ဂျပန်နိုင်ငံက ကျန်းမာရေးအစားအစာထုတ်ကုန်တွေကို စမ်းသပ်ဖန်တီးပြီးရောင်းချတဲ့ ကုမ္ပဏီတစ်ခုဟာ ကမ္ဘာ့အလေးလံဆုံး မုန်လာဥဖြူကို စိုက်ပျိုးအောင်မြင်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီမုန်လာဥဖြူဟာ အလေးချိန် ၄၅.၈၆၅ ကီလိုဂရမ် (၁၀၁ ပေါင်) ရှိတယ်လို့သိရပါတယ်။ ဒါဟာ ရေမြင်းပေါက်တစ်ကောင်ရဲ့အလေးချိန်နဲ့ အတူတူပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Manda Fermentation လို့မည်ရတဲ့ ကုမ္ပဏီဟာ အလေးချိန် (၂) ကီလိုဂရမ်ရှိတဲ့ Sakurajima မုန်လာဥဖြူမျိုးနဲ့ အလေးချိန် (၆) ကီလိုရမ်ရှိတဲ့ Taibyo-Sobutori မုန်လာဥဖြူမျိုးတွေကို မျိုးစပ်ပြီးစိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီမုန်လာဥဖြူကိုတော့ ပြီးခဲ့တဲ့နှစ်သြဂုတ်လကုန်မှာ မျိုးစေ့ချခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အလေးချိန် (၁၀၀) ဂရမ်ကျော်တဲ့အထိ ကြီးထွားလာပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com
ဒါဟာ ယခင် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားတဲ့ အလေးလံဆုံးမုန်လာဥဖြူထက် ၁၅ ကီလိုဂရမ် (၃၃ပေါင်) နီးပါးပိုလေးလံတဲ့ အရွယ်အစားဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီမုန်လာဥဟာ ကြီးမားလေးလံလွန်းလို့ ရိတ်သိမ်းတဲ့ပွဲမှာ လူလေးဦးလောက်က ဂရုတစိုက်နဲ့ ဆွဲယူနှုတ်ခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီမုန်လာဥဖြူကို ကမ္ဘာ့အလေးဆုံးမုန်လာဥအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ကတရားဝင်မှတ်တမ်းတင်ခဲ့ပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။