သင်္ချိုင်းဆိုတာဟာ လူတို့ရဲ့ နောက်ဆုံးနားခိုရာနေရာများဖြစ်ပြီး တနည်းအားဖြင့်ဆိုရရင် မနှစ်မြို့စရာနေရာများအဖြစ် အားလုံးကသတ်မှတ်ထားကြပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာတလွှားမှာရှိတဲ့ တချို့နိုင်ငံတွေမှာတော့ မနှစ်မြို့စရာအဖြစ် လူတို့သတ်မှတ်ထားတဲ့ နေရာတွေကို အလှပဆုံးနေရာများအဖြစ် ပြုပြင်ဖန်တီးခဲ့ကြပါတယ်။ အဲ့ဒီလို လှပလွန်းတဲ့ ကမ္ဘာတလွှားက ဂူသင်္ချိုင်းတွေအကြောင်းကို ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ ROME, ITALY

၁၈ ရာစုနှစ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီးက Roman-era ပိရမစ်ကြီးရဲ့ဘေးကွင်းပြင်မှာ သင်္ချိုင်းတခုကို တည်ဆောက်စေခဲ့ပါတယ်။ အဆိုပါသင်္ချိုင်းဟာ ကက်သလစ်ဘာသာဝင်မဟုတ်တဲ့ နိုင်ငံခြားသားတွေကို မြှုပ်နှံသဂြိုလ်ဖို့အတွက် ဖြစ်ပါတယ်။ လူငယ်ကဗျာဆရာနှစ်ဦးဖြစ်တဲ့ John Keats နဲ့ Percy Shelley တို့နှစ်ဦးကိုလည်း ၄င်းသင်္ချိုင်းမှာပဲ မြှုပ်နှံထားခဲ့တယ်လို့ ဆိုပါတယ်။ IL CIMITERO ACATTOLICO DI ROMA လို့ခေါ်တဲ့ လှပလွန်းတဲ့ ဂူသင်္ချိုင်းကို အီတလီနိုင်ငံ ရောမမြို့မှာ တွေ့ရနိုင်ပါတယ်။ shwekhitonlinetv.com
၂။ ZAGREB, CROATIA

ဒီသင်္ချိုင်းကတော့ မက်ဗက်နီကာ (Medvednica) တောင်ခြေမှာတည်ရှိပြီး ၁၉ ရာစုနှစ်က ဘာသာဗေဒပညာရှင် Ljudevit Gaj ရဲ့အိမ်ခြံဝင်းအတွင်းမှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ သြစတြီးယား ဗိသုကာပညာရှင် Hermann Bollé ရဲ့ အမိုးခုံးအနုစိတ်လက်ရာများဖြစ်ပြီး ယနေ့ခေတ်မှာတော့ အမှတ်ရစရာရုပ်ထုတွေနဲ့ ပြည့်နှက်လို့နေပြီဖြစ်ပါတယ်။ MIROGOJ Cemetry လို့ခေါ်ဆိုပြီး ခရိုအေးရှားနိုင်ငံရဲ့ အထိမ်းအမှတ်အဆောက်အဦလို့ဆိုလည်း မမှားပါဘူး။ shwekhitonlinetv.com
၃။ STOCKHOLM, SWEDEN

ဆွီဒီနိုင်ငံရဲ့ SKOGSKYRKOGÅRDEN လို့ခေါ်ဝေါ်တဲ့ ဂူသင်္ချိုင်းကတော့ ဆွီဒီလူမျိုး နာမည်ကြီး ဗိသုကာပညာရှင်နှစ်ဦးဖြစ်တဲ့ Gunnar Asplund နဲ့ Sigurd Lewerentz တို့က တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ မူလပထမက ကျောက်မိုင်းတွင်းဖြစ်ခဲ့တဲ့ အဆိုပါနေရာကို လှပတဲ့ဂူသင်္ချိုင်းအဖြစ် ဖန်တီးပြုလုပ်ခဲ့ပြီး အထိမ်းအမှတ်အုတ်ဂူတွေကိုတော့ မြက်ခင်းပြင်ရဲ့အောက်မှာ မြှုပ်နှံပြီး လှပအောင်တည်ဆောက်ခဲ့ကြပါတယ်။ shwekhitonlinetv.com
၄။ ISLE OF IONA, SCOTLAND

ကျွန်းပေါ်မှာ တည်ဆောက်ထားတဲ့ ဒီဂူသင်္ချိုင်းကိုတော့ စကော့တလန်နိုင်ငံရဲ့ Westminster Abbey လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီဂူသင်္ချိုင်းမှာတော့ စကော့တလန်လူမျိုးများ ၊ အိုင်းရစ်လူမျိုးများ နဲ့ နော်ဝေလူမျိုးတွေကိုပါ မြှုပ်နှံသင်္ဂြိုလ်ကြပါတယ်။ shwekhitonlinetv.com
၅။ PARIS, FRANCE

ပြင်သစ်နိုင်ငံရဲ့ ပဲရစ်မြို့ဟာ ဆွဲဆောင်မှုရှိလွန်းလှတဲ့ ဖက်ရှင်တွေ ခမ်းနားလွန်းတဲ့ အထိမ်းအမှတ်အဆောက်အဦတွေသာမက လှပလွန်းတဲ့ ဂူသင်္ချိုင်းတည်ရှိရာမြို့လည်း ဖြစ်ပါတယ်။ အဆိုပါဂူသင်္ချိုင်းကိုတော့ Père Lachaise လို့ခေါ်ဝေါ်ပြီး ၁၈၀၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ယနေ့ခေတ်မှာတော့ လာရောက်လည်ပတ်သူများနဲ့ စည်ကားနေတဲ့ အထိမ်းအမှတ်နေရာတခုအဖြစ် ရှိလို့နေပါတယ်။ shwekhitonlinetv.com
၆။ LONDON, ENGLAND

Highgate လို့ခေါ်တဲ့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ ဥယျာဥ်ဂူသင်္ချိုင်းကတော့ လန်ဒန်မြို့မှာနေသူတွေအတွက် စိတ်အပန်းဖြေစရာနေရာတခုအဖြစ် ရည်ရွယ်ပြီးဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ လန်ဒန်မြို့ကြီးမှာနေထိုင်တဲ့အခါ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုနဲ့ မြို့ပြရဲ့ဆူညံမှုတွေကို အဆိုပါဥယျာဥ်သင်္ချိုင်းထဲမှာအပန်းဖြေရင်း ရှောင်ရှားနိုင်စေဖို့ ဖြစ်ပါတယ်။ ၂၀ရာစု အလယ်မှာတော့ ထိုသင်္ချိုင်းကို စောင့်ရှောက်မယ့်သူမရှိခဲ့တဲ့အတွက် ပေါင်းပင်များနဲ့ တောရိုင်းသတ္တဝါတွေ ကျက်စားရာနေရာ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ နာမည်ကြီးအထင်ကရ လူများကို မြှုပ်နှံသင်္ဂြိုလ်ရာ နေရာတခုဖြစ်လာတဲ့ အခမ်းနားဆုံး သင်္ချိုင်းတခုပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ WARSAW, POLAND

ပိုလန်နိုင်ငံ Powązki သင်္ချိုင်းမှာ လူသန်းပေါင်းများစွာ မြှုပ်နှံသင်္ဂြိုလ်ခံခဲ့ရပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ သင်္ချိုင်းနဲ့ပက်သက်ပြီး မှတ်တမ်းမှတ်ရာများစွာ ပျောက်ဆုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပိုလန်အနုပညာနဲ့ ယဥ်ကျေးမှုမှာ နာမည်ကြီးတဲ့သူတွေရဲ့ နာမည်တွေကတော့ ကျန်ရစ်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်ကတည်းကစတင်ပြီး နာမည်ကြီးကျော်ကြားသူများဟာ ထိုသင်္ချိုင်းကို ထိန်းသိမ်းဖို့အတွက် ငွေအင်အားထောက်ပံ့လေ့ရှိပါတယ်။ shwekhitonlinetv.com
၈။ KOYASAN, JAPAN

Okunoin သင်္ချိုင်းကတော့ ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံးသော သင်္ချိုင်းတခုပဲဖြစ်ပါတယ်။ အုတ်ဂူပေါင်း ၂၀၀,၀၀၀ နဲ့အထက်ကို တွေ့ရှိနိုင်ပြီး ထိုအုတ်ဂူတွေကို ရိုးရာဗုဒ္ဓဘုရားကျောင်းပုံစံတွေကစပြီး အကြီးမားဆုံးသော ဒုံးပျံသင်္ဘောပုံစံများအထိ ထွင်းထုထားကြပါတယ်။ Okunoin သင်္ချိုင်းရဲ့ သက်တမ်းကတော့ အနည်းဆုံး အေဒီ ၈၁၆ ကတည်းက ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပြီး ရှေးဟောင်းရွာလေးဖြစ်တဲ့ Koyasan မှာတည်ရှိပါတယ်။ shwekhitonlinetv.com
၉။ KOLKATA, INDIA

၁၇၆၇ ခုနှစ်က ဗြိတိန်တွေဆောက်လုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံက South Park Street လို့ခေါ်တဲ့ခရစ်ယာန်သင်္ချိုင်းတခုဖြစ်ပါတယ်။ ရာစုနှစ်တခုကျော်တဲ့အထိ South Park Street သင်္ချိုင်းဟာ အာရှနိုင်ငံရဲ့ တခုတည်းသော အကြီးမားဆုံး ခရစ်ယာန်သင်္ချိုင်းအဖြစ် တည်ရှိခဲ့ပါတယ်။ shwekhitonlinetv.com
၁၀။ PRAGUE, CZECH REPUBLIC

၁၅ရာစုအစောပိုင်းကာလများမှာတော့ ၂.၅ဧက ကျယ်ဝန်းတဲ့ STARÝ ŽIDOVSKÝ HŘBITOV သင်္ချိုင်းဟာ ဂျူးလူမျိုးတွေသာ သင်္ဂြိုလ်လို့ရတဲ့သင်္ချိုင်းအဖြစ် ၃ ရာစုအကြာထိ တည်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နာဇီတွေလက်အောက် ရောက်ရှိချိန်မှာတော့ ဥရောပတခွင်မှာရှိတဲ့ ဂျူးသင်္ချိုင်းတွေဟာ ဖျက်ဆီးခံခဲ့ရပါတယ်။ ထို့ကြောင့် STARÝ ŽIDOVSKÝ HŘBITOV သင်္ချိုင်းမှာ လူပေါင်း ၁၀၀’၀၀၀ နီးပါးမြှုပ်နှံသင်္ဂြိုလ်ခဲ့ပေမယ့် ယနေ့ခေတ်မှာတော့ အုတ်ဂူပေါင်း ၁၂,၀၀၀ ကိုသာတွေ့ရပါတော့တယ်။ shwekhitonlinetv.com
၁၁။ BUENOS AIRES, ARGENTINA

အာဂျန်တီးနားနိုင်ငံမှာရှိတဲ့ Recoleta သင်္ချိုင်းပဲ ဖြစ်ပါတယ်။ Recoleta သင်္ချိုင်းကတော့ ချမ်းသာတဲ့ အာဂျန်တီးနားလူမျိုးတွေ မြှုပ်နှံသင်္ဂြိုလ်ရာနေရာဖြစ်ပြီး ဥရောပသင်္ချိုင်းပုံစံတုပထားတဲ့ ကျောက်ဆစ်ပန်းပုလက်ရာများနဲ့ ပြည့်နှက်နေပါတယ်။ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦးဖြစ်တဲ့ Eva Peron ရဲ့ မြှုပ်နှံသင်္ဂြိုလ်ရာ နေရာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁၂။ GENOA, ITALY

ဧကပေါင်း၂၅၀ ကျယ်ဝန်းတဲ့ Staglieno သင်္ချိုင်းကိုတော့ open-air ပြတိုက်တခုအဖြစ်လည်း အားလုံးက သတ်မှတ်ထားကြပါတယ်။ အဆိုပါပြတိုက်မှာတော့ ကျောက်ဆစ်ရုပ်ထုများ ပန်းပုလက်ရာများနဲ့ ပြည့်နှက်လို့နေပါတယ်။ မကွယ်လွန်ခင်မှာ မိမိရဲ့ အုတ်ဂူပေါ်မှာ ပြုလုပ်ချင်တဲ့ ရုပ်ထုတွေကို ကြိုတင်ထုလုပ်နိုင်ဖို့အတွက် မှာယူနိုင်တယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။