လူရယ်လို့ဖြစ်လာပြီဆိုရင် ဘဝမှာသက်တမ်းစေ့နေထိုင်နိုင်ဖို့ဆိုတာ အစားအစာ၊ ပတ်ဝန်းကျင်အခြေအနေ၊ နေထိုင်မှုစနစ် နဲ့ အခြားမျှော်လင့်မထားတဲ့ ကိစ္စရပ်တွေများစွာပေါ်မှာ မူတည်ပါတယ်။ ဒီနေ့မှာတော့ စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ လူ့ဘဝသက်တမ်းအတိုတောင်းဆုံး ရှင်သန်နေထိုင်ရတဲ့ နိုင်ငံ (၁၀) နိုင်ငံအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com
၁၀။ အီကွေတိုရီယယ်ဂီနီယာ (Equatorial Guinea)

အီကွေတိုရီယယ်ဂီနီယာကတော့ ၁၉၆၈ ခုနှစ်ကမှလွတ်လပ်ရေးရခဲ့တဲ့ အာဖရိကတိုက်အနောက်ပိုင်းက နိုင်ငံငယ်လေးဖြစ်ပါတယ်။ လူဦးရေ (၁.၆) သန်းကျော်နေထိုင်တဲ့ အီကွေတိုရီယယ်ဂီနီယာနိုင်ငံဟာ အခြားအာဖရိကနိုင်ငံအတော်များများထက်စာရင်တော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့် လူနေမှုစနစ်တိုးတက်ဖို့လိုအပ်ချက်တွေရှိနေတာကြောင့် အီကွေတိုရီယယ်ဂီနီယာနိုင်ငံသားတွေဟာ ပျမ်းမျှသက်တမ်း (၅၉.၈၇) နှစ်လောက်ပဲ ဘဝမှာနေကြရလို့ ဒီအဆင့်ရဲ့ နံပါတ် (၁၀) နေရာမှာဖော်ပြခံရတာဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ ဂီနီယာဘစ်ဆော (Guinea Bissau)

အာဖရိကအနောက်ပိုင်းက လူဦးရေ (၂) သန်းဝန်းကျင်နေထိုင်တဲ့ ဂီနီယာဘစ်ဆောနိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့် (၉) မှာရှိပါတယ်။ တစ်ဦးချင်းဝင်ငွေနည်းပါးလွန်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုချို့တဲ့ အခြေအနေတွေကြောင့် ဂီနီယာဘစ်ဆောနိုင်ငံသားတွေဟာ ပျမ်းမျှလူ့သက်တမ်း (၅၉.၃၈) အထိပဲနေကြရပါတယ်။ shwekhitonlinetv.com
၈။ အိုင်ဗရီကို့စ် (Cote d’ivoire)

ပြင်သစ်လက်အောက်ခံဘဝကနေ (၁၉၆၀) ခုနှစ်မှာလွတ်မြောက်ခဲ့တဲ့ အိုင်ဗရီကို့စ်နိုင်ငံကတော့ လက်ရှိအချိန်မှာ လူဦးရေသန်း (၃၀) နီးပါးနေထိုင်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ အိုင်ဗရီကို့စ်နိုင်ငံသားအများစုဟာ ဆင်းရဲ့နွမ်းပါးကြပြီး ပျမ်းမျှအားဖြင့်လူ့သက်တမ်း (၅၈.၇၅) လောက်သာ အသက်ရှည်ကြပါတယ်။ shwekhitonlinetv.com
၇။ တောင်ဆူဒန် (South Sudan)

လူဦးရေ (၁၁.၅) သန်းလောက်နေထိုင်တဲ့ တောင်ဆူဒန်နိုင်ငံဟာ ပြီးခဲ့တဲ့ (၂၀၁၁) ခုနှစ်ကမှ ဆူဒန်နိုင်ငံကနေအလုံးစုံခွဲထွက်ပြီး သီးခြားရပ်တည်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အာဖရိကရဲ့ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး အစာရေစာငတ်မွတ်ခေါင်းပါးမှု၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တွင်းရေးမငြိမ်မသက်မှုတွေကြောင့် နို်င်ငံသားအများစုဟာ လူ့ဘဝမှာသက်တမ်းတိုတောင်းလှစွာနေကြရပါတယ်။ တောင်ဆူဒန်နိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ (၅၈.၇၄) နှစ်ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ဆိုမာလီယာ (Somalia)

အာဖရိကအရှေ့ပိုင်းရဲ့ ကမ်းရိုးတန်းဒေသက ဆိုမာလီယာနိုင်ငံကတော့ ပင်လယ်ဓားပြတွေကြောင့် နာမည်ကျော်ကြားတဲ့ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ လူနေမှုအဆင့်အတန်းနိမ့်ပါးသလို စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ ဆိုမာလီယာနိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းက (၅၈.၃၄) နှစ်ပါ။ shwekhitonlinetv.com
၅။ ဆီးရီးယားလီယွန် (Sierra Leone)

အာဖရိကအနောက်ဘက်ခြမ်းက ဆီးရီးယားလီယွန်နိုင်ငံကလည်း အချက်အချာကျတဲ့နေရာမှာတည်ရှိပြီး စီးပွားရေး နဲ့ လူနေမှုအဆင့် တစ်ဖြည်းဖြည်းမြင့်မားလာနေတဲ့ နိုင်ငံတစ်ခုပါ။ ဒါကြောင့် သူတို့နိုင်ငံသားတွေရဲ့ပျမ်းမျှလူ့သက်တမ်းကလည်း ယခင်ကထက်ပိုမိုရှည်ကြာလာတာကိုတွေ့ရပါတယ်။ လူဦးရေ (၈) သန်းကျော်နေထိုင်တဲ့ ဆီးရီးယားလီယွန်နိုင်ငံရဲ့ ပျမ်းမျှလူ့သက်တမ်းက (၅၆.၇၄) နှစ်ဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ နိုက်ဂျီးရီးယား (Nigeria)

စစ်တမ်းတွေအရတော့ အာဖရိကရဲ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နိုက်ဂျီးရီးယားနိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့် (၄) နေရာမှာရှိနေတာကို အံ့အားသင့်ဖွယ်တေ့ွရှိရပါတယ်။ လူဦးရေ (၂၂၅) သန်းကျော်နေထိုင်ပြီး စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပေမယ့် နိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းကတော့ တိုးတောင်းလှပါတယ်။ shwekhitonlinetv.com
၃။ လီဆိုသို (Lesotho)

အာဖရိကတိုက် တောင်ဘက်ပိုင်းက လီဆိုသိုနိုင်ငံလေးကတော့ လူဦးရေ (၂) သန်းဝန်းကျင်သာနေထိုင်တဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု အားနည်းတဲ့ လီဆိုသိုနိုင်ငံမှာတော့ နိုင်ငံသားတွေဟာ လူ့ဘဝသက်တမ်း ပျမ်းမျှ (၅၈.၉၀) လောက်အထိပဲနေထိုင်ကြရပါတယ်။ shwekhitonlinetv.com
၂။ ချာ့ဒ် (Chad)

အဆင့် (၂) နေရာမှာကတော့ အာဖရိကတိုက်ကပဲဖြစ်တဲ့ ချာ့ဒ် နိုင်ငံကရပ်တည်နေပါတယ်။ လူဦးရေ (၁၇) သန်းကျော်နေထိုင်ကြတဲ့ ချာ့ဒ် ပြည်သူပြည်သားတွေရဲ့ လူ့ဘဝပျမ်းမျှသက်တမ်းကတော့ (၅၅.၁၇) နှစ်ဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ဗဟိုအာဖရိကသမ္မတနိုင်ငံ (Central African Republic)

ဒီစာရင်းရဲ့ အဆင့် (၁) မှာတော့ လူဦးရေ (၅) သန်းကျော်နေထိုင်တဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံက ရပ်တည်နေပါတယ်။ ဗဟိုအာဖရိကနိုင်ငံမှာ နေထိုင်တဲ့ပြည်သူတွေရဲ့ ပျမ်းမျှသက်တမ်းက (၅၄.၃၆) နှစ်ဖြစ်ပါတယ်။ ဗဟိုအာဖရိကဟာ နိုင်ငံရဲ့ ဧရိယာကကျယ်ဝန်းပေမယ့် ပြည်တွင်းမငြိမ်မသက်မှု ဆင်းရဲနွမ်းပါးမှုတွေကြောင့် လူဦးရေ သိပ်သည်းမှုနည်းပါးလွန်းတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။