ဒီကနေ့ ကမ္ဘာပေါ်မှာမသိသူမရှိလောက်အောင် အောင်မြင်ကျော်ကြားနေတဲ့ ဆယ်လီတွေထဲမှာ အောင်မြင်ကျော်ကြားမှ ချမ်းသာကြွယ်ဝလာတဲ့သူတွေရှိသလို ငယ်စဉ်ကတည်းက အလွန်ချမ်းသာတဲ့ မိသားစုကနေဆင်းသက်လာတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒီလို ဆယ်လီတွေထဲက ပရိသတ်တွေနဲ့ အရင်းနှီးဆုံးဖြစ်မယ်လို့ ထင်တဲ့သူတွေကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com
၁။ Lady Gaga

Lady Gaga ကတော့အားလုံးသိတဲ့ Megastar တစ်ဦးဖြစ်ပါတယ်။ သူမဟာအောင်မြင်လွန်းတဲ့အဆိုတော်တစ်ဦးဖြစ်ရုံသာမကဘဲ A Star is Bron ဇာတ်ကားနဲ့ အော်စကာဆုဆန်ခါတင်စာရင်းဝင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် Lady Gaga ဟာ အောင်မြင်ကျော်ကြားလာတဲ့အချိန်မှ ပိုက်ဆံရှိလာတဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး။ သူမဟာ အထက်တန်းကို West Side မှာရှိတဲ့လူချမ်းသာတွေပဲတက်ရောက်နိုင်တဲ့ Private School မှာတက်ရောက်ခဲ့တာဖြစ်ပါတယ်။ သူမဟာ Cynthia Louise စီးပွားရေးလုပ်ငန်းစုရဲ့ အမှုဆောင်တစ်ဦးဖြစ်သလို အောင်မြင်ကျော်ကြားလှတဲ့ အင်တာနက်လုပ်ငန်းရှင်ကြီး Joseph Germanotta ရဲ့သမီးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Adam Levine

Marron 5 တေးဂီတအဖွဲ့ရဲ့ ပင်တိုင်အဆိုတော်ဖြစ်တဲ့ Adam Levine ကိုတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူ့ရဲ့ သီချင်းတွေဟာ ဒီကနေ့လူငယ်တွေရဲ့ကြားမှာ အလွန်ရေပန်းစားသလို The Voice လိုမျိုးပြိုင်ပွဲမှာ Judges လုပ်တာကလည်း သူ့ရဲ့အောင်မြင်ကျော်ကြားမှု ပုံရိပ်ကိုပိုပြီးကြီးမားစေခဲ့ပါတယ်။ ထူးခြားတဲ့အသံပါရမီရှင် Adam Levine ဟာလည်းငယ်စဉ်ကတည်းကချမ်းသာကြွယ်ဝတဲ့ မိသားစုကနေဆင်းသက်လာတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူဟာနာမည်ကျော် M.Fredric အမှတ်တံဆိပ်ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ ဒါပေမယ့် သူငယ်ငယ်ကတည်းက မိဘတွေက အိမ်ထောင်ကွဲခဲ့လို့ ချမ်းသာပေမယ့် ပျော်ရွှင်ကျေနပ်စရာကောင်းပြီး ပြီးပြည့်စုံတယ်လို့တော့ မဆိုသာပါဘူး။ shwekhitonlinetv.com
၃။ Ariana Grande

Ariana Grande ကတော့ အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်အဆိုတော်တစ်ဦးပါ။ အောင်မြင်ကျော်ကြားလှတဲ့ လူငယ်အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။ သူမအနေနဲ့ Nickelodeon Show မှာပါဝင်သရုပ်ဆောင်ခဲ့တာမို့လို့ အနုပညာသက်တမ်းကတော့ ဆယ်စုနှစ်တစ်ခုကျော်ပြီလို့ဆိုရမှာပါ။ ဒါပေမယ့် သူမဟာငွေကြေးကြောင့် အနုပညာနယ်ပယ်ထဲကိုဝင်ရောက်လာတဲ့သူမဟုတ်ပါဘူး။ သူမရဲ့မိဘတွေကအရမ်းချမ်းသာပါတယ်။ သူမရဲ့မိခင်ဖြစ်သူ Joan Grande ဟာ နာမည်ကျော် Hose-McCann Communications ရဲ့ CEO ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဖြစ်သူ Edward Butera ကလည်း နာမည်ကျော် ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူမကတော့ မိဘတွေရဲ့ငွေကြေးအားကိုးနဲ့ အနုပညာလောကထဲမှာနာမည်တစ်လုံးရအောင် ဖန်တီးခဲ့သူမဟုတ်ဘဲ ကိုယ်ပိုင်အရည်အချင်းနဲ့ အောင်မြင်ကျော်ကြားမှုရအောင် ကြိုးစားခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Bradley Cooper

အသက် (၄၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Bradley Cooper ကလည်း အောင်မြင်ကျော်ကြားတဲ့ အဆိုတော်၊ သရုပ်ဆောင်တစ်ဦးပြီး ဟောလိဝုဒ်မှာပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါ။ သရုပ်ဆောင်အပိုင်းမှာ အော်စကာဆုဆန်ခါတင်စာရင်း အကြိမ်ကြိမ်ဝင်ခဲ့သလို အဆိုအပိုင်းမှာဆိုလည်း ဂရမ်မီဆု (၂) ကြိမ်ရရှိထားတဲ့သူပါ။ ဒါတင်မကဘဲ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းပိုင်းမှာလည်း ထူးချွန်လှတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီလိုအောင်မြင်ပြီးအဘက်ဘက်ကနေထူးချွန်တဲ့သူတစ်ယောက်ဖြစ်လာခဲ့တာဟာ သူ့ရဲ့ဖခင်ဖြစ်သူရဲ့ ပြုစုပျိုးထောင်မှုတွေကြောင့်ဆိုရင်လည်းမမှားပါဘူး။ စတော့ရှယ်ယာလောကမှာ ဆရာတစ်ဆူဖြစ်တဲ့ သူ့ရဲ့ဖခင်ဟာ Bradley Cooper ကိုငယ်စဉ်ကတည်းက အကောင်းဆုံးကျောင်းတွေမှာ ငွေကြေးများစွာအကုန်အကျခံပြီး ထားပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Paris Hilton

လွန်ခဲ့တဲ့ (၁၀) စုနှစ်တစ်ခုကျော်ကာလတွေတုန်းကတော့ Paris Hilton ဆိုတဲ့ခပ်ဟော့ဟော့ သူဋ္ဌေးမလေးဟာ အင်တာနက်စာမျက်နှာတွေမှာလွှမ်းမိုးမှုကြီးမားလှသလို မီဒီယာတွေ၊ ပါပါရာဇီတွေရဲ့ သည်းခြေကြိုက်ပစ်မှတ်တစ်ခုဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော် Hilton Hotel လုပ်ငန်းစုကြီးကိုတည်ထောင်ခဲ့တဲ့ အဘိုးဖြစ်သူရဲ့ သုံးမကုန်တဲ့ငွေကြေးတွေနဲ့ ထင်တိုင်းကျဲခဲ့တဲ့သူလေးလည်းဖြစ်ပါတယ်။ မော်ဒယ်၊ သရုပ်ဆောင်၊ အဆိုတော်၊ DJ စတဲ့နယ်ပယ်တွေမှာလည်းတစ်ခေတ်ထခဲ့ပြီး နာမည်အတော်အသင့်ရှိခဲ့တဲ့သူဖြစ်ပါတယ်။ လိင်ကိစ္စအရှုပ်အထွေး Video ဖိုင်တွေပေါက်ကြားမှုဖြစ်ပြီးနောက်ပိုင်းမှာတော့ တည်ငြိမ်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ကာ စီးပွားရေးနယ်ပယ်ဘက်ကိုပိုပြီး အာရုံစိုက်နေသူဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။