Olmec ဆိုတာကတော့ လွန်ခဲ့တဲ့ ဘီစီ (၁၆၀၀) ကနေ (၄၀၀) အတွင်းမှာထင်ပေါ်ကျော်ကြားခဲ့တဲ့ ကမ္ဘာ့အစောဆုံးလူ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ သူတို့အခြေချနေထိုင်ခဲ့တာကတော့ ယနေ့ခေတ် မက္ကဆီကိုပင်လယ်ကွေ့နားက ကမ်းရိုးတန်းဒေသတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးမှာကတော့ ဒီလူ့အဖွဲ့အစည်းရဲ့အထိမ်းအမှတ်သင်္ကေတတွေဖြစ်တဲ့ Olmec ဦးခေါင်းရုပ်တုတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီရုပ်တုတွေကို ရှေးဟောင်းသုတေသနပညာရှင်တွေအနေနဲ့ ရှာဖွေတွေ့ရှိခဲ့တာကြာပြီဖြစ်ပေမယ့် တွေ့ရှိတဲ့နေရာတွေက ကွဲပြားခြားနားနေတာကြောင့် ဒီလူမျိုးစုတွေရဲ့ မူလတည်နေရာကိုတော့ ငြင်းခုံမှုတွေရှိနေဆဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း ရှေးဟောင်းသုတေသနပညာရှင်အများစုကတော့ ဒီကျောက်သားနဲ့ထုလုပ်ထားတဲ့ ကြီးမားတဲ့ဦးခေါင်းပုံစံရုပ်တုတွေဟာ Olmec လူ့အဖွဲ့အစည်းကို အုပ်စိုးခဲ့တဲ့ အုပ်စိုးရှင်တွေကို ကိုယ်စားပြုတယ်ဆိုတဲ့ သီအိုရီကိုတော့ သဘောတူလက်ခံထားကြပါတယ်။ shwekhitonlinetv.com

ရှေးဟောင်းသုတေသနပညာရှင်တွေဟာ လက်ရှိအချိန်အထိ ဦးခေါင်း (၁၂) ခုကိုရှာဖွေတွေ့ရှိထားကြပြီး ၎င်းတို့အနက် (၁၀) ခုကတော့ San Lorenzo အနီးတစ်ဝိုက်ကဖြစ်တယ်လို့ သိရပါတယ်။ ဒီ ရုပ်တုတွေဟာမြေပေါ်မှာဒီအတိုင်းတွေ့ရှိရတာမဟုတ်ဘဲ မြေအောက်ကနေတူးဖော်ရရှိတာကြောင့် Olmec လူမျိုးစုတွေရဲ့ မြုပ်နှံခြင်း ဒါမှမဟုတ် ကိုးကွယ်ခြင်းနဲ့ဆိုင်တဲ့ ဓလေ့ထုံးတမ်းဆိုင်ရာအစဉ်အလာတစ်ခုဖြစ်နိုင်ကြောင်း အချို့ကယူဆကြပါတယ်။ shwekhitonlinetv.com

ရုပ်တုတွေအားလုံးနီးပါးကတော့ အမြင့် (၃) မီတာနီးပါးရှိပြီး လုံးပတ်အနေနဲ့ (၄.၅) မီတာ၊ အလေးချိန်အားဖြင့် (၈) တန်လောက်ရှိတယ်လို့ တိုင်းတာချက်တွေအရသိရပါတယ်။ ထူးခြားချက်တစ်ခုကတော့ ရုပ်တုတွေတစ်ခုစီမှာ မတူညီတဲ့မျက်နှာအမူအရာတွေရှိတာပဲဖြစ်ပါတယ်။ ဒါဟာ Mesoamerican တွေရဲ့ ယုံကြည်ချက်အရ ဦးခေါင်းမှာ စိတ်ခံစားမှုနဲ့ ဝိညာဉ်တွေကိန်းအောင်းနေတယ်လို့သတ်မှတ်ထားတာ ဖြစ်နိုင်ကြောင်း အချို့ကတော့ကောက်ချက်ချထားကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။