ရွှေခေတ်ပရိသတ်တွေထဲမှာ ခွေးလေး ကြောင်လေးတွေကို ချစ်တက်ပြီး အိမ်မှာမွေးမြုထားတဲ့ သူတွေရှိမယ်လို့ထင်ပါတယ်။ ဒါဆိုရင်တော့ သူတို့လေးတွေအန္တရာယ်ကင်းစေဖို့အတွက် သိထားသင့်တဲ့ အချက်လေးတစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရာတွေက သင့်ပတ်ဝန်းကျင်မှာ အလွယ်တကူ မြင်တွေ့ရနိုင်ပြီး သူတို့အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့ အရာတွေဖြစ်လို့ပါပဲ။ ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော် …………. shwekhitonlinetv.com
၁။ ပန်းသီး

တကယ်လို့သင့်အိမ်မှာ ခွေးလေး ကြောင်လေးတွေမွေးထားတယ်ဆိုရင် ပန်းသီးရဲ့ အစေ့ကို သူတို့လေးတွေမစားမိအောင် ဂရုပြုဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပန်းသီးအစေ့မှာ ပါဝင်တဲ့ Cyanide Compound က သူတို့ကိုယ်တွင်းက သွေးတွေကတစ်ဆင့် တစ်ရှုးတွေဆီ အောက်စီဂျင်ပေးပို့တဲ့အခါ အဟန့်အတားဖြစ်စေနိုင်လို့ပါပဲ။ shwekhitonlinetv.com
၂။ ထောပတ်သီး

ထောပတ်သီးတွေနဲ့ ထောပတ်သီးပင်ရဲ့ အစိတ်အပိုင်းတွေမှာ Persin လို့ခေါ်တဲ့ဒြပ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ ဒီဒြပ်ပေါင်းဟာ လူသားတွေအတွက်အန္တရာယ်ဖြစ်စေလောက်အောင် ထိခိုက်မှုမရှိနိုင်ပေမယ့် ခွေး၊ကြောင်တွေလို အိမ်မွေးတိရိစ္ဆာန်လေးတွေကိုတော့ ဆိုးဆိုးဝါးဝါး အဆိပ်အတောက် ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၃။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Sulfoxides နဲ့ Disulfides တွေက ခွေးတွေ ကြောင်တွေအတွက် သွေးအားနည်း ရောဂါကို ဖြစ်စေနိုင်ပါတယ်။ သွေးအားနည်းတာက ရေရှည်မှာ သူတို့ကို သေဆုံးနိုင်တဲ့ ရောဂါဝေဒနာဖြစ်လို့ သတိပြုသင့်ပါတယ်။ shwekhitonlinetv.com
၄။ အာလူး

မချက်ပြုတ်ရသေးတဲ့ အာလူးမှာ ကြောင်တွေကို အဆိပ်သင့်စေတဲ့ Glycoalkanoid Solamine ဆိုတဲ့ဓာတ်တွေ များစွာပါဝင်တယ်လို့ သိရပါတယ်။ ဒီအရာက သူတို့ရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို အန္တရာယ်ပေးနိုင်တဲ့ အပြင် နှလုံးရပ်ခြင်းကိုတောင် ဖြစ်စေနိုင်ပါသတဲ့။။ shwekhitonlinetv.com
၅။ ချောကလက်

ချောကလက်တွေမှာ Theobromine ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဒီအရာက ခွေးတွေကြောင်တွေကို သွေးခုန်နှုန်းမြင့်မားစေခြင်း၊ တုန်တုန်ယင်ယင်ဖြစ်စေခြင်း၊ ဆီးမကြခဏသွားခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။ Theobromine ပါဝင်နှုန်းနည်းတဲ့ သာမန် ချောကလက်တွေက သူတို့တွေအတွက် သိပ်အန္တရာယ်မများလှပေမယ့် နို့ချောကလက် လိုအရာမျိုးတော့ သိပ်ကို အန္တရာယ် ရှိပါတယ်။ shwekhitonlinetv.com
၆။ ကော်ဖီ

အာရုံကြောကို လှုံ့ဆော်မှုပေးတဲ့ Caffeine ဓာတ်တွေက ခွေးလေး ကြောင်လေးတွေအတွက်တော့ အန္တရာယ်ရှိနေပါတယ်။ ကော်ဖီတွေကိုသာ သူတို့အနေနဲ့ မျိုချမိမယ်ဆိုရင် အာရုံကြောစနစ်တွေနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ဖွဲ့စည်းမှုတွေကို ပျက်စီးစေနိုင်ပါသတဲ့။ ဒါ့အပြင်အလွန်အမင်း စိတ်လှုပ်ရှားခြင်း၊ နှလုံးခုန်မြန်ခြင်း နဲ့ ကြွက်သားများတွန့်လိမ်ကာ အကြောဆွဲတာ အန်တာတွေဖြစ်တက်ပါသေးတယ်။ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ သင့်အိမ်မွေးတိရိစ္ဆာန်လေးတွေ ကော်ဖီသောက်မိပြီး ဒီလို လက္ခဏာတွေပြရင်တော့ မီးသွေးခဲကို အမှုန့်ချေပြီး အမြန်ဆုံးတိုက်ကျွေးသင့်ပါတယ်။ shwekhitonlinetv.com
၇။ ဆေးခြောက်

ဆေးခြောက်လို့အများစုသိထားကြတဲ့ (Marijuana) ကတော့ ခွေးနှင့်ကြောင်တွေရဲ့ အာရုံကြောစနစ်ကို လေးလံထိုင်းမှိုင်းစေပြီး နှလုံးခုန်မှုကိုပါ ပြောင်းလဲစေနိုင်ပါတယ်။ ပြီးတော့ မူးဝေ၊ အော့အန်တာတွေလည်းဖြစ် စေနိုင်ပါတယ်။ shwekhitonlinetv.com
၈။ အယ်လ်ကိုဟော

အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေက ခွေးလေး ကြောင်လေးတွေကို အလွန်အမင်းမူးယစ် စေနိုင်ပါသတဲ့။ ခွေးတွေမှာဆို နှလုံးခုန်နှုန်းမြင့်တက်တာ၊ အပူချိန်မြင့်တက်တာတွေဖြစ်နိုင်ပါတယ်။ ကြောင်တွေအတွက်ဆိုရင်လည်း ကိုယ်အလေးချိန် (၅) ပေါင်လောက်ရှိတဲ့ကြောင်ဟာ အယ်လ်ကိုဟော လက်ဖက်ရည်ဇွန်း (၂) ဇွန်းလောက်နဲ့တင်မေ့မျောစေနိုင်ပြီး (၃) ဇွန်းနဲ့အထက်ဆိုရင် သေဆုံးနိုင်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၉။ ဆေးလိပ် နှင့် ဆေးရွက်ကြီး

ဆေးလိပ်နဲ့ဆေးရွက်ကြီးတွေမှာ ပါဝင်တဲ့ နီကိုတင်းဓာတ်က ကြောင်တွေ ခွေးတွေ ကြွက်တွေလိုတိရိစ္ဆာန် လေးတွေအဖို့ အစာခြေစနစ် နဲ့ အာရုံကြော စနစ်တွေကို ပျက်ယွင်းစေနိုင်ပါတယ်။ ပမာဏများပြားတဲ့ နီကိုတင်းဓာတ်တွေက သူတို့ကို နှလုံးရောဂါ နဲ့ သတိလစ်မေ့မြောခြင်းမျိုးတွေဖြစ်စေနိုင်ပါတယ်။ shwekhitonlinetv.com
အခုဖော်ပြပေးတဲ့ အချက်လေးတွေကို ဖတ်ရှုပြီးပြီဆိုရင်တော့ မိမိရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ အတွက်အန္တရာယ်ဖြစ်စေမယ့် ပတ်ဝန်းကျင်က အရာတွေကို သတိပြုနိုင်ကြမယ်ထင်ပါတယ်နော် … shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။