မီးရထားတွေဆိုတာနိုင်ငံတစ်နိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အလားတူပဲ မီးရထားတွေဆိုက်ရောက်တဲ့ မီးရထားဘူတာရုံတွေဆိုတာကလည်း နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ ဗိသုကာလက်ရာ၊ ကြွယ်ဝချမ်းသာမှု စတာတွေကိုအထင်းသားမြင်အောင် လှစ်ဟပြနေတဲ့အဆောက်အအုံတွေဖြစ်ပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ကမ္ဘာတစ်လွှားက အလှပဆုံးနဲ့ခေတ်မီဆန်းသစ်ဆုံး မီးရထားဘူတာ (၁၀) ခုအကြောင်းပဲဖြစ်ပါတယ် ….. shwekhitonlinetv.com
၁။ Chhatrapati Shivaji Terminus – အိန္ဒိယ

Chhatrapati Shivaji Terminus ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရဲ့ သမိုင်းဝင်အဆောက်အဦးတစ်ခုဖြစ်သလို ယူနက်စ်ကိုရဲ့အမွှေအနှစ်တစ်ခုအဖြစ်လည်း ၂၀၀၄ ခုနှစ်ကသတ်မှတ်ခံခဲ့ရတဲ့ရှေးဟောင်းဘူတာရုံပါ။ shwekhitonlinetv.com
၂။ Gare do Oriente – ပေါ်တူဂီ

ပေါ်တူူဂီနိုင်ငံ ရဲ့မြို့တော် လစ္စဘွန်းမှာရှိတဲ့ Gare do Oriente ဘူတာရုံကို စပိန်လူမျိုးနာမည်ကျော်ဗိသုကာပညာရှင် Santiago Calatrava က ဂေါ့သစ်စတိုင်ကိုအခြေခံပြီး ဒီဇိုင်းရေးဆွဲပေးခဲ့တာပါ။ shwekhitonlinetv.com
၃။ Napoli Afragola – အီတလီ

အီတလီနိုင်ငံ နေပယ်မြို့က Napoli Afragola မြန်နှုန်းမြင့် မီးရထားဘူတာရုံရဲ့ ဒီဇိုင်းကတော့ ခေတ်ရှေ့ပြေးတယ်လို့ဆိုရမှာဖြစ်ပြီး Bio-Mechanical သက်ရှိတစ်ကောင်အသွင် တည်ဆောက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Kanazawa Station – ဂျပန်

ဂျပန်နိုင်ငံ ကာနာဇာဝါမြို့မှာရှိတဲ့ Kanazawa Station ကတော့ အတိတ်နဲ့အနာဂတ်ကိုပေါင်းစပ်ထားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘူတာရုံရဲ့ဝင်ပေါက်အမိုးခုံးကို ဆန်းသစ်တဲ့ဒီဇိုင်းကိုမှ ဖန်နဲ့အလူမီနီယံ ရောစပ်ဆောက်လုပ်ထားသလို ဘူတာအနီးတစ်ဝိုက်မှာ လည်းဂျပန်တွေရဲ့ ရိုးရာနတ်ကွန်းတွေကိုလည်းတွေ့မြင်နိုင်ပါတယ်။ shwekhitonlinetv.com
၅။ Hungerburg Station – သြစတြီးယား

သြစတြီးယားနိုင်ငံ အင်းစ်ဘတ်မြို့က ထူးခြားတဲ့ဗိသုကာလက်ရာစတိုင်နဲ့ Hybrid မီးရထားဘူတာရုံဖြစ်တဲ့ Hungerburg Station ကတော့ ၂၀၀၅ ခုနှစ်မှာပိတ်သိမ်းခဲ့ပြီး ၂၀၀၇ ခုနစ်အရောက်မှာပြန်လည်ပြင်ဆင်ပြီးဖွင့်လှစ်ခဲ့တာပါ။ shwekhitonlinetv.com
၆။ Liège-Guillemins – ဘယ်လ်ဂျီယံ

ဘယ်လ်ဂျီယံနိုင်ငံ လိဂ်မြို့မှာတည်ရှိတဲ့ Liège-Guillemins မီးရထားဘူတာရုံကတော့ မသိတဲ့သူတွေအနေနဲ့ မြေပြင်ကနေမြင်တွေ့ရင် ဘောလုံးကွင်း (ဒါမှမဟုတ်) ပြဇာတ်ရုံတစ်ခုလို့ထင်ချင်စရာပါ။ UFO ကြီးတစ်ခုပေါ်ကနေ မီးရထားတွေဆင်းသက်လာတဲ့ပုံစံမျိုး ဒီဇိုင်းဆွဲဆောက်လုပ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Union Station – အမေရိကန်

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့က Union Station ကတော့သက်တမ်းရင့်ရှေးဟောင်းဘူတာရုံ တစ်ခုပဲဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်မီကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Gare de Metz-Ville – ပြင်သစ်

ပြင်သစ်နိုင်ငံ မက်ဇ်မြို့က Gare de Metz-Ville ဘူတာရုံကတော့ရုတ်တရက်ကြည့်မယ်ဆိုရင် Church ကျောင်းတစ်ခုလို့ထင်ရပါတယ်။ ရာစုနှစ်တစ်ခုကျော်သက်တမ်းရှိပြီဖြစ်တဲ့ Gare de Metz-Ville ဟာနယ်ချဲ့တွေရဲ့ ဗိသုကာလက်ရာဖြစ်ပြီး ဂျာမန်ဘုရင် Kaiser Wilhelm II က အချုပ်အခြာအာဏာကို အတည်ပြုတဲ့ သဘောနဲ့ဒီနေရာမှာတည်ဆောက်ခဲ့တာပါ။ shwekhitonlinetv.com
၉။ World Trade Center Transportation Hub

World Trade Center Transportation Hub ကတော့ စပိန်ဗိသုကာပညာရှင် Santiago Calatrava ရဲ့လက်ရာပဲဖြစ်ပြီး မန်ဟတ်ထန်မြို့ရဲ့မြေအောက်ဘူတာရုံတစ်ခုဖြစ်ပါတယ်။ World Trade Center နဲ့ မြို့ထဲကနေရာအများအပြားကို မြန်ဆန်စွာသွားလာနိုင်အောင်ချိတ်ဆက်ထားတဲ့ ရထားလိုင်းတွေရဲ့ပင်မဘူတာရုံလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Rotterdam Centraal Station

Rotterdam Centraal Station ကတော့ နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့မှာရှိပြီး ၁၉၅၇ ကဆောက်လုပ်ခဲ့တဲ့ ခေတ်မမီတော့တဲ့ဘူတာအဆောက်အအုံကို အသစ်ပြန်လည် ဒီဇိုင်းဆွဲတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။