တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ပစ္စည်းတွေ ဝယ်ယူတော့မယ်ဆိုရင် Shopping Mall တွေ ၊ စျေးတွေမှာ ကိုယ်တိုင်သွားပြီး ဝယ်လို့ရသလို Online က နေ ကိုယ်လိုချင်တာလေးတွေကို မှာပြီးဝယ်လို့လည်း ရနေပါပြီ။ ဒါပေမယ့် ဘယ်အရာမဆို အမြဲတမ်း ပြည့်စုံနေတာမရှိဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ။ Online Shop မှာလည်း သူ့ရဲ့ အားနည်းချက်လေးတွေ ရှိပါတယ်။ တစ်ခါတစ်လေ Customer နဲ့ ရောင်းတဲ့သူကြား နားလည်မှုလွဲပြီး ပစ္စည်းမှားပို့မိတာတွေလည်း ဖြစ်တတ်ပါတယ်။ shwekhitonlinetv.com
Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ အပျင်းပြေအောင် Online Shop ကနေ ပစ္စည်းတွေမှာရင်း လွဲသွားတဲ့ ပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ တစ်ခါတစ်လေတော့လည်း လွဲတတ်တဲ့ Online Shop က ပုံလေးတွေကို တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော်… shwekhitonlinetv.com
၁၀။ ကြော်ငြာထဲကပုံမှာတော့ Fashion ကျနေပေမယ့်လည်း ကိုယ်ဝယ်ပြီး ဝတ်လိုက်ရင်တော့ ဖရိုဖရဲပုံစံလည်း ဖြစ်သွားနိုင်ပါတယ်…

၉။ ကိုယ်မှာလိုက်တဲ့အကျီနဲ့ တစ်ကယ်ရောက်လာတဲ့ အကျီက မှန်းချက်နဲ့ နှမ်းထွက် မကိုက်သောအခါ…

၈။ Adidas Sneaker လေးလှလို့ မှာလိုက်ရာက အိပ်ယာစီးဖိနပ်လိုက်ရတဲ့ အမျိုးသား

၇။ ဒီဟာလေးကတော့ တော်တော်လေးကို လွဲနေတာပါ။ ခြေနင်းပြားမဟုတ်ပဲ ရေထည့်လို့ရတဲ့ ဇလုံနဲ့တောင် သွားဆင်နေပါသေးတယ်။

၆။ မျက်စိလျင်တဲ့သူတွေကတော့ ဘယ်နေရာ လွဲနေလည်း တန်းတွေ့မှာပါ။

၅။ ပုံထဲက အကျီလေးကြည့်ပြီး အပြင်မှာ ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေနိုင်တာမျိုးလည်း ရှိပါတယ်။

၄။ တစ်ခါတစ်လေ ကြော်ငြာပုံတွေထဲကလောက် အပြင်က အကျီတွေက မတူတာမျိုးလည်း ဖြစ်တတ်ပါတယ်။

၃။ ကြော်ငြာထဲမှာတော့ ခြုံစောင်ဖြစ်ပေမယ့်လည်း တစ်ကယ်ရောက်လာတာကတော့ အကျီအနေနဲ့ပဲ ဝတ်ရမလို ဖြစ်နေပါပြီ…

၂။ Deadpool Crazy တွေအနေနဲ့ ဘယ်ဘက်က ဝတ်စုံကိုမြင်ရင် စိတ်ညစ်သွားမိမှာ အမှန်ပါပဲ။

၁။ ကြော်ငြာမှာပြထားတဲ့ပုံနဲ့ တစ်ကယ်ရောက်လာတဲ့ ဖိနပ်ပုံတွေကတော့ တော်တော်လေးကို လွဲနေတာပါ။

တစ်ချို့တွေကျတော့ ပုံမှာပြထားတာနဲ့ တစ်ကယ် အိမ်ကိုလာပို့တဲ့အခါ ပစ္စည်း အရည်အသွေးရော ပုံစံတွေပါ လွဲနေတာလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဒီပုံလေးတွေဟာဆိုရင် Online Shop ကနေ မှာယူရင်း တလွဲဖြစ်သွားတာတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ တစ်ချို့ပုံတွေမှာဆိုရင် နာမည်ကြီး Amazon ကနေ ဝယ်တာတောင် ပစ္စည်းတွေက မှားသွားတာတွေလည်း ရှိပါတယ်။ shwekhitonlinetv.com
ဒါ့ကြောင့် Online Shop ကနေ ပစ္စည်းတွေ ဝယ်တော့မယ်ဆိုရင် ယုံကြည်ရတဲ့ ဆိုင်ကိုသာ ရွေးချယ်ဖို့နဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းကို သေချာမှာဖို့လည်း အရေးကြီးပါတယ်နော်။ အခုဖော်ပြပေးထားတာတွေကတော့ Online Shop ကနေမှာရင်း လွဲသွားတဲ့ အလွဲဓာတ်ပုံလေးတွေကို စုစည်း ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ ဒီပုံတွေဟာဆိုရင် ပရိသတ်ကြီး အပျင်းပြေဖို့အတွက် ဖော်ပြပေးထားတာဖြစ်လို့ ဟာသအမြင်နဲ့ ကြည့်ရှုပါနော်။ နောက်ပိုင်းတွေမှာလည်း အခုလို အပျင်းပြေကြည့်နိုင်မယ့် ပုံလေးတွေ ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးပါဦးနော်….. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။