ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကမ္ဘာကျော်ပီဇာကုမ္ပဏီတစ်ခုဖြစ်တဲ့ Pizza Hut နဲ့ Youtube မှာ Subscribers (၁၁) သန်းကျော် ရှိတဲ့ နာမည်ကျော် Youtuber Airrack တို့ပူးပေါင်းပြီး ဂင်းနစ်စံချိန်မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ကြပါတယ်။ shwekhitonlinetv.com

အဲ့ဒီစံချိန်ကတော့ စုစုပေါင်း စတုရန်းပေ (၁၃,၉၉၀) ရှိတဲ့ ဧရာမပီဇာကြီးတစ်ခုကို အောင်မြင်စွာနဲ့ ဖန်တီးပြုလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပီဇာကြီးဖန်တီးခဲ့ပုံကို Airrack ရဲ့ Youtube Channel မှာလည်းတင်ဆက်ခဲ့ပြီး (၂၄) နာရီအတွင်း ကြည့်ရှုသူ (၅) သန်းနီးပါးရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒီ ဧရာမပီဇာကြီးမှာတော့ ဂျုံ (၁၃၆၅၃) ပေါင်၊ ချိုမြိန်တဲ့ မာရီနာရာဆော့စ် (၄၉၄၈) ပေါင်၊ ဒိန်ခဲ (၈၈၀၀) ပေါင်၊ ပါပရောနိစ်ခွက်ပေါင်း (၆၃၀၄၉၆) နဲ့ အခြားပီဇာပြုလုပ်ရာမှာအသုံးပြုတဲ့ အမွှေးအကြိုင်ပစ္စည်းအမယ်ပေါင်း များစွာပါဝင်ခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီ ပီဇာကြီးဟာ ၂၀၁၂ ခုနှစ်တုန်းက အီတလီနိုင်ငံရောမမြို့မှာ စံချိန်တင်ခဲ့တဲ့ စတုရန်းပေပေါင်း (၁၃,၅၈၀.၂၈) ကြီးမားတဲ့ ဧရာမပီဇာကြီးရဲ့ စံချိန်ကိုကျော်ဖြတ်ပြီး ကမ္ဘာ့အကြီးဆုံးပီဇာကြီးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ ပီဇာကြီးကိုပြုလုပ်တဲ့ ဗီဒီယိုဖိုင်မတင်ခင်က Airrack ရဲ့ Youtube Channel ဟာ Subscriber (၁၀) သန်းမပြည့်ခဲ့ဘဲ လက်ရှိအချိန်မှာတော့ သူ့ရဲ့ Youtube Channel ဟာ Subscribers ပေါင်း (၁၁.၈) သန်းအထိ ရှိသွားပြီဖြစ်ပါတယ်။ shwekhitonlinetv.com

Airrack ဟာ ဒီ စံချိန်အတွက်ရရှိမယ့် ငွေကြေးတွေနဲ့ ဒီပီဇာကြီးကို လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။