အမှတ်တံဆိပ်တစ်ခု ၊ ကုမ္ပဏီတစ်ခု ကမ္ဘာကျော်လောက်တဲ့အထိ အောင်မြင်ဖို့ဆိုတာ အလွန်ခက်ခဲလှတဲ့ ကိစ္စတစ်ရပ်ပါ။ ဒီနေ့ ကမ္ဘာကျော်နေတဲ့ ကုမ္ပဏီတွေဆိုတာကလည်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ပြီးကြိုးစားခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို ကမ္ဘာကျော်တဲ့အထိအောင်မြင်တဲ့ ကုမ္ပဏီတွေများစွာရှိတဲ့အထဲကမှ ဈေးကွက်ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ကုဋေပေါင်းထောင်နဲ့ချီပြီးတန်ကြေးရှိတဲ့ ကမ္ဘာအကြီးဆုံးကုမ္ပဏီကြီး (၁၀) ခုကို ရွှေခေတ်ပရိသတ်တွေအတွက် ဖော်ပြပေးပါရစေ ….. shwekhitonlinetv.com
၁၀။ Visa

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာအခြေစိုက်တဲ့ Visa ကတော့ နိုင်ငံတကာငွေကြေးဝန်ဆောင်မှု ကော်ပိုရေးရှင်းတစ်ခုဖြစ်ပါတယ်။ Visa ရဲ့ Credit Cards , Debit Cards , Prepaid Crads စတာတွေကြောင့် နိုင်ငံတကာအီလက်ထရွန်းနစ်ငွေပေးချေမှုစနစ်တွေကို လွယ်ကူလျှင်မြန်စေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Visa ဟာကမ္ဘာပေါ်မှာ (၁၀) ခုမြောက်တန်ဖိုးအကြီးဆုံး ကုမ္ပဏီဖြစ်ပြီး အမေရိကန်ဒေါ်လာ (၄၅၄.၂၈) ဘီလီယံ လောက်ဈေးကွက်တန်ကြေးရှိပါတယ်။ shwekhitonlinetv.com
၉။ Meta Platforms (Facebook)

Meta Platforms ကတော့ ဒီကနေ့လူသုံးအများဆုံးဆိုရှယ်လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook , Instagram နဲ့ WhatsApp တို့ကိုပိုင်ဆိုင်ထားပါတယ်။ Meta Platforms ဟာလည်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာပဲ ရုံးစိုက်တာဖြစ်ပြီး ဈေးကွက်တန်ကြေး အမေရိကန်ဒေါ်လာ (၄၆၅.၄၀) ဘီလီယံရှိပါတယ်။ shwekhitonlinetv.com
၈။ Telsa

Telsa ဟာဆိုရင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ အခြေစိုက်ပြီး လျှပ်စစ်ကား၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မျာ နှင့် ဉာဏ်ရည်တု (Artificial Intelligence) နည်းပညာတွေကိုဖန်တီးထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဈေးကွက်တန်ဖိုးအရတော့ Telsa ဟာကမ္ဘာပေါ်မှာ (၈) ခုမြောက်အကြီးဆုံးကုမ္ပဏီဖြစ်ပြီး အမေရိကန်ဒေါ်လာ (၅၄၈.၇၈) ဘီလီယံတန်ကြေးရှိပါတယ်။ shwekhitonlinetv.com
၇။ NVIDIA

NVIDIA ကတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာမြို့မှာအခြေစိုက်တဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ပတ်သက်တဲ့ ဂရပ်ဖစ်ကတ်တွေ ချစ်ပ်ပြားတွေ စတဲ့ Hardware ပစ္စည်းတွေကိုတီထွင်ထုတ်လုပ်သလို Sotfware တွေကိုလည်းရေးဆွဲတဲ့ကုမ္ပဏီတစ်ခုလို့ လူသိများပါတယ်။ ဒီကုမ္ပဏီကြီးရဲ့ ဈေးကွက်ရင်းနှီးမြုပ်နှံမှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၅၂၇.၂၈) ဘီလီယံရှိပြီး ကမ္ဘာပေါ်မှာ (၇) ခုမြောက်တန်ဖိုးအကြီးဆုံး ကုမ္ပဏီကြီးဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Berkshire Hathaway

အာမခံလုပ်ငန်း၊ အိမ်ခြံမြေအကျိုးဆောင်၊ အစုရှယ်ယာရာထူး နဲ့ အခြာငွေချေးစာချုပ်တွေနဲ့သက်ဆိုင်တဲ့ကိစ္စတွေကို အဓိကဆောင်ရွက်တဲ့ Berkshire Hathaway ကုမ္ပဏီကတော့ အမေရိကန်နိုင်ငံ နီဘရာဆကာပြည်နယ်က အိုမားဟားမြို့မှာအခြေစိုက်ပါတယ်။ ဒီကုမ္ပဏီကြီးရဲ့ ဈေးကွက်ရင်းနှီးမြုပ်နှံမှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၆၆၆.၃၈) ဘီလီယံဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Amazon

Amazon.com ကတော့ကမ္ဘာပေါ်မှာနာမည်အကျော်ကြားဆုံး e-commerce ကုမ္ပဏီတစ်ခုဖြစ်သလို Cloud Computing , Online Advertising , Digital Streaming နဲ့ Artificial Intelligence (AI) ဆိုင်ရာနိုင်ငံပေါင်းစုံ နည်းပညာကုမ္ပဏီကြီးဖြစ်ပါတယ်။ အိုင်တီနဲ့သက်ဆိုင်တဲ့ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီကြီး (၅) ခုမှာလည်းတစ်ခုအပါအဝင်ဖြစ်တဲ့ Amazon.com ရဲ့ရင်းနှီးမြုပ်နှံမှုတန်ဖိုးက အမေရိကန်ဒေါ်လာ (၉၂၉.၇၃) ဘီလီယံရှိပါတယ်။ shwekhitonlinetv.com
၄။ Alphabet (Google)

ကယ်လီဖိုးနီးယားပြည်နယ် Mountain View မှာရှိတဲ့ Alphabet ကုမ္ပဏီကတော့ ယခင် Google ကို ၂၀၁၅ ခုနှစ်မှာ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ပြီး အမည်ပြောင်းထားတာဖြစ်ပါတယ်။ ဒီ ဘက်ခေတ်မှာ Google ဆိုရင်မသိသူမရှိလောက်အောင်ကျော်ကြားပြီး ဈေးကွက်ရင်းနှီးမြုပ်နှံမှုတန်ဖိုးကလည်း
အမေရိကန်ဒေါ်လာ ကုဋေတစ်ထောင်ကျော် (၁.၁၆၃ ထရီလီယံ) ထိရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Microsoft

ဒီစာရင်းရဲ့ နံပါတ် (၃) နေရာမှာရှိတာကတော့ ကမ္ဘာကျော်အိုင်တီကုမ္ပဏီကြီးဖြစ်တဲ့ မိုက်ခရိုဆော့ဖ် (Microsoft) ကရပ်တည်နေပါတယ်။ ကမ္ဘာကျော်သူဋ္ဌေးကြီး ဘီလ်ဂိတ်ရဲ့ မိုက်ခရိုဆော့ဟာ ဈေးကွက်ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၁.၈၅၀ ထရီလီယံ) ရှိပါတယ်။ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကြီးရဲ့ ရုံးချုပ်ကတော့ အမေရိကန်နို်င်ငံ ဝါရှင်တန်မြို့မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Saudi Aramco

ကမ္ဘာ့ဒုတိယတန်ဖိုးအကြီးဆုံးကုမ္ပဏီကြီး Saudi Aramco ကတော့ ဒီစာရင်းမှာပါဝင်တဲ့ကုမ္ပဏီတွေထဲမှာ အမေရိကန်နိုင်ငံမှာ အခြေစိုက်တာမဟုတ်တဲ့ တစ်ခုတည်းသောကုမ္ပဏီပါ။ Saudi Aramco ရဲ့အဓိကစီးပွားရေးကတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အထိတော့ ကမ္ဘာပေါ်မှာဝင်ငွေအကောင်းဆုံးကုမ္ပဏီအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ဈေးကွက်ရင်းနှီးမြုပ်နှံမှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁.၉၂၄ ထရီလီယံ) ဖြစ်ပါတယ်။ ရုံးချုပ်တည်ရှိတာကတော့ ဆော်ဒီအာရေဗျနိုင်ငံ Dhahram မှာဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Apple

နံပါတ် (၁) နေရာမှာရှိတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီကြီးကတော့ iPhone , Mac လိုမျိုးအရည်အသွေးမြင့် အိုင်တီပစ္စည်းတွေကိုထုတ်လုပ်တဲ့ Apple ကုမ္ပဏီကြီးပဲဖြစ်ပါတယ်။ သူတို့ရဲ့အဓိကလုပ်ငန်းတွေကတော့ အီလက်ထရောနစ်နဲ့သက်ဆိုင်ရဲ့ ပစ္စည်းတွေ ဆော့ဖ်ဝဲ နဲ့ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတွေပဲဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့စတော့ဈေးကွက်မှာ Apple ကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံမှုတန်ဖိုးက အမေရိကန်ဒေါ်လာ (၂.၃၄၉ ထရီလီယံ) ထိရှိပါတယ်။ ရုံးစိုက်တာကတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Cupertino မှာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။