ဘာဘီရုပ်လေးတွေဆိုတာ ကလေးတွေသာမက လူကြီးတွေလည်း သဘောကျနှစ်ခြိုက်ကြတဲ့ အရုပ်မလေးတွေပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ လူသားတွေဟာ ကောင်းမွန်လှပတဲ့ ခန္ဓာကိုယ်နဲ့ ချောမောတဲ့ မျက်နှာအသွင်အပြင်ရှိတဲ့ ဘာဘီရုပ်လေးတွေနဲ့ တူညီစေဖို့အတွက် ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်လာကြပါတယ်။ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ဘာဘီရုပ်လေးတွေအတိုင်း အရုပ်လေးတရုပ်လို ဖြစ်ပေါ်လာစေဖို့ ခွဲစိတ်ပြုပြင်ခဲ့ကြသူတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com
၁။ Lilya Kish

Lilya Kish ဆိုသူကတော့ ရုရှားနိုင်ငံမှာနေထိုင်တဲ့ ယူကရိန်းနိုင်ငံသူလေးဖြစ်ပြီး သက်ရှိဘာဘီရုပ်မလေးလို့တောင် အားလုံးက သတ်မှတ်ရတဲ့သူလေးဖြစ်ပါတယ်။ ဘာဘီရုပ်မလေးနဲ့ တူစေဖို့အတွက် သူမ ဆယ်ကျော်သက်အရွယ်ကတည်းက ခွဲစိတ်ပြုပြင်ခဲ့တဲ့သူပါ။ ရှည်လျားပြီး တောက်ပြောင်တဲ့ ဆံကေသာ ၊ အများနဲ့မတူအောင် သေးငယ်လှတဲ့ ခါး ၊ နှာခေါင်းချွန်ချွန်နဲ့ ထူထဲလှတဲ့ နှုတ်ခမ်းတို့က သူမကို အသက်ဝင်နေတဲ့ ဘာဘီရုပ်လေးဖြစ်စေခဲ့ပါတယ်။ shwekhitonlinetv.com
၂။ Dominika and Valeria Lukyanova

Dominika နဲ့ Valeria Lukyanova အမြွှာဘာဘီညီအမလို့တောင် တင်စားရလောက်တဲ့အထိ ရုပ်ချင်းဆင်ကြတဲ့ သူတို့နှစ်ဦးဟာ တကယ်တော့ အရင်းနှီးဆုံးသူငယ်ချင်းများ ဖြစ်ကြပါတယ်။ သူတို့နှစ်ဦးလုံးမှာ မျက်ဝန်းပြာများ ၊ ဘာဘီရုပ်လေးလို အသွင်အပြင်များ နဲ့ ရွှေဝါရောင်ဆံပင်ရှည်တို့ ပိုင်ဆိုင်ထားကြပါတယ်။ shwekhitonlinetv.com
၃။ Justin Jedlica

Ken လို့ခေါ်တဲ့ ယောကျ်ားဘာဘီအရုပ်နဲ့တူအောင် ခွဲစိတ်ပြုပြင်ခဲ့သူကတော့ Justin Jedlica ဖြစ်ပါတယ်။ Justin Jedlica ကတော့ ဒီလိုအရုပ်နဲ့တူစေဖို့အတွက် ပလပ်စတစ်ခွဲစိတ်မှု ၁၄၀ အထိ ပြုလုပ်ခဲ့ပါတယ်။ ခန္ဓာကိုယ်တခုလုံးနီးပါးကို ခွဲစိတ်ပြုပြင်ခဲ့ပြီး သက်ရှိ Ken အရုပ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ shwekhitonlinetv.com
၄။ Dakota Rose

Dakota Rose ကတော့ အမေရိကန်မော်ဒယ် ၊ youtuber နဲ့ မိတ်ကပ်ဘလော်ဂါအဖြစ်သာမက ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် တီဗွီအစီအစဥ်များမှာလည်း တင်ဆက်သူအဖြစ် လုပ်ကိုင်သူပဲဖြစ်ပါတယ်။ အာရှတခွင်မှာတော့ သက်ရှိဘာဘီရုပ်လေးအဖြစ် လူသိများသူပါ။ shwekhitonlinetv.com
၅။ Angelica Kenova

Anzhelika Kenova ကတော့ ရုရှားနိုင်ငံသူတဦးဖြစ်ပြီး စည်းကမ်းတင်းကြပ်လွန်းတဲ့ မိဘများကြောင့် သက်ရှိအရုပ်မလေးသဖွယ် ဖြစ်လာခဲ့သူဖြစ်ပါတယ်။ သူမရဲ့ မိဘများဟာ သူမကို မင်းသမီးတပါးလို ပြုစုပျိုးထောင်ခဲ့ပြီး ယောကျ်ားလေးအပေါင်းအသင်းထားခြင်းနဲ့ အပြင်ထွက်ခြင်းတို့ကိုလည်း ခွင့်မပြုခဲ့ဘူးလို့ဆိုပါတယ်။ တခြားသောရွယ်တူသူငယ်ချင်းများလို လုပ်ကိုင်ခွင့်မရခဲ့ပဲ အိမ်ထဲက အိမ်ပြင်ထွက်ခွင့်မရတဲ့ သက်ရှိအရုပ်မလေးတခုလို ဖြစ်လာခဲ့ရတယ်လို့ သူမက ရင်ဖွင့်ခဲ့ပါတယ်။ shwekhitonlinetv.com
၆။ Jenny Lee

ပလပ်စတစ်ခွဲစိတ်ပြုပြင်မှုများကို စွဲလမ်းခဲ့တဲ့ Jenny Lee ဟာ အသက် ၂၈ အရွယ်ကတည်းကနေပြီး ပလပ်စတစ်ခွဲစိတ်ပြုပြင်မှု ၂၆ ကြိမ်ထိ ပြုလုပ်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။ မှန်ကြည့်လိုက်တိုင်းမှာ သူမရဲ့ အသွင်အပြင်ကို မကျေနပ်ခဲ့တာကြောင့် သက်ရှိအရုပ်မလေးနဲ့ တူစေဖို့အတွက် အကြိမ်ကြိမ်ပြုပြင်ခဲ့တာလို့ ဆိုပါတယ်။ shwekhitonlinetv.com
၇။ Rodrigo alves

Ken လို့ခေါ်တဲ့ အမျိုးသားဘာဘီအရုပ်လို တချိန်က ခွဲစိတ်ပြုပြင်ခဲ့တဲ့သူကတော့ အခုချိန်မှာ အမျိုးသမီးတဦးအသွင် ဖြစ်လို့နေပါပြီ။ မူလရုပ်ရည်ကိုတောင် ခန့်မှန်းလို့ မရနိုင်လောက်တဲ့အထိ အကြိမ်ကြိမ်ခွဲစိတ်ခဲ့တဲ့ Rodrigo ရဲ့ ခွဲစိတ်ပြုပြင်မှုဟာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ အခုချိန်မှာတော့ အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး အမျိုးသမီးတဦးအဖြစ် ရပ်တည်နေပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။