တီထွင်ဖန်တီးခြင်းဟာ လူသားတို့ရဲ့ အရည်အချင်းနဲ့ အရည်အသွေးကို များစွာပြောင်းလဲစေပါတယ်။ နေ့စဥ်နဲ့အမျှ တိုးတက်နေတဲ့ခေတ်စနစ်မှာ သူများနဲ့မတူ တမူထူးဆန်းနိုင်စေမယ့်အကြံဥာဏ်များကို လူတိုင်းနီးပါး တွေးတောစဥ်းစားလျက်ရှိကြပါတယ်။ အဆိုပါထူးဆန်းတဲ့ အိုင်ဒီယာများကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြသူများလည်း အများအပြားရှိလို့နေပါတယ်။ ဒါပေမယ့် ဆန်းပြားလွန်းတိုင်းလည်း မကောင်းတဲ့အခြေအနေတွေ ဖြစ်ပေါ်တတ်ကြောင်းကို အောက်ဖော်ပြပါဓာတ်ပုံတွေက ပြောပြလို့နေပါတယ်။ ဒါ့ကြောင့် ရွှေခေတ်ပရိတ်သတ်တို့ အံ့သြမှင်သက်သွားစေမယ့် အသုံးအဆောင်ပစ္စည်းဒီဇိုင်းဆန်းတွေအကြောင်းကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ ပီဇာဖိနပ်

ဗိုက်ဆာတတ်သူများအတွက်တော့ ဘယ်လိုမှ အဆင်မပြေနိုင်စေမယ့် ဒီဇိုင်းပါပဲနော်။ ပီဇာပုံစံနဲ့ တပုံစံတည်းထပ်တူညီတဲ့ဒီဇိုင်းနဲ့ ဖိနပ်ကိုတွေ့မြင်ရမှာပါ။ shwekhitonlinetv.com
၂။ ပန်းအိုး

အိမ်တွင်းမှာပဲ စိုက်ပျိုးလို့ရတဲ့ အိမ်တွင်းအလှဆင်ပန်းအိုးရဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ မိန်းကလေးတယောက်ရဲ့ မျက်နှာသွင်ပြင်အတိုင်းပြင်ဆင်ထားတဲ့ပုံကိုတွေ့မြင်ရမှာပါ။ ညဘက်မှာဒီလိုပန်းအိုးကို တွေ့မြင်ရမယ်ဆိုရင်တော့ မတွေးရဲစရာပါပဲနော်။ shwekhitonlinetv.com
၃။ တိရစ္ဆာန်ခြေထောက်လိုဖြစ်နေတဲ့ဖိနပ်

တိရစ္ဆာန်ကြီးတကောင်ရဲ့ ခြေထောက်ပုံစံနဲ့တူညီတဲ့ ဖိနပ်ဒီဇိုင်းကို တွေ့မြင်ရမှာပါ။ ဘယ်လိုစိတ်ကူးနဲ့ ဒီလိုဖိနပ်ကိုထုတ်လုပ်တယ်ဆိုတာ မသိရပေမယ့် အရမ်းကိုထူးဆန်းတဲ့ ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com
၄။ ပုံစံနှစ်မျိုးသုံးလို့ရတဲ့ဒီဇိုင်းများ

ပုံမှာတွေ့မြင်ရတာကတော့ ခက်ရင်းနဲ့ ဇွန်းတွေရဲ့ အဖျားတဖက်မှာ ဂွပုံစံပြုလုပ်ထားတဲ့ ဒီဇိုင်းကို တွေ့မြင်ရမှာပါ။ ဒါ့ကြောင့် ခက်ရင်း ဇွန်းများအဖြစ်လည်း အသုံးပြုလို့ရသလို ပြုပြင်ရေးလုပ်ငန်းများ ပြုလုပ်ရာမှာလည်း အသုံးဝင်စေမယ့် ပစ္စည်းတွေပါပဲနော်။ shwekhitonlinetv.com
၅။ အမျိုးသားစီးဖိနပ်

လည်သာဖိနပ်အပိတ်ပေါ်မှာ ခြေထောက်တွေပေါ်နေသလိုဖြစ်စေဖို့ ဒီဇိုင်းဆွဲပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ သာမန်ဖိနပ်ပုံစံတခုဖြစ်နေခဲ့ပေမယ့် ခြေချောင်းတွေပါ ထည့်သွင်းဖန်တီးထားတဲ့ ဒီဇိုင်းကတော့ လုံးဝကိုနားမလည်နိုင်အောင် ဖြစ်စေမှာပါ။ shwekhitonlinetv.com
၆။ ရာဇဝင်ထဲက သံခေါင်းစွပ်မင်းသား

သံခေါင်းစွပ်ကို ဝတ်ဆင်ပြီး အများသုံးရထားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ အမျိုးသားတဦးရဲ့ ပုံရိပ်ဖြစ်ပါတယ်။ အပြင်ထွက်တိုင်း အသိတွေနဲ့ မတွေ့ချင်သူတွေအတွက်တော့ အသုံးဝင်စေမယ့် ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com
၇။ အမျိုးသမီးစီးဒေါက်ဖိနပ်

ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ ဒေါက်ဖိနပ်ရဲ့ ဒေါက်ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဒီလိုဒေါက်ဖိနပ်နဲ့ အပြင်သွားမယ်ဆိုရင်တော့ အားလုံးရဲ့ အာရုံစိုက်ခြင်းကို ရရှိစေမှာပါ။ shwekhitonlinetv.com
၈။ m&m ချောကလက်ဖိနပ်

m&m ချောကလက်လုံးလေးတွေနဲ့ ပြုလုပ်ထားတဲ့ ဖိနပ်ကိုတွေ့ရမှာပါ။ ထူးဆန်းတဲ့ ဒီဇိုင်းဖြစ်ပေမယ့်လည်း မြင်တွေ့ရသူတချို့ကတော့ ကြိုက်နှစ်သက်ကြမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com
၉။ မျောက်မောင်းမခြေထောက်ဘောင်းဘီ

မျောက်မောင်းမလို့ခေါ်တဲ့ တိရစ္ဆာန်လေးရဲ့ခြေထောက်ပုံစံများအတိုင်း ထုတ်လုပ်ထားတဲ့ ဘောင်းဘီဒီဇိုင်းပဲ ဖြစ်ပါတယ်။ အေးလွန်းတဲ့ရာသီဥတုနဲ့ လိုက်ဖက်ညီတဲ့ ဘောင်းဘီဆိုပေမယ့်လည်း ဒီလိုဒီဇိုင်းနဲ့သာဆိုရင်တော့ ခွေးလေးတွေရှေ့ ဖြတ်မလျှောက်မိဖို့ အရေးကြီးပါတယ်။ shwekhitonlinetv.com
၁၀။ မြက်အခင်းဖိနပ်

ဖိနပ်လည်းစီးချင် မြက်ခင်းပြင်မှာ လမ်းလျှောက်ရသလို သဘာဝနဲ့လည်း ထိတွေ့ချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ ဒီဇိုင်းပါ ။ ဒါပေမယ့်လည်း မိုးရာသီမှာစီးမယ်ဆိုရင်တော့ ဘယ်လိုမှအဆင်မပြေစေမယ့် ဖိနပ်ဒီဇိုင်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁၁။ ငှက်သိုက်ဦးထုပ်

ဆန်းပြားလွန်းပြီး သူမတူအောင် တီထွင်ကြတဲ့ ဒီဇိုင်းများထဲမှာတော့ အဆိုးဝါးဆုံးဒီဇိုင်းလို့ပဲ ဆိုချင်ပါတယ်။ ငှက်သိုက်ပုံစံပြုလုပ်ထားပြီး ငှက်ဥအတုလေးများပါ ထည့်သွင်းဖန်တီးထားတဲ့ ဒီဇိုင်းနဲ့ ဦးထုပ်ကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com
၁၂။ ညအိပ်ဝတ်အင်္ကျီ

ပန်းရောင်အနွေးထည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ပြီး အများသုံးရထားပေါ်မှာလိုက်ပါစီးနင်းလာတဲ့ လူငယ်ကိုတွေ့မြင်ရမှာပါ။ သူမတူတဲ့ ဖက်ရှင်ဖြစ်စေဖို့အတွက် အမျိုးသမီးဝတ်ညအိပ်ဝတ်စုံကိုဝတ်ဆင်ပြီး မျက်မှန်တပ်ထားတဲ့ သူ့ရဲ့ဒီဇိုင်းကတော့ နားမလည်နိုင်အောင်ပါပဲနော်။ shwekhitonlinetv.com
၁၃။ ရေညှိဒေါက်ဖိနပ်

ဆန်းပြားလှတဲ့ ဒေါက်ဖိနပ်ဒီဇိုင်းအမျိုးမျိုးကို အားလုံးတွေ့ဖူးကြမယ်ထင်ပါတယ်။ ပုံမှာတွေ့မြင်ရတာကတော့ ရေညှိတက်နေသလို ဖြစ်နေတဲ့ ဒေါက်ဖိနပ်ဒီဇိုင်းပဲ ဖြစ်ပါတယ်။ သက်တောင့်သက်သာ မဖြစ်စေတဲ့ ဖိနပ်ဒီဇိုင်းကြောင့် လုံးဝကို မရွေးချယ်သင့်တဲ့ ဖိနပ်ပါပဲနော်။ shwekhitonlinetv.com
၁၄။ လေဖောင်းအင်္ကျီ

ချမ်းတတ်သူများအတွက် ထုတ်လုပ်ထားတယ်လို့တောင် ထင်ရစေတဲ့ လေဖောင်းဝမ်းဆက်ဝတ်စုံပဲ ဖြစ်ပါတယ်။ မျက်နှာလေကာပါ ထုတ်လုပ်ထားတာကြောင့် ဆိုင်ကယ်စီးနင်းသူများအတွက်လည်း အဆင်ပြေစေမှာပါ။ ဒါပေမယ့်လည်း ဒီလိုဝတ်စုံနဲ့ဆိုရင်တော့ ဘဏ်မသွားမိဖို့ အရေးကြီးပါတယ်နော်။ shwekhitonlinetv.com
၁၅။ ကြောင်ချစ်သူဝတ်စုံ

ကြောင်ရုပ်လေးပါဝင်တဲ့ ခန္ဓာကိုယ်အကြပ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားကြီးတဦးရဲ့ ပုံရိပ်ပဲဖြစ်ပါတယ်။ သန်မာလွန်းတဲ့ခန္ဓာကိုယ်နဲ့ ထူးဆန်းတဲ့ဖက်ရှင်ကို ဝတ်ဆင်ထားတာကြောင့် အားလုံးရဲ့အကြည့်တွေကို ပိုင်ဆိုင်နေမယ်ထင်ပါတယ်။ shwekhitonlinetv.com
၁၆။ ပီဇာနဲ့ ဘရစ်တနီ ဝတ်စုံ

ပီဇာဘောင်းဘီကို ဝတ်ဆင်ထားတဲ့အပြင် ကမ္ဘာကျော်အဆိုတော် ဘရစ်တနီရဲ့ပုံရိပ်တွေပါဝင်တဲ့ အင်္ကျီကိုလည်း ဝတ်ဆင်ထားပါသေးတယ်။ အရောင်အသွေးစုံလင်ပြီး မလိုက်ဖက်လှတဲ့ ဖက်ရှင်ပုံစံကြောင့် အများအမြင်မှာ ရယ်စရာဖြစ်နေစေမယ်ထင်ပါတယ်။ shwekhitonlinetv.com
၁၇။ ဒေါက်ဖိနပ်ကြီးအောက်က ဒေါက်ဖိနပ်အသေးလေး

အမျိုးသမီးတွေရဲ့ ဖက်ရှင်ရေစီးကြောင်းကိုတော့ ဘယ်သူမှလိုက်လို့မှီမယ်မထင်ပါဘူးနော်။ပုံမှာတွေ့မြင်ရတဲ့အတိုင်း ဒေါက်ဖိနပ်ကြီးအောက်က ဒေါက်ဖိနပ်အသေးလေးပါဝင်တဲ့ ဖက်ရှင်ဒီဇိုင်းကတော့ အားလုံးထဲမှာ အထူးဆန်းဆုံးဒီဇိုင်းဖြစ်မယ် ထင်ပါတယ်။ shwekhitonlinetv.com
၁၈။ ကြွက်သားမြင်ရစေတဲ့ဘောင်းဘီ

ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းကို မြင်ယောင်နေသလို ဖြစ်နေစေမယ့် ကိုယ်ကျပ်ဘောင်းဘီဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဒီလိုဘောင်းဘီကတော့ ဆေးပညာလေ့လာမယ့်သူတွေအတွက်တော့ အသုံးဝင်စေမယ့် ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com
၁၉။ အပြဲဒီဇိုင်းအင်္ကျီ

ရွေ့လျားလှတဲ့ ဖက်ရှင်ခေတ်ရေစီးကြောင်းမှာ အပြဲပုံစံပါဝင်တဲ့ အင်္ကျီနဲ့ ဘောင်းဘီတွေဟာလည်း ခေတ်စားလို့လာပါတယ်။ ဒါပေမယ့်လည်း ပုံမှာတွေ့မြင်ရမယ့် အပြဲအင်္ကျီဒီဇိုင်းကတော့ လိုတာထက်ပိုလွန်းနေတာကြောင့် အဆင်မပြေစေပါဘူးနော်။ shwekhitonlinetv.com
၂၀။ အမျိုးသားကိုယ်ထည်နဲ့စွပ်ကျယ်

နေလောင်ထားတဲ့ အမျိုးသားရဲ့ အရေပြားနဲ့တူညီတဲ့ စွပ်ကျယ်ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ထူးဆန်းလှသလို ဘယ်လိုမှအဆင်မပြေစေတဲ့ ဒီဇိုင်းပါပဲနော်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။