ကမ္ဘာပေါ်မှာကြောင်မျိုးစိတ်ပေါင်းများစွာရှိပါတယ်။ အဲ့ဒီထဲကမှ အကြီးမားဆုံးလို့ဆိုရမယ့် အိမ်မွေးကြောင် (၁၀) မျိုးကိုဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com
၁၀။ American Bobtail

American Bobtail ကြောင်အမျိုးအစားတွေရဲ့ထူးခြားချက်က တိုပြီးတုတ်နေတဲ့ အမြီးပုံစံပဲဖြစ်ပါတယ်။ သာမန်ကြောင်တွေအမြီးရဲ့ (၃) ပုံ (၁) ပုံပဲရှိတဲ့သူတို့အမြီးကြောင့် အချို့ကမနှစ်သက်ကြပေမယ့်လည်း လက်ရှိကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံးအိမ်မွေးကြောင်တွေထဲမှာပါဝင်လို့နေပါတယ်။ သာမန်ကြောင်တွေထက်လည်း ခန္ဓာကိုယ်အရွယ်အစားဖွံ့ဖြိုးမှုနှေးကွေးပေမယ့် အရွယ်ရောက်တဲ့အကောင်တစ်ကောင်ကိုတော့ (၆) ပေါင်ကနေ (၁၇) ပေါင်အထိအလေးချိန်ရှိပါတယ်။ shwekhitonlinetv.com
၉။ British Shorthair

လုံးဝန်းတဲ့မျက်နှာနဲ့တိုလွန်းတဲ့နားရွက်ကလေးတွေကိုပိုင်ဆိုင်ထားတဲ့ British Shorthair အမျိုးအစားကြောင်တွေကတော့ ဈေးနှုန်းမသေးလှတဲ့အိမ်မွေးကြောင်အမျိုးအစားတွေဖြစ်ပါတယ်။ သူတို့ရဲ့အလေးချိန်ကတော့ တစ်ကောင်ကို (၁၀) ပေါင်ကနေ (၁၂) ပေါင်ကြားမှာရှိပါတယ်။ shwekhitonlinetv.com
၈။ Turkish Van

ဒီကြောင်တွေရဲ့မူရင်းဇာတိက အရှေ့တောင်အာရှနဲ့ ဗဟိုအာရှိဒေသဖြစ်ပါတယ်။ ရုပ်ဆင်းသွင်ပြင်ချောမောလှပတဲ့ Turkish Van အမျိုးအစားကြောင်တွေဟာ ရေကူးရတာကိုနှစ်သက်တဲ့ကြောင်အမျိုးအစားဖြစ်ပါတယ်။ သူတို့ရဲ့အလေးချိန်က (၁၆) ပေါင်လောက်ထိရှိပါတယ်။ shwekhitonlinetv.com
၇။ Siberian Cat

ရုရှားနိုင်ငံဇာတိမျိုးရင်းကြောင်တွေဖြစ်တဲ့ Siberian Cat တွေကလည်းအမွှေးဖားဖားနဲ့ ချစ်ဖို့အလွန်ကောင်းလှတဲ့ ကြောင်ကြီးတွေဖြစ်ပါတယ်။ တစ်ချို့အနုပညာရှင်တွေကတော့ ဒီကြောင်တွေကို ပန်းချီဆွဲဖို့အတွက်အသုံးပြုကြပါတယ်။ သူတို့ရဲ့အလေးချိန်ကလေး (၈) ပေါင်ကနေ (၁၆) ပေါင်အထိရှိတက်ပါတယ်။ shwekhitonlinetv.com
၆။ Norwegian Forest Cat

အေးလွန်းလှတဲ့ စကန်ဒီနေးဗီးယန်းဒေသတွေမှာ ရှင်သန်နေထိုင်ကျက်စားကြတဲ့ ကြောင်မျိုးတွေဖြစ်တာနဲ့အညီ Norwegian Forest Cat တွေဟာထူထဲတဲ့ အမွှေးတွေကိုပိုင်ဆိုင်ထားကြပါတယ်။ လှပပြီးချစ်ဖို့ကောင်းတဲ့ဒီကြောင်ကြီးတွေဟာ အလေးချိန် (၁၆) ပေါင်လောက်အထိရှိတက်ကြပါတယ်။ shwekhitonlinetv.com
၅။ Ragamuffin

Ragdoll ကြောင်အမျိုးအစားကို အခြားကြောင်တွေနဲ့ရောစပ်သားဖောက်ထားတဲ့ Ragamuffin ကြောင်ကြီးတွေကတော့ အိမ်မွေးကြောင်ဈေးကွက်မှာအလွန်လူကြိုက်များလှတဲ့ ကြောင်ကြီးတွေဖြစ်ပါတယ်။ သူတို့ရဲ့အလေးချိန်ကတော့တစ်ကောင်ကို ပေါင် (၂၀) အထိတောင်ရှိတက်ပါတယ်။ shwekhitonlinetv.com
၄။ Ragdoll

Ragdoll တွေကတော့ အလွန်အနေအေးပြီး ချစ်ဖို့ကောင်းတဲ့ကြောင်လေးတွေဖြစ်ပါတယ်။ သူတို့တွေဟာလည်း ပုံမှန်အတိုင်းဆိုပေါင် (၂၀) လောက်အထိကိုကြီးထွားနိုင်ကြတဲ့ကြောင်ကြီးမျိုးတွေဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Chausie

Abyssinian Cat နဲ့ Reed Cat တို့ကိုရောနှောပြီးမျိုးစပ်ထားတဲ့ Chausie ကြောင်အမျိုးအစားတွေကတော့ အနည်းငယ်တောရိုင်းဆန်တဲ့ကြောင်တွေဖြစ်ပါတယ်။ ကိုယ်ခန္ဓာအရွယ်အစားတောင့်တင်းပြီး (၁၅) ပေါင်လောက်အလေးချိန်ရှိတာကြောင့် တော်ရုံခွေးတစ်ကောင်လောက်ကိုယှဉ်ပြီး ကို-က်နိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com
၂။ Savannah Cat

Savannah Cat တွေကတော့ တစ်ကယ့်ကိုအစေခံကောင်းတွေဖြစ်ပါတယ်။ တောရိုင်းအာဖရိကကြောင်မျိုးတွေဖြစ်ပြီး မိသားစုစိတ်ဓာတ်လည်းအပြည့်ရှိကြပါတယ်။ ဒီကြောင်မျိုးတွေရှိရင် အိမ်မှာကြွက်ဆိုတာအသံတောင်ကြားစေရမှာမဟုတ်ပါဘူး။ သူတို့ရဲ့အလေးချိန်ကတော့ တစ်ကောင်ကိုပေါင် (၂၀) ကျော်ရှိပါတယ်။ shwekhitonlinetv.com
၁။ Maine Coon

Manie Coon ကြောင်တွေကတော့ ကမ္ဘာပေါ်မှာအကြီးမားဆုံးကြောင်မျိုးစိတ်တွေဖြစ်ပါတယ်။ အတော်အတန်ပိန်လှီတဲ့ ကောင်တွေတောင်မှ (၈) ပေါင် ကနေ (၂၅) ပေါင်ကြားအလေးချိန်ရှိပါတယ်။ အခြားကြောင်တွေနဲ့ယှဉ်ရင် ထက်မြက်ပြီး အေးချမ်းတဲ့စိတ်နေစိတ်ထားရှိတဲ့ ကြောင်ကြီးတွေဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။