ဒီကနေ့ အနုပညာနယ်ပယ်မှာအောင်မြင်ကျော်ကြားလှတဲ့ ဒါရိုက်တာများစွာရှိပါတယ်။ ဒီအထဲကမှ အအောင်မြင်အကျော်ကြားဆုံးနဲ့ ဖန်တီးသမျှရုပ်ရှင်တိုင်းကလည်းပေါက်ခဲ့တဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာ (၅) ဦးအကြောင်းကို ဖော်ပြလိုပေးချင်ပါတယ်။ shwekhitonlinetv.com
၁။ Christopher Nolan

အသက် (၅၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Christopher Nolan ကတော့ ဗြိတိန်နွယ်ဖွား အမေရိကန် ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဇာတ်ညွှန်းရေးဆရာတစ်ဦးဖြစ်ပါတယ်။ Christopher Nolan လို့ဆိုလိုက်ရင် ရုပ်ရှင်လောကမှာ မသိသူမရှိလောက်အောင် အောင်မြင်ကျော်ကြားလှတဲ့သူလည်းဖြစ်ပြီး ငယ်စဉ်ကတည်းက ရုပ်ရှင်ရိုက်ကူးရေးကို စိတ်ဝင်စားခဲ့တဲ့သူဖြစ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ အော်စကာဆုအတွက် (၃၆) ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး အဲ့ဒီအနက် အော်စကာဆု (၁၁) ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူရဲ့ဇာတ်ကားတွေကနေရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းကလည်း အမေရိကန်ဒေါ်လာ (၅) ဘီလီယံကျော်ရှိပါတယ်။ shwekhitonlinetv.com
၂။ Denis Villeneuve

Denis Villeneuve ကတော့ ကနေဒါလူမျိုးရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၂၀၀၁ ခုနှစ်မှာ Malestrom ၊ ၂၀၀၉ ခုနှစ်မှာ Polytechnique ၊ ၂၀၁၀ မှာ Incendies ၊ ၂၀၁၃ မှာ Enemy ဇာတ်ကားတွေနဲ့ Canadian Screen Award ဆုကို လေးကြိမ်တိုင်တိုင်ရရှိထားသူပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Bong Joon-ho

တောင်ကိုရီးယားဒါရိုက်တာ Bong Joon-ho ကတော့ ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဇာတ်ညွှန်းရေးဆရာအဖြစ်လည်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရှင်အများစုဟာ လူမှုရေးဇာတ်လမ်းတွေနဲ့ ဟာသဇာတ်လမ်းတွေဖြစ်ပြီး အပြင်က လက်တွေ့လူနေမှုဘဝတွေကို ထင်ဟပ်မြင်သာစေတဲ့ ဇာတ်လမ်းတွေဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဓိကအကယ်ဒမီဆု (၃) ခု နဲ့ အခြားရုပ်ရှင်ဆိုင်ရာဆုများစွာကိုလက်ခံရရှိထားသူဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Hayao Miyazaki

အသက် (၈၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Hayao Miyazaki ကတော့ ဂျပန်လူမျိုး ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဇာတ်ညွှန်းရေးဆရာနဲ့ မန်ဂါအနုပညာရှင်ဖြစ်ပါတယ်။ ဂျပန် Anime ဇာတ်လမ်းတွေရဲ့ ရှေ့ဆောင်လမ်းပြတွေထဲက တစ်ဦးလို့လည်းဆိုနိုင်ပြီး Studio Ghibil ရဲ့ ပူးတွဲတည်ထောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ Anime ရုပ်ရှင်လောကရဲ့ ဆရာတစ်ဆူအဖြစ် နိုင်ငံတကာက ကျယ်ပြန့်စွာသတ်မှတ်ထားခြင်းကို ခံရသူဖြစ်ပြီး အအောင်မြင်ဆုံးရိုက်ကူးထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Martin Scorsese

Martin Scorsese ကတော့အသက် (၈၀) အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန် ရုပ်ရှင်ဖန်တီးထုတ်လုပ်သူ နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူ့ဘဝတစ်လျှောက်မှာတော့ အော်စကာဆုတစ်ဆု၊ Primetime Emmy ဆုသုံးဆု၊ ဂရမ်မီဆု၊ British Academy Film Awards လေးဆု၊ Golden Globe ဆုသုံးဆုနှင့် Directors Guild of America ဆု နှစ်ခုအပါအဝင် ဆုပေါင်းများစွာကို လက်ခံရရှိထားသူဖြစ်ပါတယ်။ အသက် (၈၀) အရွယ်ရှိပြီဖြစ်ပေမယ့်လည်း အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ်ထဲမှာ နာမည်ကျော်မင်းသား လီယိုနာဒိုဒီကာပရီယို ပါဝင်သရုပ်ဆောင်ထားတဲ့ Killer of the Flower Moon ဆိုတဲ့ ဇာတ်ကားကို အပြီးသတ်ရိုက်ကူးပြီးရုံတင်သွားဖို့ကြိုးပမ်းလျှက်ရှိပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။