၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ကွယ်လွန်သွားပြီဖြစ်တဲ့ အဲလိဇဘက် ၂ ဘုရင်မကြီးဟာ သူမမကွယ်လွန်ခင်အချိန်အထိ တန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်သံပတ္တမြားပေါင်းများစွာကို စုဆောင်းခဲ့သူဖြစ်ပါတယ်။ သူမစုဆောင်းခဲ့သမျှ ကျောက်မျက်ရတနာပေါင်းများစွာရဲ့ ခန့်မှန်းခြေတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄ ဘီလီယမ်တန်ဖိုးရှိတယ်လို့ ဆိုကြပါတယ်။ တချို့ကျောက်သံပတ္တမြားများဟာ ရှေးယခင်က အုပ်စိုးခဲ့တဲ့ တော်ဝင်မျိုးနွယ်များရဲ့ လက်ဆင့်ကမ်းပေးအပ်ခဲ့တဲ့အရာများဖြစ်ပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် အင်္ဂလန်ဘုရင်မကြီးပိုင်ဆိုင်တဲ့ ကျောက်မျက်ရတနာများထဲကမှ တန်ဖိုးအကြီးဆုံးရတနာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၈။ Queen Alexandra’s Wedding Necklace

ဒီလည်ဆွဲကိုတော့ ဘုရင် အက်ဒဝပ် ၇ ကနေပြီး ဒိန်းမတ်နိုင်ငံရဲ့ဘုရင်မ အလက်ဇန်းဒရားကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပုလဲ ၃ လုံးရင်ထိုး ၊ စိန်နားကပ်နဲ့ သရဖူ တို့ပါဝင်တဲ့ လက်ဝတ်ရတနာတဆင်စာကိုလည်း ပေးအပ်ခဲ့ပါသေးတယ်။ လည်ဆွဲတခုတည်းနဲ့တင် ဒေါ်လာ ၃၅၈,၀၀၀ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ယခုချိန်မှာတော့ အဆိုပါလည်ဆွဲနဲ့ သရဖူတို့ဟာ အင်္ဂလန်ဘုရင်မကြီးရဲ့ လက်ဝတ်ရတနာစုဆောင်းမှုတွေထဲက တခုဖြစ်လို့နေပါပြီ။ shwekhitonlinetv.com
၇။ Queen Mary’s Diamond Bandeau Tiara

ပုံမှာတွေ့မြင်ရတဲ့ စိန်သရဖူကတော့ မင်းသား ဂျော့နဲ့ မင်းသမီး မေရီတို့ရဲ့ မင်္ဂလာဦးလက်ဆောင်ဖြစ်ပါတယ်။ ပလက်တီနမ်နဲ့ စိန်တို့ကို အသုံးပြုထားပြီး သရဖူရဲ့ထိပ်မှာတော့ စိန်တို့ကိုအဝိုင်းပုံစံအလှဆင်ထားပါတယ်။ ဘုရင်မ မေရီရဲ့ စိန်သရဖူ တန်ကြေးကတော့ ဒေါ်လာ ၂.၄ မီလီယမ်အထိ ရှိပါတယ်။ အဆိုပါစိန်သရဖူကို ဘုရင်မကြီးရဲ့မြေးဖြစ်သူ မင်းသားဟယ်ရီနဲ့ မီဂန်တို့ မင်္ဂလာဆောင်စဥ်အချိန်မှာလည်း မီဂန်ဝတ်ဆင်ထားတာကို တွေ့မြင်ရမှာပါ။ shwekhitonlinetv.com
၆။ Burmese Rubies Tiara

တန်ဖိုးကြီး မြန်မာ့ပတ္တမြားသရဖူကိုတော့ House of Garrand လို့ခေါ်တဲ့ အစဥ်အလာကြီးမားတဲ့ကျောက်မျက်ရတနာကုမ္ပဏီကနေ ၁၉၇၃ ခုနှစ်မှာ အော်ဒါတင်ပြီးမှာယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ပတ္တမြား ၉၆ ခုကို အသုံးပြုပြီးအလှဆင်ထားတဲ့ ဒီသရဖူရဲ့မူလအစဟာ မြန်မာနိုင်ငံမှ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဘုရင်မကြီးရဲ့မွေးနေ့မှာ နာမကျန်းမှုများနဲ့ ကံမကောင်းမှုများဆီမှ ကာကွယ်နိုင်စေဖို့အတွက် ရည်ရွယ်ပြီး မြန်မာ့ပတ္တမြားသရဖူကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့ပတ္တမြားသရဖူရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၆ မီလီယမ်အထိ တန်ကြေးရှိပါတယ်။ shwekhitonlinetv.com
၅။ Oriental Circlet Tiara

Oriental Circlet သရဖူကတော့ ဘုရင်မကြီးရဲ့ တန်ဖိုးအကြီးဆုံးကျောက်မျက်ရတနာတွေထဲက တခုပဲဖြစ်ပါတယ်။ တန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၇.၂ မီလီယမ်ရှိမယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းကြပါတယ်။ ဘုရင်မကြီးရဲ့ဘိုးဘေးတဦးဖြစ်တဲ့ မင်းသားအဲလ်ဘက်ကနေပြီး ကြင်ယာတော် ဘုရင်မဗစ်တိုးရီးယားအတွက် ၁၈၅၃ ခုနှစ်မှာ ဖန်တီးပြုလုပ်ပေးခဲ့တဲ့ သရဖူဖြစ်ပါတယ်။ Oriental Circlet သရဖူကို စိန်အလုံးရေ ၂၆၀၀ နဲ့အတူ မဟူရာကျောက်ထည့်သွင်းပြီး အလှဆင်ထားပါတယ်။ ဒါပေမယ့်လည်း ဘုရင်မ အလက်ဇန်းဒရားလက်ထပ်မှာတော့ ပါဝင်တဲ့ကျောက်အရေအတွက်တချို့ကို လျှော့ချခဲ့တယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com
၄။ The Grand Duchess Vladimir Tiara

၁၉၂၁ ခုနှစ်က ဘုရင်မ မေရီရဲ့သရဖူဖြစ်ပြီး ဒီသရဖူကတော့ အဲလိဇဘက် ၂ ဘုရင်မကြီးရဲ့အကြိုက်ဆုံးထဲက တခုဖြစ်ပါတယ်။ စိန်တွေနဲ့ ပတ်လည်ဝိုင်းထားတဲ့အကွင်းတွေရဲ့အလည်မှာ အရည်အသွေးမြင့်ပုလဲကို ထည့်သွင်းပြီး အလှဆင်ထားတာကိုတွေ့ရမှာပါ။ ရုရှားသရဖူတခုဖြစ်ပြီး ရုရှားတော်လှန်ရေးအပြီးမှာ ဘေးကင်းလုံခြုံရာလန်ဒန်မြို့ကို ပြောင်းရွှေ့ခိုလှုံလာတဲ့ ရုရှားတော်ဝင်မိသားစုထံမှ သရဖူလို့လည်း ယုံကြည်ကြပါတယ်။ shwekhitonlinetv.com

ရုရှားတော်ဝင်မိသားဝင်တဦးဖြစ်သူဟာ ရုရှားနန်းတော်ထဲကို ခိုးဝင်ရောက်ပြီး ရုရှားတော်ဝင်မိသားစုပိုင် ကျောက်သံပတ္တမြားအများအပြားကို ခိုးဝှက်ယူဆောင်လာခဲ့ရာမှာ ယခုတွေ့မြင်ရတဲ့ ရုရှားသရဖူ အပါအဝင်ဖြစ်ပါတယ်။ ထို့နောက်မှာတော့ လန်ဒန်မှာခိုလှုံပြီးဆက်လက်နေထိုင်နိုင်ဖို့အတွက် ပါလာသမျှ ကျောက်မျက်ရတနာများကို လေလံတင်ရောင်းချခဲ့ပါတယ်။ ဘုရင်မ မေရီဟာ ကျောက်မျက်ကြိုက်သူတဦးဖြစ်တဲ့အတွက် အဆိုပါ ရုရှားသရဖူကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့အလှဆုံးသရဖူတွေထဲက တခုဖြစ်တဲ့ ရုရှားသရဖူရဲ့ တန်ကြေးကတော့ အမေရိကန်ဒေါ်လာ ၁၃ မီလီယမ်အထိ ရှိပါတယ်။ shwekhitonlinetv.com
၃ ။ Greville Emerald Kalashnikov Tiara

၁၉၂၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသမီးကြီး မာဂရက် ဂရက်ဗက်လ် ရဲ့ သရဖူတခုဖြစ်ပါတယ်။ ဒီသရဖူကိုတော့ ရှေးခေတ်ရုရှားအမျိုးသမီးများရဲ့ ဦးခေါင်းထက်က ခေါင်းအဆောင်းများရဲ့ ပုံစံကိုယူပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တန်ကြေးအနေနဲ့ ဒေါ်လာ ၁၃ မီလီယမ်အထိ ရှိပါတယ်။ shwekhitonlinetv.com
၂။ Williamson Diamond Brooch

ကမ္ဘာ့ရှားပါးပန်းရောင်ကျောက်နဲ့ပြုလုပ်ထားတဲ့ ရင်ထိုးဖြစ်ပါတယ်။ ဘုရင်မကြီးပိုင်ဆိုင်တဲ့ စျေးအကြီးဆုံးကျောက်မျက်ရတနာစာရင်းရဲ့ ထိပ်တန်းမှာပါဝင်တဲ့ ဒီရင်ထိုးဟာ အမေရိကန်ဒေါ်လာ ၃၀ မီလီယမ်အထိ တန်ကြေးရှိပါတယ်။ ကနေဒါဘူမိဗေဒပညာရှင် ဒေါက်တာ John Thorburn Williamson က သူ့ရဲ့မိုင်းတွင်းကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ အဆိုပါရှားပါးပန်းရောင်ကျောက်ကို ဘုရင်မကြီးရဲ့မင်္ဂလာလက်ဆောင်အဖြစ် ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ရှားပါးပန်းရောင်ကျောက်ကို စိန်အလုံးရေ ၂၀၀ နဲ့ဝန်းရံထားပြီး ပန်းပွင့်ပုံစံပြုလုပ်ထားတဲ့ အဆိုပါရင်ထိုးဟာ ဘုရင်မကြီးမကြာခဏဝတ်ဆင်လေ့ရှိတဲ့ ကျောက်မျက်ရတနာတွေထဲက တခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁ ။ Nizam Of Hyderabad Necklace

စိန်အလုံးရေပေါင်း ၅၀ ထက်မနည်းပါဝင်တဲ့ ဒီစိန်လည်ဆွဲကတော့ ဘုရင်မကြီးရဲ့ ကျောက်မျက်ရတနာစုဆောင်းမှုတွေထဲက တန်ဖိုးအကြီးဆုံးလည်ဆွဲဖြစ်ပါတယ်။ ကမ္ဘာ့စျေးအကြီးဆုံးလည်ဆွဲတခုဖြစ်ပြီး တန်ကြေးအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၇၉.၈ မီလီယမ်အထိ ရှိတယ်လို့ Jewellerybox UK ရဲ့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။ shwekhitonlinetv.com

ဘုရင်မကြီးနန်းမတက်ခင် မင်းသမီးဘဝက အိန္ဒိယအုပ်ချုပ်သူ သူကြွယ်တဦးကနေပြီး သူ့ရဲ့ပိုင်ဆိုင်သမျှထဲက မင်းသမီးကြိုက်နှစ်သက်တဲ့ ကျောက်မျက်ရတနာများကို စိတ်ကြိုက်ရွေးချယ်စေခဲ့ပါတယ်။ မင်းသမီးက ပန်းသုံးပွင့်ဆိုင် သရဖူတခုနဲ့ ဒီစိန်လည်ဆွဲကို လက်ဆောင်အဖြစ် ရွေးယူခဲ့ပါတယ်။ ပလက်တီနမ်နဲ့ပြုလုပ်ထားပြီး စိန်အလုံးရေပေါင်း ၅၀ ထက်မနည်းပါဝင်တဲ့ အဆိုပါစိန်လည်ဆွဲကို ဘုရင်မကြီးဟာ သူမရဲ့နန်းတက်ပွဲမတိုင်ခင်အချိန်ကတည်းက မကြာခဏဝတ်ဆင်လေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။