လေကြောင်းခရီးစဉ်ဆိုတာကတော့ တစ်နေရာကနေ တစ်နေရာကိုအချိန်ကုန်သက်သာစွာနဲ့ မြန်မြန်ဆန်ဆန်ရောက်ရှိနိုင်ဖို့အတွက် အသုံးပြုကြတဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ဖော်ပြမှာကတော့ ဒီလိုမြန်ဆန်တဲ့လေကြောင်းပို့ဆောင်ရေးနဲ့တောင်မှ အချိန်အကြာကြီး ပြေးဆွဲပျံသန်းရတဲ့ ခရီးစဉ်တွေအကြောင်းပဲဖြစ်ပါတယ်။ ဒီခရီးစဉ်တွေအားလုံးက တိုက်ရိုက်ခရီးစဉ်တွေဖြစ်တာကြောင့် ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မှာတောက်လျှောက်အချိန်အကြာဆုံး နေရမယ့်ခရီးစဉ်တွေဆိုလည်းမမှားပါဘူး။
၁။ နယူးယော့ခ်-စင်ကာပူ

ဒီခရီးစဉ်ကတော့ Singapore Airline ရဲ့ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကနေ စင်ကာပူနိုင်ငံ စင်ကာပူမြို့ကို တိုက်ရိုက်ပြေးဆွဲတဲ့ခရီးစဉ်ဖြစ်ပါတယ်။ အကွာအဝေးအားဖြင့် (၁၅၃၄၈) ကီလိုမီတာရှိတဲ့ဒီခရီးစဉ်ကို (၁၈) နာရီနဲ့ မိနစ် (၂၀) ကြာအောင် ခရီးသည်တွေအနေနဲ့ လိုက်ပါစီးနင်းရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ စင်ကာပူ-နယူးယော့ခ်

ဒါကတော့အထက်ကဖော်ပြခဲ့တဲ့ ခရီးစဉ်ကိုပဲ စင်ကာပူကနေ နယူးယော့ခ်မြို့ကို ပြန်လည်ပြေးဆွဲတာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ ပါ့သ်-လန်ဒန်

ဒီခရီးစဉ်ကတော့ သြစတြေးလျနိုင်ငံ Qantas လေကြောင်းလိုင်းရဲ့ခရီးစဉ်တွေထဲကတစ်ခုဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ ပါ့သ်မြို့ကနေ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အထိတိုက်ရိုက်ပြေးဆွဲတာပါ။ အကွာအဝေး (၁၄၄၉၉) ကီလိုမီတာကို တစ်ဆက်တည်းပြေးဆွဲတာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မှာ (၁၇) နာရီ (၂၀) မိနစ်လောက်လိုက်ပါစီးနင်းရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ မဲလ်ဘုန်း-ဒဲလက်စ်

ဒီခရီးစဉ်ကတော့ သြစတြေးလျလေကြောင်းလိုင်းဖြစ်တဲ့ Qantas ရဲ့ ခရီးစဉ်တွေထဲကတစ်ခုပဲဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကနေ ကီလိုမီတာပေါင်း (၁၄၄၇၁) ကီလိုမီတာ ကွာဝေးတဲ့ အမေရိကန်နိုင်ငံ ဒဲလက်စ်မြို့ကိုပျံသန်းပြေးဆွဲတာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ လေထဲမှာ (၁၇) နာရီ (၃၅) မိနစ်လောက်ကြာမြင့်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ အော့ကလန်စီးတီး-နယူးယော့ခ်

ဒီခရီးစဉ်ကတော့ နယူးဇီလန်လေကြောင်းလိုင်းဖြစ်တဲ့ Air New Zealand ရဲ့ခရီးစဉ်ပါ။ နယူးဇီလန်နိုင်ငံ အော့ကလန်စီးတီးကနေ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကိုပျံသန်းပြေးဆွဲတဲ့ဒီခရီးစဉ်မှာတော့ အချိန်အားဖြင့် (၁၇) နာရီ (၅၀) မိနစ်ကြာမြင့်မှာဖြစ်ပါတယ်။ အကွာအဝေးကတော့ (၁၄၂၀၇) ကီလိုမီတာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ဒူဘိုင်း-အော့ကလန်စီးတီး

ဒီခရီးစဉ်ကတော့ UAE လေကြောင်းလိုင်း Emirates ရဲ့ခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်။ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကနေ နယူးဇီလန်နိုင်ငံ အော့ကလန်စီးတီးကိုတိုက်ရိုက်ပြေးဆွဲတာဖြစ်ပြီး ကီလိုမီတာပေါင်း (၁၄၂၀၁) ကီလိုမီတာကို (၁၇) နာရီ (၅) မိနစ်ကြာအောင်ပျံသန်းရတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ စင်ကာပူ-လော့အိန်ဂျလိစ်

နောက်ဆုံးဖော်ပြပေးချင်တဲ့ခရီးစဉ်ကတော့ စင်ကာပူလေကြောင်းလိုင်းဖြစ်တဲ့ Singapore Airlines ရဲ့ခရီးစဉ်ပါ။ အကွာအဝေး (၁၄၁၁၄) ကီလိုမီတာရှိတဲ့ စင်ကာပူမြို့ကနေ အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့အထိပျံသန်းရတဲ့ ဒီခရီးစဉ်မှာတော့ ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မှာ (၁၇) နာရီ (၁၀) မိနစ်လောက်လိုက်ပါစီးနင်းကြရမှာဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။