နိုင်ငံတိုင်းမှာတော့ လေးနက်တဲ့ဥပဒေများ ချမှတ်ထားသလို သေးသေးမွှားမွှားနဲ့ ထူးဆန်းတဲ့ ဥပဒေများလည်း ချမှတ်ထားတတ်ကြပါတယ်။ ဥပမာအားဖြင့် စင်ကာပူနိုင်ငံမှာဆိုရင် ပီကေစားသုံးခြင်းကို ဥပဒေအရ တားမြစ်ထားတတ်သလို ကာတာနိုင်ငံမှာဆိုရင် အရက်ဘီယာ သောက်သုံးခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားတတ်ကြပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ကမ္ဘာတလွှားက ထူးဆန်းပြီး အံ့သြစရာကောင်းတဲ့ ဥပဒေသတ်မှတ်ချက်များကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာတော့ အပူပိုင်းမှာပေါက်ရောက်တဲ့ ဆူးချွန်များနဲ့ Cactus ပင်တွေကို ဥပဒေထုတ်ပြီး အကာအကွယ်ပေးထားပါတယ်။ Cactus ပင်တွေကို ခုတ်လှဲခြင်း နှုတ်ယူခြင်းများဟာ ဥပဒေကို ဆန့်ကျင်နေတာကြောင့် ပြင်းပြင်းထန်ထန်အရေးယူခြင်း ခံရနိုင်ပါတယ်။ Cactus ဥပဒေကို မလိုက်နာဘူးဆိုရင်တော့ ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံမှာဆိုရင်တော့ အင်္ကျီချွတ်ပြီး ကားမောင်းခြင်းဟာ ဥပဒေကို ချိုးဖောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကားမောင်းသူများဟာ ရာသီဥတုပူလောင်တဲ့အခါမှာဆိုရင်တောင် အင်္ကျီချွတ်ပြီးကားမောင်းခွင့်မရှိပါဘူးနော်။ shwekhitonlinetv.com
၃။ သြစတေးလျနိုင်ငံ

သြစတေးလျနိုင်ငံမှာတော့ စာပို့ခိုတွေကို ဥပဒေထုတ်ပြီး ကာကွယ်ပေးထားပါတယ်။ ခိုတွေဟာ မိုင်ပေါင်းများစွာပျံသန်းနိုင်ပြီး သူတို့ရဲ့တည်နေရာကို ရှာဖွေနိုင်ကြတဲ့ ငှက်တွေဆိုလည်း မမှားပါဘူးနော်။ ရှေးယခင်အချိန်က ခိုများကို စာပို့တဲ့အခါများမှာ အသုံးပြုတတ်ကြပါတယ်။ ဒီလိုထုတ်ပြန်ထားတဲ့ ဥပဒေကြောင့် ခိုများကို ဖမ်းဆီးခြင်း ၊ ရန်ပြုခြင်းများ ပြုလုပ်ခွင့်မရှိပါဘူး။ ဥပဒေကို ချိုးဖောက်မယ်ဆိုရင်တော့ ဒေါ်လာ ၂၅၀ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ဆွစ်ဇာလန်နိုင်ငံ

ည ၁၀ နာရီနောက်ပိုင်း အိမ်သာရေဆွဲချခြင်းဟာ ဆွစ်ဇာလန်နိုင်ငံမှာတော့ တရားဥပဒေချိုးဖောက်ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ည ၁၀ နာရီမတိုင်ခင် ကိစ္စကြီးငယ်ဖြေရှင်းထားနိုင်မှသာ အဆင်ပြေမှာပါ။ shwekhitonlinetv.com
၅။ အီတလီနိုင်ငံ

တခြားနိုင်ငံများမှာတော့ အမျိုးသမီးများလိုပဲ အမျိုးသားများဟာ ဝတ်စားဆင်ယင်ခွင့်ရှိကြပါတယ်။ ဒါပေမယ့် အီတလီနိုင်ငံမှာတော့ လူအများသွားလာရာနေရာများမှာ အမျိုးသားများဟာ စကတ်ဝတ်ပြီး သွားလာခွင့်မရှိပါဘူး။ ဒီလိုသွားလာမယ်ဆိုရင်တော့ ဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခြင်းခံရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ကင်ညာ နဲ့ ယူအေအီးနိုင်ငံများ

ကင်ညာနဲ့ ယူအေအီးနိုင်ငံများမှာတော့ စော်ကားတဲ့အမူအရာများနဲ့ ဆဲဆိုတဲ့စကားလုံးများ ပြောဆိုခြင်းကို ဥပဒေအရ တားမြစ်ထားပါတယ်။ ဒါကြောင့် လူအများသွားလာရာနေရာများမှာ စော်ကားတဲ့အပြုအမူ ပြုလုပ်ခြင်းနဲ့ ဆဲဆိုခြင်းဟာ ဥပဒေချိုးဖောက်ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါနိုင်ငံတွေကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ဆဲဆိုချင်တဲ့စိတ်ကို ထိန်းနိုင်မှ အဆင်ပြေမှာပါ။ shwekhitonlinetv.com
၇။ သြစတေးလျအနောက်ပိုင်း

သြစတေးလျ အနောက်ပိုင်းဒေသတွေမှာတော့ သီးနှံတွေကို ၅၀ ကီလိုဂရမ်ထက်ပိုပြီး သယ်ယူခြင်းကို ဥပဒေအရတားဖြစ်ထားပါတယ်။ တကယ်လို့ ဒီလိုထူးဆန်းတဲ့ဥပဒေကို ချိုးဖောက်မယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန်အရေးယူခြင်းခံရမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ အီဂျစ်

အီဂျစ်နိုင်ငံမှာတော့ အမျိုးသားတွေ ခါးလှုပ်ကခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ တကယ်လို့ လူမြင်ကွင်းမှာ အမျိုးသားတွေ ခါးလှုပ်ကပြမယ်ဆိုရင်တော့ ဥပဒေချိုးဖောက်တာဖြစ်ပြီး အရေးယူခံရနိုင်ပါတယ်။ shwekhitonlinetv.com
၉။ ပြင်သစ်နိုင်ငံ

ရထားပေါ်မှာ ချစ်သူအချင်းချင်း နမ်းရှိုက်ခြင်းကို ဥပဒေထုတ်ပြီး တားမြစ်ထားတဲ့နိုင်ငံကတော့ ပြင်သစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ရထားမရောက်ခင် ဘူတာရုံမှာ ချစ်သူများပွေ့ဖက်နမ်းရှိုက်နိုင်ပေမယ့် ရထားပေါ်မှာ ဒီလိုမျိုးနမ်းမယ်ဆိုရင်တော့ ဥပဒေချိုးဖောက်တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ တူရကီနိုင်ငံနဲ့ ထိုင်းနိုင်ငံ

တူရကီနိုင်ငံမှာဆိုရင်တော့ တူရကီပိုက်ဆံကို ဖျက်ဆီးခြင်းဟာ နိုင်ငံရဲ့အလံကို စော်ကားတာနဲ့ ထပ်တူညီတယ်လို့ ယူဆကြပါတယ်။ ဒါ့ကြောင့် တူရကီနိုင်ငံမှာ ငွေစက္ကူကို ဖျက်ဆီးမယ်ဆိုရင်တော့ ဥပဒေချိုးဖောက်တာဖြစ်ပြီး ထောင်ဒဏ် ၆ လကနေ ၃နှစ်အထိ ကျခံရနိုင်ပါတယ်။ ဒီလိုငွေစက္ကူဥပဒေကို ထိုင်းနိုင်ငံမှာလည်း ထုတ်ပြန်ထားပါတယ်။ ထိုင်းငွေစက္ကူပေါ်မှာ ရိုက်နှိပ်ထားတဲ့ ထိုင်းဘုရင်ရဲ့ ပုံရိပ်ကို မလေးမစားပြုလုပ်တယ်လို့ ယူဆတဲ့အတွက် ထိုင်းနိုင်ငံမှာ ငွေစက္ကူကို ဖျက်ဆီးမယ်ဆိုရင်တော့ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ကျခံရနိုင်ပါတယ်။ shwekhitonlinetv.com
၁၁။ ဂျပန်နိုင်ငံ

အကိုက်အခဲပျောက်ဆေးများ၊ ချောင်းဆိုးပျောက်ဆေးများနဲ့ ဝမ်းပိတ်ဆေးများမှာ ပါဝင်တဲ့ ဓာတ်သတ္တိတခုဖြစ်တဲ့ codeine ဆိုတဲ့ဆေးကို ဂျပန်နိုင်ငံမှာတော့ ဥပဒေထုတ်ပြီး တားမြစ်ထားပါတယ်။ တကယ်လို့ codeine ပါတဲ့ဆေးဝါးများကို သုံးစွဲမယ်ဆိုရင်တော့ ဥပဒေချိုးဖောက်တာဖြစ်ပြီး အရေးယူခံရနိုင်ပါတယ်။ shwekhitonlinetv.com
၁၂။ သီရိလင်္ကာနိုင်ငံ

သီရိလင်္ကာနိုင်ငံမှာတော့ ဗုဒ္ဓရုပ်ပွားတော်များရှေ့မှာ Selfie ရိုက်ခြင်းနဲ့ ဗုဒ္ဓဘုရားပုံတက်တူးများ ထိုးခြင်းကို ဥပဒေထုတ်ပြီး ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ဗုဒ္ဓဘုရားပုံတက်တူးများ ထိုးထားတဲ့ ကမ္ဘာလှည့်ခရီးသွားများဝင်ရောက်ခြင်းကိုလည်း ကန့်သတ်ထားပါတယ်။ ဒါ့ကြောင့် အဆိုပါနိုင်ငံမှာ သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့တက်တူးကို ဖုံးကွယ်ထားသင့်ပါတယ်။ တကယ်လို့ ဘုရားပုံတက်တူးနဲ့ လာရောက်လည်ပတ်မယ်ဆိုရင်တော့ နောက်တကြိမ်ပြည်ဝင်ခွင့်ရရှိမှာ မဟုတ်ပါဘူး။ shwekhitonlinetv.com
၁၃။ မဒါကတ်စကာနိုင်ငံ

မဒါကတ်စကာနိုင်ငံမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဦးထုပ်ဆောင်းခြင်းကို ဥပဒေထုတ်ပြီး တားမြစ်ထားပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်နေစဥ်အတွင်း ဦးထုပ်ဆောင်းမယ်ဆိုရင်တော့ ဥပဒေချိုးဖောက်တာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၄။ အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်

မြောက်ကာရိုလိုင်းနားပြည်နယ်မှာတော့ သီချင်းဆိုတဲ့အခါ အသံနေအသံထား ကီးမှန်ကန်စွာ ဆိုနိုင်ဖို့ အရေးကြီးပါတယ်။ သီချင်းတပုဒ်ကို ကီးမမှန်မကန်နဲ့ ဆိုနေမယ်ဆိုရင်တော့ ဒါဟာဥပဒေချိုးဖောက်တာဖြစ်ပြီး အရေးယူခံရနိုင်ပါတယ်။ shwekhitonlinetv.com
၁၅။ အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်

နီဗားဒါးပြည်နယ်မှာတော့ မုတ်ဆိတ်မွှေးရှိတဲ့ အမျိုးသားများက အမျိုးသမီးများကို နမ်းရှိုက်ခြင်းကို ဥပဒေအရတားမြစ်ထားပါတယ်။ ဒါကြောင့် ကိုယ့်အမျိုးသမီးလေးကို နမ်းမယ်ဆိုရင်တော့ မုတ်ဆိတ်မွှေးရိတ်ဖို့ လိုအပ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။