တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးမှာတော့ အလှအပအတွက် ခွဲစိတ်ပြုပြင်မှုများနဲ့ ခန္ဓာကိုယ်အတွင်း ဆေးထိုး ဆေးသွင်းမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာကြပါတယ်။ လှပလွန်းတဲ့ရုပ်ရည်များကို ခွဲစိတ်ပြီးနောက်ပိုင်း ရရှိနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခွဲစိတ်ပြုပြင်ခြင်းနဲ့ ဆေးထိုးဆေးသွင်းခြင်းများရဲ့ ဘေးထွက်ဆိုးကျိုးများကို ခံစားလာခဲ့ရပါတယ်။ ဒီလိုပြုပြင်ခြင်းများကြောင့် မူလရုပ်ရည်ပျောက်ဆုံးပြီး မလှမပဖြစ်ခဲ့ရတဲ့ အနုပညာရှင်များအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ Kim Novak

၁၉၅၄ ခုနှစ်မှာ အနုပညာလောကထဲကို ရောက်ရှိခဲ့တဲ့ မင်းသမီးကြီး Kim Novak ကိုတွေ့ရမှာပါ။ တခေတ်တခါက ကျော်ကြားခဲ့တဲ့ မင်းသမီးကြီးတဦးဖြစ်ပြီး လက်ရှိမှာတော့ အနုပညာလုပ်ငန်းများကနေ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Janice Dickinson

လက်ရှိမှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်မော်ဒယ်လ်တဦးဖြစ်ပါတယ်။ ဇရာကိုလွန်ဆန်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သူမရဲ့နည်းလမ်းတွေက အထောက်အကူမဖြစ်ခဲ့တာကို တွေ့ရမှာပါ။ shwekhitonlinetv.com
၃။ Melanie Griffith

Lolita ရုပ်ရှင်ဇာတ်ကားမှာ Charlotte Haze နေရာကနေ သရုပ်ဆောင်ခဲ့သူ အမေရိကန်ဝါရင့်မင်းသမီးကြီးတဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက် ၆၅ နှစ်ရှိပြီဖြစ်ပြီး သားသမီး ၃ ဦးရဲ့မိခင်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Lil’ Kim

Lil’ Kim လို့လူသိများပြီး သူမရဲ့နာမည်အရင်းကတော့ Kimberly Denise Jones ဖြစ်ပြီး အမေရိကန်ရက်ပ်ပါတဦးဖြစ်ပါတယ်။ ငယ်ရွယ်တဲ့အရွယ်တခုပဲ ရှိနေသေးပေမယ့် သူမရဲ့မျက်နှာအလှကို ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ပြီးနောက် မူလရုပ်နဲ့ကွဲပြားသွားတဲ့ပုံကို တွေ့ရမှာပါ။ shwekhitonlinetv.com
၅။ Lara Flynn Boyle

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးကြီး Lara Flynn Boyle ပဲဖြစ်ပါတယ်။ နာမည်ကြီးရုပ်ရှင်ဇာတ်ကား ” Man In Black 2 ” မှာ Serleena နေရာကနေ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ လှပလွန်းတဲ့မူလသွင်ပြင်ကနေ အလွန်အကျွံပြုပြင်ခြင်းရဲ့ အကျိုးဆက်အဖြစ် နဖူးကြောနဲ့ မေးကြောများ အဆင်မပြေဖြစ်နေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com
၆။ Priscilla Presley

အမေရိကန်သရုပ်ဆောင်မင်းသမီးဖြစ်သလို စီးပွားရေးသမားတဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Priscilla Presley ဟာ ကမ္ဘာကျော်အဆိုတော်ကြီး Elvis Presley ရဲ့ ပထမဆုံးဇနီးလည်း ဖြစ်ပါတယ်။ ယခုချိန်မှာတော့ မင်းသမီးကြီးဟာ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး ဇရာကိုအံတုဖို့ ကြိုးစားနေဆဲပါ။ shwekhitonlinetv.com
၇။ Donatella Versace

ကမ္ဘာကျော်အမှတ်တံဆိပ် Versace ရဲ့ ပိုင်ရှင် ဖက်ရှင်ဒီဇိုင်နာ Donatella Versace ပဲ ဖြစ်ပါတယ်။ အလှအပပြုပြင်ခြင်းများကို နှစ်ကာလရှည်ကြာပြုလုပ်ခဲ့တာကြောင့် သူမရဲ့မူလရုပ်ရည်သွင်ပြင်ကို ခန့်မှန်းရခက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com
၈။ Meg Ryan

တမူထူးခြားတဲ့ ဆွဲဆောင်မှုတွေနဲ့ လှပလွန်းတ့ Meg Ryan ရဲ့ ငယ်ဘဝအလှတွေကို ပရိတ်သတ်ကြီးတွေ့ဖူးမယ် ထင်ပါတယ်။ အခုချိန်မှာတော့ အသက် ၆၀ ကျော်ဖြစ်နေပြီဖြစ်တဲ့ မင်းသမီးကြီးကတော့ ခွဲစိတ်ပြုပြင်မှုတွေပြုလုပ်ပြီး ဇရာကိုအံ့တုနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Joan Van Ark

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး Joan Van Ark ကိုတော့ နှောင်းလူတော်တော်များများ သိရှိသူနည်းမယ်ထင်ပါတယ်။ တချိန်တုန်းက မြင်သူတကာငေးလှတဲ့ အလှအပတွေ ပိုင်ဆိုင်ခဲ့တဲ့ မင်းသမီးကြီးဟာ အခုချိန်မှာတော့ ပြင်ဆင်မှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားနေရပါတော့တယ်။ shwekhitonlinetv.com
၁၀။ Mickey Rourke

ယခုဖော်ပြခဲ့တဲ့ အနုပညာရှင် ၁၀ ယောက်ထဲမှာ ပါဝင်တဲ့ တဦးတည်းသော အမျိုးသားသရုပ်ဆောင်ဖြစ်ပါတယ်။ Mickey Rourke ကို သရုပ်ဆောင်မင်းသားကြီး အနေနဲ့သာမက လက်ဝှေ့ထိုးသူအနေနဲ့လည်း လူသိများကြပါတယ်။ တချိန်က မိန်းကလေးတိုင်း ကြိုက်နှစ်သက်ခဲ့ရတဲ့ Mickey Rourke ရဲ့ ရုပ်ရည်ဟာ အခုချိန်မှာတော့ မမှတ်မိနိုင်အောင်ကိုပဲ ပြောင်းလဲခဲ့ရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။