မက္ကဆီကိုနိုင်ငံ၊ Tulum မှာရှိတဲ့ တောနက်ထဲမှာတော့ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ အငွေ့အသက်တွေကို ခံစားရအောင်ဖန်တီးတည်ဆောက်ထားတဲ့ Azulik Eco Resort ဆိုတဲ့ ကမ်းခြေအပန်းဖြေစခန်းတစ်ခုရှိပါတယ်။ shwekhitonlinetv.com

ရှေးမာယာလူမျိုးစုတွေရဲ့ နေထိုင်ပုံအတိုင်းအနီးကပ်ဆုံး ခံစားရအောင်လို့ ဖန်တီးထားတာကြောင့် ဒီ ဟိုတယ်မှာလာရောက်တည်းခိုသူတွေအနေနဲ့ လျှပ်စစ်မီးချောင်းတွေ၊ တီဗွီတွေ၊ အဲကွန်းတွေကိုတော့ မြင်တွေ့ရမှာမဟုတ်ပါဘူး။ shwekhitonlinetv.com


ဒီဟိုတယ်မှာတော့ မာယာလူမျိုးစုတွေရဲ့ လက်ရာတွေထည့်သွင်းတည်ဆောက်ထားတဲ့ ဘန်ဂလိုပုံစံအိမ် (၄၈) လုံးရှိနေပြီး ဝန်ထမ်းတွေကအစ မာယာလူမျိုးစုတွေရဲ့ ဘဝနေထိုင်မှုပုံစံအတိုင်း သဘာဝကျကျခံစားနိုင်အောင်လို့ ဝတ်စားဆင်ယင်ပြုမူပြီး ဝန်ဆောင်မှုပေးကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com


Azulik Eco Resort မှာတည်းခိုမယ်ဆိုရင်တော့ မတူညီတဲ့နည်းစနစ်တွေနဲ့ဖန်တီးပေးထားတဲ့ ရေနွေးငွေ့နဲ့ရေချိုးတာမျိုးအပြင် ဘိုးဘွားစဉ်ဆက်အပန်းဖြေကုထုံးတွေကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး မက္ကဆီကန်ရိုးရာအစားအစာတွေကို မှာယူစားသောက်နိုင်သလို၊ ရိုးရာလက်တင်အမေရိကအဝတ်အထည်များတွေကိုလည်း အမှတ်တရအဖြစ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com


အထူးခြားဆုံးနဲ့ ကမ္ဘာလှည့်ခရီးသွားတွေစိတ်အဝင်စားဆုံးကတော့ အဆင့်လေးဆင့်နဲ့ Zumpulche လို့ခေါ်တဲ့ ရေနွေးငွေ့ရေချိုးခြင်းပဲဖြစ်ပါတယ်။ အဆင့်တစ်ဆင့်ခြင်းစီမှာမတူညီတဲ့ ရိုးရာကုထုံးတွေပါဝင်ပြီး စိတ်ပင်ပန်းနွမ်းနွယ်သမျှကို လုံးဝပြေပျောက်သွားစေနိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။