ထိုင်းနိုင်ငံရဲ့အလှပဆုံး လိင်ပြောင်းအမျိုးသမီးဖြစ်သူ Poyd Treechada Petcharat ဟာ အမျိုးသားဖြစ်သူ Oak နဲ့ တရုတ်ရှေးရိုးရာပုံစံအတိုင်း မတ်လ ၂ ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ shwekhitonlinetv.com

Poyd Treechada Petcharat ကတော့ အလှမယ်ပြိုင်ပွဲများမှာ Miss Tiffany’s 2004 နဲ့ Miss International Queen 2004 ဆုတို့ကို ရရှိခဲ့ပြီး အလှပဆုံးလိင်ပြောင်းအမျိုးသမီးဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ shwekhitonlinetv.com

ထိုင်းသတင်းစာများရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦးဟာ ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှာ တရုတ်ရှေးရိုးရာ Peranakan နည်းလမ်းအတိုင်း မင်္ဂလာပွဲကို ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ် ။ Peranakan ရိုးရာကတော့ လွန်ခဲ့တဲ့ ၆ ရာစုကတည်းက ကျင်းပခဲ့တာဖြစ်ပြီး ပီနန် ၊ မလက္ကာ ၊ စင်ကာပူနဲ့ မလေးရှားတို့ကို ရွှေ့ပြောင်းနေထိုင်ခဲ့ကြတဲ့ တရုတ်လူမျိုးတို့ရဲ့ ဓလေ့ထုံးစံဖြစ်ပါတယ်။ shwekhitonlinetv.com

အမျိုးသား Oak ရဲ့ အဖိုးဖြစ်သူကတော့ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ တရုတ်လူမျိုးတဦးဖြစ်ပြီး သံဖြူတူးဖော်ခြင်းလုပ်ငန်းများနဲ့ ကြွယ်ဝချမ်းသာနေတဲ့ ဒိတ်ဒိတ်ကြဲသူဌေးကြီးတဦးလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

Oak တို့နှစ်ဦးရဲ့ မင်္ဂလာအခမ်းအနားကို အဖိုးဖြစ်သူပိုင်ဆိုင်တဲ့ ၈၄နှစ်သက်တမ်းရှိပြီဖြစ်တဲ့ Sino-colonial အမွေအနှစ်ခြံဝန်းကြီးထဲမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ထိုမင်္ဂလာပွဲကို နာမည်ကြီးသွားစေခဲ့တဲ့ နောက်ထပ်တချက်ကတော့ သတို့သားနဲ့ သတို့သမီးတို့ရဲ့ မင်္ဂလာဝတ်စုံတန်ဖိုးကြောင့်ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ဝတ်စုံတန်ဖိုးဟာ ထိုင်းဘတ်ငွေ ၂၀ မီလီယမ် ( အမေရိကန်ဒေါ်လာ ၅၇၀,၀၀၀ ) ထိရှိတယ်လို့ ဆိုပါတယ်။ သတို့သားနဲ့ သတို့သမီးတို့ရဲ့ မင်္ဂလာဝတ်စုံများကို လပေါင်းများစွာ အချိန်ယူပြီး ချုပ်လုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

သတို့သမီးရဲ့ မင်္ဂလာဝတ်စုံဟာ Peranakan ရိုးရာနည်းလမ်းအတိုင်း ရွှေချည်ထိုးများကို လက်နဲ့သာချုပ်လုပ်ဖန်တီးထားတဲ့ ဝတ်စုံပဲဖြစ်ပါတယ်။ ဒါ့အပြင် ရနောင်းခရိုင်မှ လက်မှုပညာသမားများရဲ့ လက်ရာဖြစ်တဲ့ ရွှေသရဖူကလည်း သန့်စင်တဲ့ရွှေများကိုသာ အသုံးပြုပြီး ပြုလုပ်ထားတဲ့ သရဖူဖြစ်ပါတယ်။ shwekhitonlinetv.com

မင်္ဂလာဝတ်စုံနဲ့ သရဖူကိုသာမက ဖိနပ်များကိုလည်း သဘာဝဆန်တဲ့ ရွှေရဲ့အရောင်အသွေးမျိုး ဖြစ်ပေါ်စေဖို့အတွက် သြစတေးလျနိုင်ငံမှ သိုးရဲ့အရေပြားနဲ့ ဖန်တီးချုပ်လုပ်ထားပါတယ်။ ထိုဖိနပ်များကိုတော့ ဖန်တီးချုပ်လုပ်ရာမှာ ဆရာတဆူဖြစ်တဲ့ Soapol Thirawong က ဒီဇိုင်းဆွဲပြီး ချုပ်လုပ်ပေးထားတာပါ။ shwekhitonlinetv.com

Poyd နဲ့ Oak တို့နှစ်ဦးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက သိကျွမ်းခဲ့သူများဖြစ်ပြီး Oak ဟာ သူမအချစ်ဆုံးသူငယ်ချင်းရဲ့ အကိုလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ ထိုင်းနိုင်ငံရဲ့ အလှပဆုံးလိင်ပြောင်းအမျိုးသမီးဖြစ်သူ Poyd ကတော့ ဖူးခက်ရဲ့ နာမည်အကြီးဆုံး မိသားစုဝင်တဦးဖြစ်လို့နေပါပြီ။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။