ပြီးခဲ့တဲ့ အင်္ဂါနေ့ မှာတော့ ဂျပန်နိုင်ငံ Shizuoka စီရင်စု၊ Hamamatsu မြို့ရှိ Enshuhama ကမ်းခြေမှာ ကောင်းကင်ကနေ အမျိုးအမည်မသိတဲ့ ဘောလုံးသဏ္ဍာန်အရာတစ်ခု ထူးဆန်းစွာပြုတ်ကျလာခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ဒီဘောလုံးသဏ္ဍာန်အရာဝတ္ထုကြီးကို ဒေသစံတော်ချိန် (၈း၄၅) မှာ ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့ကြတာဖြစ်ပြီး ရဲတွေကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အာဏာပိုင်တွေက ကမ်းခြေကိုသွားလာခွင့် ပိတ်ပင်လိုက်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို စတင်လုပ်ကိုင်ခဲ့ကြပါတယ်။ shwekhitonlinetv.com
ဒီအရာဟာ အချင်း (၄.၉) ပေရှိပြီး လုံးဝန်းတဲ့သဏ္ဍာန်ရှိကာ သတ္ထုတစ်မျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့အရာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက အကြမ်းဖျင်းကောက်ချက်ချထားကြပါတယ်။ လက်ရှိအချိန်မှာတော့ ကမ်းခြေစောင့်တပ်ဖွဲ့တွေထံကို ဒီအရာဟာ သူတို့ဆီက ကာကွယ်ရေးဆိုင်ရာ မီးပုံးပျံဟုတ်၊ မဟုတ်၊ မိုးလေဝသဘောလုံး ဟုတ်၊မဟုတ် မေးမြန်းထားပြီး လေ့လာမှုတွေပြုလုပ်လျက်ရှိပါတယ်။ shwekhitonlinetv.com

တစ်ကယ်လို့သာ ကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့ စောင့်ကြည့်ရေးမီးပုံးပျံတွေထဲက တစ်ခုသာမဟုတ်ခဲ့ရင်တော့ ဒီလုံးဝန်းတဲ့အရာကြီးဟာ ဘာဖြစ်မလဲဆိုတာအတော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ပဟေဠိဖြစ်လာဖို့ရှိနေပါတယ်။ လတ်တလောမှာတော့ အခြေအနေသေးစိတ်ကိုသိရှိရခြင်းမရှိသေးတာကြောင့် အာဏာပိုင်တွေကတိကျစွာထုတ်ပြန်ကြေညာခြင်းမျိုးမရှိသေးပါဘူး။ shwekhitonlinetv.com
ထူးထူးဆန်းဆန်းအကြောင်းအရာတွေနဲ့ ပတ်သတ်တဲ့သတင်းတွေကို စိတ်ဝင်စားတဲ့ ရွှေခေတ်ပရိသတ်ကြီးအတွက် ဒီဘောလုံးကြီးနဲ့ပတ်သတ်တဲ့နောက်ဆက်တွဲသတင်းတွေကို ထပ်မံဖော်ပြပေးသွားပါမယ်နော် ….. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။