ဒီကနေ့ကမ္ဘာပေါ်မှာတည်ရှိတဲ့ အထင်ကရနေရာတွေကတော့ ရေတွက်လို့မကုန်ခမ်းနိုင်လောက်အောင်ကိုများပြားလှပါတယ်။ အဲ့ဒီထဲကမှ အထင်ရှားဆုံးနဲ့ လူသိအများဆုံးနေရာ (၁၀) ခုကိုရွှေခေတ်ပရိသတ်တွေအတွက် ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်နော် ….. shwekhitonlinetv.com
၁။ Statue of Liberty

လေဘာတီရုပ်တုလို့လူသိများတဲ့ Statue of Liberty ကတော့ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာတည်ရှိတာဖြစ်ပါတယ်။ ကြေးနီတွေနဲ့သွန်းလုပ်ထားတဲ့ ဒီရုပ်တုကြီးဟာ ပြင်သစ်ကနေ အမေရိကန်ကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့တဲ့ ရုပ်တုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Taj Mahal

တာ့ချ်မဟာ (Taj Mahal) ကတော့ အိန္ဒိယနိုင်ငံ ယမုံနာမြစ်ရဲ့ ညာဖက်ကမ်းမှာရှိတဲ့ ဂူဗိမာန်ဖြစ်ပါတယ်။ ဧကရာဇ် Shan Jahan (၁၆၂၈-၁၆၅၈) က သူ့ရဲ့အချစ်ဆုံးဇနီးဖြစ်တဲ့ Mumtaz Mahal အတွက် စကျင်ကျောက်တွေနဲ့ ဆောက်လုပ်ပေးခဲ့တဲ့ ဂူဗိမာန်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Great Wall of China

တရုတ်ပြည်မှာရှိတဲ့ မဟာတံတိုင်းကြီး (Great Wall) ကတော့ မိုင်ပေါင်း (၁၃၁၇၀.၇၀) ရှည်လျားတဲ့ အံ့ဖွယ်တံတိုင်းကြီးဖြစ်ပါတယ်။ မဟာတံတိုင်းကြီးကို မင်မင်းဆက်လက်ထက်မှာ (၁၃၆၈-၁၆၄၄) ကာကွယ်ရေး၊ နယ်စပ်ထိန်းချုပ်မှု၊ အခွန်စည်းကြပ်မှုစတဲ့ ရည်ရွယ်ချက်များစွာနဲ့ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Pyramids of Giza

အီဂျစ်နိုင်ငံဂီဇာမြို့မှာရှိတဲ့ ဂီဇာပိရမစ်ကြီးကတော့ အီဂျစ်နိုင်ငံမှာရှိတဲ့ ပိရမစ်တွေထဲမှာအကြီးဆုံးပိရမစ်ကြီးဖြစ်ပါတယ်။ ဒီပိရမစ်ကြီးဟာ အီဂျစ်ပြည်ရဲ့ စတုတ္ထမြောက် ဖာရိုဘုရင် ကူဖူရဲ့ ဂူသချိုင်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Eiffel Tower

Eiffel Tower ကတော့ ပြင်သစ်နိုင်ငံပဲရစ်မြို့မှာတည်ရှိတဲ့ မျှော်စင်တစ်ခုဖြစ်ပါတယ်။ ၁၈၈၇ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့မှာတည်ဆောက်ခဲ့တာဖြစ်ပြီး အောက်ခြေကနေ ထိပ်ဖျားအထိ ၃၃၀ မီတာ (၁၀၈၃ ပေ) မြင့်ပါတယ်။ shwekhitonlinetv.com
၆။ Colosseum

အီတလီနိုင်ငံရောမမြို့မှာရှိတဲ့ Colosseum ကတော့ ရှေးခေတ်က စီးချင်းထိုးပွဲ၊ တိရိစ္ဆာန်အမဲလိုက်ပွဲ၊ ကွပ်မျက်ပွဲ စတာတွေကိုပြုလုပ်ရာမှာ ကြည့်ရှုဖို့အတွက် ဆောက်လုပ်ခဲ့တဲ့ရှေးဟောင်း ပွဲကြည့်စင်တစ်ခုဖြစ်ပါတယ်။ ပရိသတ် (၅၀၀၀၀) ကနေ (၈၀၀၀၀) လောက်အထိဝင်ဆန့်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၇။ Big Ben

အင်္ဂလန်နိုင်ငံ ဝက်မင်စတာနန်းတော် (Westminster Palace) ရဲ့ မြောက်ဘက်မှာရှိတဲ့ ကြီးမားတဲ့နာရီစင်ကြီးဖြစ်ပါတယ်။ မူလက သာမန်နာရီစင်အဖြစ်သာခေါ်ဝေါ်ခဲ့ကြပေမယ့် ၂၀၁၂ ခုနှစ်မှာတော့ ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီးရဲ့စိန်ရတုမွေးနေ့အထိမ်းအမှတ်အဖြစ် Elizabeth Tower လို့ပြောင်းလဲမှည့်ခေါ်ခဲ့ပါတယ်။ shwekhitonlinetv.com
၈။ Golden Gate Bridge

လှပခံ့ညားလှတဲ့ Golden Gate တံတားကြီးကတော့ ဆန်ဖရန်စစ္စကိုပင်လယ်အော်နဲ့ ပစိဖိတ်သမုဒ္ဒရာကိုဆက်သွယ်ထားတဲ့ အရှည် (၁) မိုင်နီးပါးရှိတဲ့ တံတားကြီးဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုကျွန်းဆွယ်နဲ့ မြောက်ဘက်မှာရှိတဲ့ မာရင်ကောင်တီကို ချိတ်ဆက်ထားတဲ့ တံတားလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Sydney Opera House

Sydney Opera House ကတော့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဆစ်ဒနီဆိပ်ကမ်းရဲ့အရှေ့ဘက်ကမ်းမှာရှိတဲ့ ဖျော်ဖြေရေးအဆောက်အအုံတစ်ခုဖြစ်ပါတယ်။ ၂၀ ရာစုဗိသုကာလက်ရာတစ်ခုဖြစ်တဲ့ Sydney Opera House ဟာကမ္ဘာ့အကျော်ကြားဆုံးနဲ့ အထင်ရှားဆုံး ကဇာတ်ရုံတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Stonehenge

ဒေါင်လိုက်ထောင်ထားတဲ့ကျောက်တုံးကြီးတွေနဲ့ ဝန်းပတ်ထားတဲ့ Stonehenge ကတော့ အင်္ဂလန်နိုင်ငံ Wiltshire အရပ်ဒေသမှာရှိပြီး သမိုင်းမတင်မီခေတ်ကတည်းက တည်ရှိခဲ့တဲ့ အထင်ကရနေရာတစ်ခုဖြစ်တယ်လို့သိရပါတယ်။ ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်နေရာတွေထဲက တစ်ခုဖြစ်ပြီး နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားအများအပြားလာရောက်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။