တခါတလေမှာ ကျွန်တော်တို့တွေဟာ ဆိုရှယ်မီဒီယာပေါ်က ဓာတ်ပုံတွေကိုကြည့်ရှူရင်း ဓာတ်ပုံတွေဟာ အဆင်ပြေချောမွေ့လွန်းလှတယ်လို့ ထင်မိတတ်ကြပါတယ်။ ဒါပေမယ့်တကယ်တမ်းမှာတော့ ကောင်းမွန်ပြောင်မြောက်လွန်းတဲ့ ဓာတ်ပုံတွေရဲ့ နောက်ကွယ်မှာလည်း လူတွေမသိနိုင်တဲ့ အကြိမ်ကြိမ်အခါခါ မှားယွင်းတဲ့အဖြစ်အပျက်များစွာရှိလို့နေပါတယ်။ တကယ်တမ်းမှာတော့ လက်တွေ့ဘဝနဲ့ ဆိုရှယ်မီဒီယာပေါ်က ဘဝတွေဟာ ကွာခြားလွန်းလှပါတယ်။ ဒီလိုမျိုး ကောင်းမွန်လှတဲ့ ဓာတ်ပုံတွေကို ရရှိနိုင်ဖို့အတွက် နောက်ကွယ်မှာ အမှားယွင်းများစွာနဲ့ အကြိမ်ကြိမ်ကြိုးစားခဲ့ရတဲ့ပုံတွေကို Influencer တယောက်က အခုလိုပဲ ဖော်ပြခဲ့ပါတယ်။ shwekhitonlinetv.com
၁။ ရေကူးကန်မှာဘောကွင်းနဲ့ဇိမ်ကျနိုင်ဖို့

ရေကူးကန်ထဲက ဘောကွင်းထဲမှာ အထာကျကျနဲ့ ပို့စ်ပေးနိုင်ဖို့ဆိုတာ မလွယ်ကူတဲ့အရာပါ။ Influencer များနဲ့ ဆယ်လီများရဲ့ နောက်ကွယ်က ဘောကွင်းနဲ့ပို့စ်တွေမှာလည်း ဒီလိုအဖြစ်အပျက်မျိုးတွေ အများကြီးရှိကြမှာပါ။ shwekhitonlinetv.com
၂။ ဟောလိုးဝင်းဝတ်စုံ

သရဲကြီးများနေ့ဖြစ်တဲ့ ဟောလိုးဝင်းပါတီအတွက် ပြင်ဆင်ပြီးဓာတ်ပုံရိုက်ကူးပြီးနောက် တွေ့ရတဲ့မြင်ကွင်းပဲ ဖြစ်ပါတယ်။နောက်ကွယ်မှာ တယောက်တည်း ပါတီပွဲကျင်းပရတာပေါ့နော်။ shwekhitonlinetv.com
၃။ အိပ်ယာထအလှ

ဘယ်ဘက်ကပုံကတော့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ အိပ်ယာထအလှတရားပုံ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်ကတော့ ညာဘက်က ပုံစံပါနော်။ shwekhitonlinetv.com
၄။ ဘောလုံးနဲ့ပို့စ်ပေးခြင်း

ဘယ်ဘက်က ပုံလေးရနိုင်ဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ရမယ်လို့ ထင်ပါတယ်။ ကံမကောင်းရင် ညာဘက်ကပုံအတိုင်း ဘောလုံးမှန်ဖို့ ၁၀၀ ရာခိုင်နှုန်းသေချာနေပါတယ်။ shwekhitonlinetv.com
၅။ ပုခက်ပေါ်ကဓာတ်ပုံ

ဒီလိုပုခက်နဲ့ ဓာတ်ပုံရိုက်ဖို့ဆိုရင်တော့ တော်တော်လေးကြိုးစားရမယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ပုံလှလှလေးမရခင်မှာ ညာဘက်ကပုံလိုမျိုး ပြုတ်ကျဖို့ သေချာနေလို့ပါပဲနော်။ shwekhitonlinetv.com
၆။ နွေရာသီကို ကျော်ဖြတ်ခြင်း

ရေလွှာလျှောစီးတွေပေါ်မှာ ကြွကြွရွရွလေး ပို့စ်ပေးနေကြတဲ့ ကောင်မလေးတွေရဲ့ နောက်ကွယ်က အမှန်တရားပဲဖြစ်ပါတယ်။ ကိုယ်အဆင်ပြေနေတဲ့အချိန်လေး အမြန်ဆုံးဓာတ်ပုံရိုက်လိုက်နိုင်ဖို့အတွက် ဓာတ်ပုံဆရာကောင်းကောင်းတော့ လိုပါမယ်နော်။ shwekhitonlinetv.com
၇။ ကြော်ညာနဲ့လက်တွေ့ ကွာခြားချက်

မိန်းကလေးတွေ အလှပြင်တဲ့အခါ ကြော်ညာတွေနဲ့ ဘလော်ဂါတွေ အလှပြင်ပြသလို လှလှပပလေး ဖြစ်လိမ့်မယ်လို့ အားလုံးကထင်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ လှပနေတဲ့ မျက်နှာလေးဖြစ်ပေါ်လာဖို့အတွက် ညာဘက်ကလို ပါးစပ်အဟောင်းသား မျက်လုံးအမှေးသားဖြစ်နေတာကိုတော့ ဘယ်သူမှမသိကြပါဘူး။ shwekhitonlinetv.com
၈။ နှောင့်ယှက်ခံရခြင်း

တကယ်လို့ ဓာတ်ပုံကောင်းကောင်းလေး လိုချင်တယ်ဆိုရင်တော့ ဘေးနားမှာ အကောင်လေးတွေမရှိနေဖို့ သတိပြုသင့်ပါတယ်နော်။ တခါတလေ တိရစ္ဆာန်လေးတွေနဲ့ ဓာတ်ပုံရိုက်ရတာဟာ ချစ်စရာကောင်းတယ် ထင်ရတတ်ပေမယ့် ကံမကောင်းရင်တော့ ညာဘက်ကပုံထဲကလို မျောက်တကောင်နဲ့ တိုင်ပတ်နေနိုင်ပါတယ်။ shwekhitonlinetv.com
၉။ ရေကူးကန်ထဲမှာ ပို့စ်ပေးတဲ့အခါ

ရေကူးကန်ထဲမှာ ပို့စ်ပေးတဲ့အခါ အရေးကြီးဆုံးကတော့ ဖြေးဖြေးချင်းရေထဲဆင်းပြီး ရေကန်ထဲရောက်မှ ပို့စ်ပေးတာ အကောင်းဆုံးပါပဲနော်။ တကယ်လို့ ရေကန်ထဲခုန်ချတဲ့ ပုံကို ရိုက်ကူးမိခဲ့တယ်ဆိုရင်တော့ ညာဘက်ကလို အဆင်မပြေတဲ့ပုံပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ သူငယ်ချင်းနဲ့ဓာတ်ပုံ

ဘယ်ဘက်ကပုံကတော့ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ သူငယ်ချင်းနဲ့ အတူရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း သူငယ်ချင်းနဲ့ တွေ့တဲ့အခါမှာတော့ ညာဘက်ကပုံအတိုင်း တွေ့မြင်ရမှာပါ။ shwekhitonlinetv.com
၁၁။ နှင်းကျချိန်မြင်ကွင်း

နှင်းတောထဲမှာ ရိုက်ကူးထားတဲ့ ပုံလှလှလေးနောက်ကွယ်က အမှန်တရားပဲဖြစ်ပါတယ်။ နှင်းတောထဲ အကြိမ်ကြိမ်ချော်လဲပြီး နှင်းစိုခံပြီးမှာ ရလာတဲ့ အလှတရားတွေကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com
၁၂။ ကောင်လေးရှိသယောင်ဟန်ဆောင်ခြင်း

ကောင်လေးမရှိလည်း အခုလိုဓာတ်ပုံရိုက်တဲ့ အရည်အချင်းကို အသုံးချပြီး ဆိုရှယ်မီဒီယာပေါ်ကလူတွေကို လှည့်စားနိုင်ပါတယ်နော်။ ဒါပေမယ့်လည်း ဓာတ်ပုံရိုက်တတ်ဖို့တော့ အရေးကြီးပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။