အစာလည်းဆေး ဆေးလည်းအစာဆိုသလို ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် နေ့စဉ်ချက်ပြုတ်စားသောက်နေတဲ့ အစားအစာတွေထဲက ကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေတဲ့ ကြက်သွန်နီရဲ့ အစွမ်းအာနိသင်တွေကို ဗဟုသုတအဖြစ် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် …. shwekhitonlinetv.com

ကြက်သွန်နီဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကတစ်ဆင့် ကမ္ဘာတစ်ဝှမ်းကို မျိုးရင်းပျံ့နှံ့သွားခဲ့ပြီး ဟင်းချက် ရာမှာအသုံးပြုနိုင်သလို ဆေးဘက်လည်းဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ကြက်သွန်နီ (အထူးသဖြင့်မချက်ပြုတ်ရသေးတဲ့ ကြက်သွန်းစိမ်း) မှာ ကာဘွန်ဟိုက်ဒြိတ်၊ အဆီ၊ ပရိုတိန်း၊ ဗီတာမင်တွေနဲ့ သတ္ထုဓာတ်များစွာပါဝင်တယ်လို့သိရပါတယ်။ ဒီလိုအစွမ်းအာနိသင်ရှိတဲ့ ကြက်သွန်နီရဲ့ ကျန်းမာရေးအတွက် အဓိကအထောက်အကူဖြစ်စေနိုင်တဲ့ ကောင်းကျိုးတွေကတော့ ………… shwekhitonlinetv.com

၁။ ကြက်သွန်နီကို မိမိတို့စားမည့် အသုပ်လိုမျိုး အစားအစာတွေထဲထည့်စားပေးခြင်းဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Cholesterol တွေကိုလျော့ကျစေနိုင်ပြီး နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ shwekhitonlinetv.com
၂။ ကြက်သွန်နီမှာ ပါဝင်တဲ့ Vitamin C ဓာတ်ကကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း ကြည်လင်ကောင်းမွန်စေပြီး ဦးရေပြားနဲ့ ဆံကေသာအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ shwekhitonlinetv.com

၃။ ကြက်သွန်နီမှာပါဝင်တဲ့ Quercetin လို့ခေါ်တဲ့ အလွန်စွမ်းအားရှိတဲ့ဒြပ်ပေါင်းတစ်မျိုးပါဝင်နေပြီး ဒီအရာက အစာအိမ်နဲ့ အူမကြီးကင်ဆာဖြစ်ပွားခြင်းကို တားဆီးပေးနိုင်ပါတယ်။ shwekhitonlinetv.com
၄။ Chromium ဓာတ်ကြွယ်ဝတဲ့ ကြက်သွန်နီဟာ သွေးအတွင်းက သကြားဓာတ်ပါဝင်မှုနှုန်းကို လျော့ချပေးနိုင်တာကြောင့် ဆီးချိုသမားတွေ အတွက် အထူးသင့်တော်ပါတယ်။ shwekhitonlinetv.com

၅။ ပျားရည်နဲ့ကြက်သွန်နီကို ရောစပ်ပြီး ဖျော်ရည်အဖြစ်သောက်သုံးပေးမယ်ဆိုရင်တော့ အအေးမိခြင်း၊ ရာသီတုပ်ကွေးနဲ့ ဓာတ်မတည့်ခြင်း (Allergies) လို ဝေဒနာတွေက ကင်းဝေးစေမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ရုတ်တရက် နှာခေါင်းသွေးလျှံသူတွေအနေနဲ့လည်း ကြက်သွန်နီတစ်စိတ်လောက်ကို နှာခေါင်းဝနားကပ်ထား ပေးမယ်ဆိုရင် နှာခေါင်းထဲက သွေးကျတာ နှေးကွေးသွားခြင်း၊ ရပ်ဆိုင်းသွားခြင်းမျိုးကို အံ့အားသင့်ဖွယ် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ကြက်သွန်နီထဲမှာ Folate ဓာတ်ပါဝင်နေပါတယ်။ ဒီအရာက စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်သလို အစာစားချင်စိတ်မရှိခြင်း၊ ညဘက်အိပ်မပျော်ခြင်းလို ဝေဒနာတွေကိုပါပျောက်ကင်းစေနိုင်ပါတယ်။ shwekhitonlinetv.com
၈။ လက်ဆက်တဲ့ ကြက်သွန်နီမှာတော့ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိများစွာပါဝင်နေပါတယ်။ ဒါကြောင့် ကြက်သွန်နီဟာ ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပြီး အရေပြားတွေ အဆစ်အမြစ်တွေ ရောင်ရမ်းခြင်းမှ သက်သာစေပါတယ်။ shwekhitonlinetv.com

၉။ ကြက်သွန်နီတွေဟာ သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတွေအတွက်လည်း အကောင်းဆုံးသမားတော် တစ်ပါးဖြစ်နေပါသေးတယ်။ ကြက်သွန်နီကို အစိမ်းအတိုင်း ပီကေလိုဝါးစားပေးခြင်းက သွားပိုးစားခြင်း၊ သွားများပဲ့ထွက်ခြင်းမှ ကာကွယ်ပေးနိုင်သလို သွားဖုံးနဲ့ပတ်သက်ပြီး ခံစားနေရတဲ့ ဝေဒနာတွေကို လည်း သက်သာပျောက်ကင်းစေပါသတဲ့။ shwekhitonlinetv.com

ဟုတ်ကဲ့ …. အခုဖော်ပြပေးခဲ့တဲ့ ကြက်သွန်နီရဲ့ ကျန်းမာရေးအကျိုးပြုပုံလေးကို ဖတ်ရှုပြီးအားလုံးပဲ ကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ရွှေခေတ်ပရိသတ်တွေ အားလုံး အနာရောဂါ ကင်းဝေးပြီးကျန်းမာပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော် …….. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။