတော့ လုံးဝကို မတွေးတတ်အောင်ပါပဲ။ shwekhitonlinetv.com
၈။ မတ်စောက်လွန်းတဲ့အိမ်ဝင်ပေါက်

အိမ်တလုံးဆောက်လုပ်ရတဲ့အခါ မြေနေရာအနေအထား အဆင်ပြေဖို့လည်း အရေးကြီးပါတယ်။ ပုံမှာတွေ့ရတဲ့အိမ်ကတော့ မတ်စောက်လွန်းပြီး မပြေပြစ်တဲ့ တောင်စောင်းပေါ်မှာ ဖြစ်သလိုဆောက်လုပ်ထားတာကို တွေ့ရမှာပါ။ ကားဝင်ပေါက်အတွက် ပြုလုပ်ထားတဲ့ ဆင်ခြေလျှောဟာ မတ်စောက်လွန်းတာကြောင့် ကားအထုတ်အသွင်းလုပ်တိုင်း တောင်တက် တောင်ဆင်းပြုလုပ်နေရသလို ဖြစ်နေမှာ အမှန်ပါပဲ။ shwekhitonlinetv.com
၉။ ဧည့်ခန်းမှာတွေ့ရတဲ့အိမ်သာ

ဧည့်ခန်းနေရာမှာ ဆောက်လုပ်ထားတဲ့ အိမ်သာကို တွေ့ရမှာပါ။ လှပလွန်းတဲ့ မှန်တံခါးကို တပ်ဆင်ထားပေမယ့်လည်း လုံခြုံစေဖို့အတွက်တော့ မဟုတ်ခဲ့ပါဘူး။ ဒီလိုအတွင်းပိုင်းအပြင်အဆင်ကို ဆောက်လုပ်ဖို့ အကြံဥာဏ်ပေးတဲ့သူရဲ့ စိတ်ကူးကတော့ တကယ့်ကို ထူးထူးဆန်းဆန်းပါပဲနော်။ shwekhitonlinetv.com
၁၀။ အကုန်အကျချွေတာတဲ့အိမ်

နံရံနဲ့ တံခါးမကြီးကို တဝက်ပဲဆောက်လုပ်ထားတဲ့ အိမ်အတွင်းပိုင်းအပြင်အဆင်ပဲ ဖြစ်ပါတယ်။ ဘယ်လိုစိတ်ကူးနဲ့ ဆောက်လုပ်ခဲ့လဲဆိုတာ မသိရပေမယ့် အဆင်မပြေစေနိုင်တဲ့ ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com
၁၁။ ညီမျှခြင်းအနုပညာ

ပုံမှာတွေ့မြင်ရတဲ့အိမ်ကတော့ အိမ်ရဲ့ဝရန်တာအောက်ခြေတိုင်နေရာမှာ ရေခဲသေတ္တာကို အစားထိုးထားတာ ဖြစ်ပါတယ်။ ဖြစ်သလိုလုပ်တတ်တဲ့ အိမ်ပိုင်ရှင်လို့ ယူဆရပါတယ်နော်။ shwekhitonlinetv.com
၁၂။ ရေချိုးခန်းလား မီးဖိုချောင်လား

ရေချိုးကန်နဲ့ မီးဖိုချောင်ကို တွဲလျက်ဆောက်လုပ်ထားတဲ့ အိမ်အတွင်းပိုင်းအပြင်အဆင်ကို တွေ့မြင်ရမှာပါ။ တယောက်တည်းနေသူတွေအတွက်တော့ အဆင်ပြေနိုင်ပေမယ့် မိသားစု ဒါမှမဟုတ် မိတ်ဆွေတွေနဲ့အတူ နေထိုင်သူတွေအတွက်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူးနော်။ shwekhitonlinetv.com
၁၃။ မျက်နှာကျက်ကများပြားလှတဲ့ မီးလုံးများ

ဒီတနှစ်တာအတွက်တော့ အဆိုးဝါးဆုံးမျက်နှာကျက် ဒီဇိုင်းလို့ပြောရမယ် ထင်ပါတယ်နော်။ မျက်နှာကျက်အတွင်းပိုင်းမှာ တပ်ဆင်လေ့ရှိကြတဲ့ မီးလုံးအသေးလေးတွေနေရာမှာ မှားယွင်းတဲ့မီးလုံးတွေကို တပ်ဆင်မိခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၄။ လှေကားထိပ်ကအိမ်သာ

အိမ်သာဆောက်လုပ်ရာမှာ လုံလုံခြုံခြုံရှိရမယ်ဆိုတဲ့ အယူအဆတွေကို ငြင်းပယ်လိုက်တဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ လှေကားအတက်အဆင်းလုပ်ရာနေရာမှာ အိမ်သာနဲ့ လက်ဆေးကန်ကို ဆောက်လုပ်ထားတာကြောင့် လုံးဝကိုဆိုးဝါးတဲ့ စိတ်ကူးလို့ပဲ ဆိုချင်ပါတယ်။ shwekhitonlinetv.com
၁၅။ အသွားမတော်တလှမ်း

လှေကားနဲ့ ကပ်ရက်ဆောက်လုပ်ထားတဲ့ ရေချိုးကန်ဒီဇိုင်းကို တွေ့မြင်ရမှာပါ။ အသွားမတော်တလှမ်းဆိုတဲ့ စကားပုံကို သက်သေပြနေတဲ့ ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com
၁၆။ တံခါးပေါက်မပါလာတဲ့ဝရန်တာ

အိမ်ပုံစံဆွဲသူနဲ့ ဆောက်လုပ်သူတို့ကြား အယူအဆလွဲမှားခြင်းကြောင့် တလွဲဒီဇိုင်းနဲ့ ထွက်ပေါ်လာတဲ့ အိမ်ပုံစံဖြစ်မယ်ထင်ပါတယ်။ ဝရန်တာကို ဆောက်လုပ်ခဲ့ပေမယ့် အဆိုပါဝရန်တာကို ရောက်နိုင်ဖို့အတွက် တံခါးမပါလာတာကို တွေ့ရမှာပါ။ shwekhitonlinetv.com
၁၇။ လက်ဆေးကန်ထဲက ပလက်ပေါက်

သင့်ရဲ့အသက်က သင့်လက်ထဲမှာပါဆိုတဲ့စကားကို သက်သေပြနေတဲ့ လက်ဆေးကန်ပါပဲနော်။ လက်ဆေးကန်ကို ဆောက်လုပ်ပေးရတဲ့ ဝန်ထမ်းဟာ စိတ်ဓာတ်ကျရောဂါရှိနေလားဆိုတာကိုတော့ စစ်ကြည့်သင့်ပါတယ်။ shwekhitonlinetv.com
၁၈။ တယောက်တည်းနေလိုသူများအတွက်

ဘယ်သူနဲ့မှလည်း မနီးကပ်ချင်ဘူး တယောက်တည်း တွေးလိုသူ ငေးလိုသူများအတွက် ရွေးချယ်သင့်တဲ့ အိမ်ဒီဇိုင်းလေးပါပဲနော်။ ဒါပေမယ့် အဆိုပါနေရာကို တက်မယ်ဆိုရင်တော့ သေချာပေါက် သတ္တိကောင်းမှ ဖြစ်ပါလိမ့်မယ်။ shwekhitonlinetv.com
၁၉။ လှေကားမပါလာတဲ့တံခါးမကြီး

အိမ်ကို ဧည့်သည်လာတာ မကြိုက်နှစ်သက်သူတွေအတွက် ရွေးချယ်သင့်တဲ့ ဒီဇိုင်းပါနော်။ ကိုယ်မကြိုဆိုတဲ့ ဧည့်သည်လာမယ်ဆိုရင် အိမ်ပေါ်ကို တက်လို့ရတဲ့လှေကားကို ဖြုတ်သိမ်းထားလိုက်ရုံပါပဲ။ shwekhitonlinetv.com
၂၀။ ထူးဆန်းစွာပျောက်ဆုံးနေတဲ့ပြတင်းပေါက်

ပြတင်းပေါက်မဖောက်မိပဲ လိုက်ကာတပ်ထားတဲ့ အိမ်အတွင်းပိုင်းအပြင်ဆင်ကို တွေ့ရမှာပါ။ ဆောက်လုပ်ပေးတဲ့လုပ်သားဟာ စိတ်နဲ့လူနဲ့ မကပ်မိဘူးဆိုတာကို သက်သေပြနေသလိုပါပဲနော်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။