ခန္ဓာကိုယ်ရဲ့ ပန်းချီကားတခုလို့ တင်စားခေါ်ဝေါ်ရမယ့် တက်တူးဒီဇိုင်းတွေဟာ ယနေ့ခေတ်မှာတော့ ပိုမိုဆန်းပြားလာခဲ့ပြီပဲဖြစ်ပါတယ်။ အရောင်အသွေးစုံလင်စွာနဲ့ လှပတဲ့ တက်တူးများရှိသလို အဖြူအမည်း အရောင်နှစ်မျိုးကိုသာအသုံးပြုပြီး ရေးဆွဲတဲ့ တက်တူးဒီဇိုင်းများလည်း ရှိပါတယ်။ shwekhitonlinetv.com

ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးဆန်းပြီး အမြင်အာရုံကို လှည့်စားလွန်းတဲ့ တက်တူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ လက်ရာမြောက်လွန်းတဲ့ တက်တူးများကြောင့် မူးနောက်သွားစေမယ့် ခံစားချက်ကို ရရှိသွားမယ်ဆိုတာ သေချာပါတယ်။ shwekhitonlinetv.com

Yatzil Elizalde ဆိုတဲ့ တက်တူးပညာရှင် အမျိုးသမီး ဖန်တီးခဲ့တဲ့ တက်တူးများဟာ ၂ ထပ်မြင် ၊ ၃ ထပ်မြင်တွေသာမက တခါတလေမှာ ၄ထပ်မြင်ပုံရိပ်တွေအထိပါ ဖန်တီးခဲ့ပါတယ်။ Yatzil Elizalde ဆိုသူဟာ မက်ဆီကိုနိုင်ငံက တက်တူးပညာရှင်တဦးဖြစ်ပြီး နှစ်ထပ်တက်တူးဒီဇိုင်းများကြောင့် ကျော်ကြားလာခဲ့သူပါ။ shwekhitonlinetv.com

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ Yatzil Elizalde ဟာ မက်ဆီကိုနိုင်ငံ Hermosillo မြို့မှာနေထိုင်ပြီး White Light လို့အမည်ရတဲ့ တက်တူးစတူဒီယိုကို ဖွင့်လှစ်ထားပါတယ်။ အဖြူအမည်းလိုင်းများကိုသာ အသုံးပြုပြီး အမြင်အာရုံကို လှည့်စားစေတဲ့ တက်တူးများကိုသာ ရေးဆွဲခြင်းဟာ သူမရဲ့ ကိုယ်ပိုင်ဒီဇိုင်းလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

သူမရဲ့လက်ရာ တက်တူးများဟာ ထပ်တူညီနေတဲ့ အဖြူအမည်း တက်တူးဒီဇိုင်းများကို ၂ထပ် ၃ ထပ် ဆွဲပြီး အမြင်အာရုံကို မူးနောက်စေတဲ့ ဒီဇိုင်းများပဲ ဖြစ်ပါတယ်။ မသောက်ပဲနဲ့ မူးနောက်သွားစေမယ့် ဒီဇိုင်းများဖြစ်တာကြောင့် တော်ရုံလူများ ကြာရှည်စိုက်မကြည့်နိုင်ဖြစ်စေမှာပါ။ shwekhitonlinetv.com

အခကြေးငွေအနေနဲ့ တက်တူးရဲ့ အရွယ်အစား ၊ ပုံစံဒီဇိုင်းနဲ့ တက်တူးထိုးမယ့်နေရာတွေပေါ်မှာ မူတည်ပြီး စျေးအမျိုးမျိုးရှိပါတယ်။ အဲ့ဒီလို အနေအထားပေါ်မှာ မူတည်ပြီး နာရီပိုင်းအလိုက် ဒေါ်လာ ၂၅၀ ကနေ ၃၅၀ အထိ ရှိတာကြောင့် စျေးမြင့်တဲ့ တက်တူးဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

တက်တူးပုံများဟာ များသောအားဖြင့် ကာတွန်းရုပ်များ ၊ လူရုပ်ပုံများနဲ့ တိရစ္ဆာန်ရုပ်လေးများကို ရိုးရိုးရှင်းရှင်းဆွဲထားတာ ဖြစ်ပါတယ်။ သူမဆွဲထားတဲ့ တက်တူးများကို ဘယ်လိုပုံစံတွေလဲဆိုတာ သေချာလေ့လာချင်တယ်ဆိုရင်တော့ မျက်စိရှင်ရှင်ထားနိုင်မှ ဖြစ်မှာပါ။ shwekhitonlinetv.com

ဒီလိုမျိုး အမြင်အာရုံကို မူးနောက်ရှုပ်ထွေးသွားစေမယ့် တက်တူးတွေကို ဖန်တီးရတာဟာ သူမရဲ့ မွေးရာပါရှုပ်ထွေးမှုတချို့ကြောင့်လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ အမြင်အာရုံကို စိန်ခေါ်တဲ့ တက်တူးများပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

သူမရဲ့ တက်တူးတွေကို ငေးစိုက်ကြည့်တဲ့သူတွေရဲ့ အမြင်အာရုံကို ဝေဝါးမူးနောက်စေတယ်လို့ စဥ်းစားမိရုံနဲ့တင် စိတ်ကျေနပ်ရတယ်လို့ သူမက ဆိုပါတယ်။ လူတိုင်းကို သူမရဲ့ တက်တူးတွေကနေတဆင့် ဒီလိုခံစားချက်တွေကို ပေးချင်တဲ့ စိတ်ဆန္ဒတွေ ပြည့်ဝတယ်လို့ ဆိုရမှာပါ။ shwekhitonlinetv.com

ရိုးရှင်းတဲ့လိုင်းသေးသေးလေးတခုကို ဆွဲလိုက်ရုံနဲ့တင် နောက်ထပ် အမြင်အာရုံကို ရှုပ်ထွေးသွားစေမယ့် ဒီဇိုင်းကို ဖန်တီးဖို့ စဥ်းစားမိစေတယ်လို့ သူမက အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ပါတယ်။ shwekhitonlinetv.com

အမြင်အာရုံကို မူးနောက်သွားစေမယ့် တက်တူးဒီဇိုင်းတွေကို ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။