ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်က သြစတြေးလျနိုင်ငံရဲ့ ဝေးလံခေါင်သီလှတဲ့ ဒေသလေးတစ်ခုမှာ ရှားပါးတဲ့ ရာသီဥတုဖြစ်စဉ်နဲ့ကြုံတွေ့ခဲ့ရပြီး ငါးအရှင်တွေ ကောင်းကင်ပေါ်ကနေ နေရာအနှံ့ပြုတ်ကျလာခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

New York Post သတင်းစာရဲ့အဆိုအရတော့ သြစတြေးလျနိုင်ငံ Darwin မြို့ရဲ့ တောင်ဘက် မိုင် (၅၆၀) ခန့်အကွာမှာရှိတဲ့ Lajamanu ဆိုတဲ့ မြို့ငယ်လေးမှာဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။ ဒီမြို့ငယ်လေးဟာ ပုံမှန်အားဖြင့်တော့ မိုးနည်းပြီးခြောက်ကပ်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပြီး ကောင်းကင်ပေါ်ကနေငါးတွေပြုတ်ကျလာခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

မိုးသည်းထန်စွာရွာနေချိန်မှာ “ငါးအရှင်လတ်လတ်တွေမိုးပေါ်ကကျလာခဲ့လို့ ဒေသခံတွေအံ့အားသင့်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကတော့ ကျွန်တော်တို့ဒေသကိုမုန်းတိုင်းကြီးတစ်ခု ဦးတည်လာနေတယ်လို့ မိုးလေဝသတင်းတွေမှာဖော်ပြခဲ့ပါတယ်” လို့ Lajamanu ဒေသခံတစ်ဦးဖြစ်သလို မြို့ရဲ့ကောင်စီဝင်တစ်ဦးဖြစ်တဲ့ Andrew Johnson Japanangka က ABC သတင်းဋ္ဌာနကို ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

မိုးလေဝသပညာရှင်တွေကတော့ အဆိုပါဖြစ်ရပ်တွေဟာ မြစ်ချောင်း၊ ပင်လယ် စတဲ့နေရာမှာရှိတဲ့ ငါးတွေဟာ လေဆင်နှာမောင်းလိုပြင်းထန်တဲ့ ရာသီဥတုကြောင့် ဖြစ်နိုင်ကြောင်းခန့်မှန်းပြောဆိုကြပါတယ်။ လေဆင်နှာမောင်း ဒါမှမဟုတ် မုန်တိုင်းတစ်ခုဟာ ၎င်းတို့ မိုးရွာချမယ့်နေရာမရောက်ခင်အထိ မြေပြင်နဲ့ရေပြင်မှာရှိတဲ့ အရာတွေကို သယ်ဆောင်သွားတက်ကြတဲ့ ဖြစ်စဉ်တွေအရင်ကလည်း ရှိခဲ့ဖူးပါတယ်။ shwekhitonlinetv.com

Lajamanu ဒေသခံတွေကတော့ ကောင်းကင်ကနေ ပြုတ်ကျလာတဲ့ ငါးတွေကို လိုက်လံကောက်ယူစုဆောင်းခဲ့ကြပြီး ‘‘ဒါဟာ ဘုရားသခင်ရဲ့ ကောင်းချီးတစ်ခု” လို့ဆိုနေကြပါတယ်။ ဒီအဖြစ်မျိုးကို ယခင်ကကြုံဖူးခဲ့တဲ့ ဒေသခံတစ်ဦးကတော့ “အရင်ကဒီလိုအဖြစ်မျိုးကြုံတုန်းကဆို မနက်အိပ်ရာထချိန် လမ်းပေါ်မှာ ငါးတွေပြည့်နှက်နေခဲ့တာဗျ။ အဲ့ဒီတုန်းကမုန်တိုင်းနဲ့ပါလာတာကတော့ ငါးသေးသေးလေးတွေပါ” လို့ သူ့ရဲ့ကိုယ်တွေ့အဖြစ်ကို ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။ shwekhitonlinetv.com

တစ်ကယ်တော့ ဒီအဖြစ်ဟာ Lajamanu မှာပထမဆုံးဖြစ်ပွားခဲ့တာတော့ မဟုတ်ပါဘူး။ မှတ်တမ်းတွေအရဆိုရင် အခုလိုအဖြစ်မျိုးကို ၁၉၇၄ မှာတစ်ကြိမ်၊ ၂၀၀၄ မှာတစ်ကြိမ်၊ ၂၀၁၀ မှာတစ်ကြိမ်ကြုံဖူးခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။