ရွှေခေတ်ပရိသတ်ကြီးကိုအခုတစ်ခေါက်တင်ပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ကမ္ဘာပေါ်မှာကျွန်းပေါင်းမြောက်မြားစွာနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေက ကျွန်းပေါင်းဘယ်လောက်အထိတောင်ပိုင်ဆိုင်ထားသလဲကြည့်လိုက်ရအောင်နော် …… shwekhitonlinetv.com
၁။ ဆွီဒင် – (၂၆၇,၅၇၀)

ဒီစာရင်းရဲ့ပထမဆုံးနေရာမှာရှိတာကတော့ ဥရောပတိုက် စကင်ဒီနေးဗီးယန်းဒေသက ဆွီဒင်နိုင်ငံပဲဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံရဲ့ပိုင်နက်ထဲမှာရှိနေတဲ့ ကျွန်းအကြီးအသေးစုစုပေါင်းဟာဆိုရင် (၂၆၇,၅၇၀) ကျွန်းတောင်ရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ နော်ဝေ – (၂၃၉,၀၅၇)

ဆွီဒင်ပြီးရင်ကမ္ဘာပေါ်မှာကျွန်းတွေအများကြီးပိုင်ဆိုင်တဲ့နောက်ထပ်နိုင်ငံတစ်ခုကတော့ စကင်ဒီနေးဗီးယန်းဒေသက အေးချမ်းသာယာလှတဲ့ နော်ဝေ နိုင်ငံပါ။ နော်ဝေနိုင်ငံဟာလည်း ကျွန်းပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပြီး စုစုပေါင်း (၂၃၉,၀၅၇) ကျွန်းရှိပါတယ်။ shwekhitonlinetv.com
၃။ ဖင်လန် – (၁၇၈,၉၄၇)

စကင်ဒီနေးဗီးယန်းဒေသကပဲဖြစ်တဲ့ ဖင်လန်နိုင်ငံကတော့ ဒီစာရင်းမှာ တတိယနေရာမှာရှိပါတယ်။ ဖင်လန်နိုင်ငံအတွင်းမှာရှိတဲ့ကျွန်းပေါင်းက (၁၇၈,၉၄၇) ကျွန်းရှိပါတယ်။ shwekhitonlinetv.com
၄။ ကနေဒါ – (၅၃,၄၅၅)

မြောက်အမေရိကတိုက်က နယ်မြေဧရိယာကျယ်ဝန်းလှတဲ့ ကနေဒါနိုင်ငံကတော့ ဒီစာရင်းရဲ့ နံပါတ်(၄) နေရာမှာရှိပါတယ်။ ကနေဒါနိုင်ငံအနေနဲ့ ပိုင်ဆိုင်ထားတဲ့ကျွန်းပေါင်းက (၅၃,၄၅၅) ကျွန်းရှိပါတယ်။ shwekhitonlinetv.com
၅။ အမေရိကန်ပြည်ထောင်စု – (၁၈,၆၁၇)

မြောက်အမေရိကတိုက်က ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကတော့ ကျွန်းကြီးကျွန်းငယ်ပေါင်း (၁၈,၆၁၇) ကျွန်းပိုင်ဆိုင်ပြီး ဒီစာရင်းရဲ့အဆင့် (၅) နေရာမှာရပ်တည်လျှက်ရှိပါတယ်။ shwekhitonlinetv.com
၆။ အင်ဒိုနီးရှား – (၁၇,၅၀၈)

အင်ဒိုနီးရှားနိုင်ငံကလည်းကျွန်းပေါင်းများစွာပိုင်ဆိုင်ထားတယ်လို့ထင်ရပေမယ့် ဒီစာရင်းမှာတော့ အဆင့် (၆) နေရာမှာသာရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ပိုင်ဆိုင်တဲ့ကျွန်းအရေအတွက်က (၁၇,၅၀၈) သာရှိပါတယ်။ shwekhitonlinetv.com
၇။ သြစတြေးလျ – (၈,၂၂၂)

သြသတြေးလျတိုက်က သြသတြေးလျနိုင်ငံဟာလည်း သမုဒ္ဒရာပိုင်းဇုန်မှာကျွန်းပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲ့ဒီမှာရှိတဲ့ကျွန်းပေါင်း (၈,၂၂၂) ဟာ သြစတြေးလျနိုင်ငံက ပိုင်ဆိုင်တာဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ ဖိလစ်ပိုင် – (၇,၆၄၁)

အရှေ့တောင်အာရှက ဖိလစ်ပိုင်နိုင်ငံကလည်း ကျွန်းပေါင်း (၇) ထောင်ကျော်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံပါ။ အတိအကျဆိုရင်တော့ ကျွန်းပေါင်း (၇,၆၄၁) ကို ဖိလစ်ပိုင်နိုင်ငံကပိုင်ဆိုင်ထားတာပါ။ shwekhitonlinetv.com
၉။ တရုတ် – (၆,၉၆၁)

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၉) နေရာမှာရှိပါတယ်။ တရုတ်နိုင်ငံက ကုန်းမြေဧရိယာကြီးမားလှသလို ရေထဲမှာလည်း ကျွန်းပေါင်း (၆,၉၆၁) ကိုပိုင်ဆိုင်ထားပါတယ်။ shwekhitonlinetv.com
၁၀။ ဂျပန် – (၆,၈၅၂)

ဂျပန်နိုင်ငံကတော့ ဒီစာရင်းရဲ့ နံပါတ် (၁၀) နေရာမှာရှိပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ လူနေလို့ရတာရော လူနေလို့မရတဲ့ ကျွန်းတွေအားလုံးပေါင်းလိုက်ရင် (၆,၈၅၂) ကျွန်းလောက်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။