ဒီတစ်ခေါက်မှာတော့ အဖိုးတန်ကျောက်မျက်ရတနာတွေကို ထုတ်လုပ်ပေးနေတဲ့ ကမ္ဘာပေါ်ကအကြီးမားဆုံး သတ္ထုတွင်းကြီးတွေအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com
၁။ The Cullinan Diamond

The Cullinan Diamond လို့အမည်ပေးထားတဲ့ ဒီစိန်တုံးကြီးကိုတော့ ၁၉၀၅ ဇန်နဝါရီ (၆) မှာ တောင်အာဖရိကနိုင်ငံ Cullinan မြို့ငယ်လေးက Premier No.2 Mine မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အလေးချိန် (၃၁၀၆) ကာရက်ရှိတဲ့ ဒီစိန်ကြီးဟာ သမိုင်းတစ်လျောက်ရှာဖွေတွေ့ရှိခဲ့သမျှ စိန်တွေထဲမှာအကြီးမားဆုံး စိန်တုံးကြီးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ The Witwatersrand Gold Rush

ဒါကတော့ တောင်အာဖရိကနိုင်ငံရဲ့ ရွှေတွင်းတွေထဲမှာအကြီးမားဆုံး ရွှေတွင်းကြီးဖြစ်ပြီး ၁၉ ရာစု ကတည်းကရွှေတွေကိုထုတ်ယူနေခဲ့တာ ယနေ့ထိတိုင်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဒီရွှေကြောကနေထုတ်ယူ ရရှိထားတဲ့ရွှေအလေးချိန်ဟာ (၁.၅) ဘီလီယံ အောင်စရှိပါပြီ။ shwekhitonlinetv.com
၃။ The Grasberg Mine

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ The Grasberg Mine ကတော့ ကမ္ဘာ့အကြီးဆုံးရွှေသိုက်နဲ့ ကမ္ဘာ့တတိယမြောက်အကြီးဆုံးကြေးနီသိုက်ကြီးဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် Grasberg Mine ကနေထုတ်ယူခဲ့တဲ့ ရွှေအလေးချိန်ဟာ (၂.၈) ဘီလီယံ အောင်စရှိပြီဖြစ်ပြီး ကြေးနီတော့ တန်ချိန်ပေါင်း သန် (၆၀) ကျော်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ The Chuquicamata Mine

ဒီသတ္တုတွင်းကတော့ ချီလီနိုင်ငံမှာရှိတာဖြစ်ပါတယ်။ ၁၉၁၀ ခုနှစ်ကတည်းက ဒီသတ္ထုတွင်းကိုစတင်တူးဖော်ခဲ့တာဖြစ်ပြီး ကြေးနီတန်ချိန်ပေါင်း (၂၉) သန်းလောက်ထုတ်ယူခဲ့ပြီးပြီဖြစ်ပါတယ်။ The Chuquicamata Mine ဟာအပေါ်ယံကနေအလွယ်တကူတူးလို့ရတဲ့ အပွင့်သတ္ထုတွင်းတွေထဲမှာတော့ အကြီးမားဆုံးသတ္ထုတွင်းလို့ ဆိုနိုင်ပါတယ်။ shwekhitonlinetv.com
၅။ The Orapa Diamond Mine

ဒီသတ္ထုတွင်းကဟာ အာဖရိကတိုက်က ဘော့ဆွာနာနိုင်ငံမှာတည်ရှိတာဖြစ်ပြီး အဖိုးတန်ကျောက်မျက်ရတနာဖြစ်တဲ့ စိန်ကို ပမာဏအများဆုံးထုတ်ပေးထားတဲ့ သတ္ထုတွင်းလည်းဖြစ်ပါတယ်။ The Orapa Diamond Mine ကနေခန့်မှန်းခြေအားဖြင့် စိန်အလေးချိန် ကာရက်သန်းပေါင်း (၁၅၀) အထိထွက်ရှိပြီးဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ The Escondida Mine

ဒါကလည်း ချီလီနိုင်ငံမှာပဲရှိတဲ့ သတ္ထုတွင်းဖြစ်ပြီး တစ်နှစ်ကိုပျမ်းမျှ ကြေးနီတန်ချိန် (၁.၂) သန်းကျော်ပုံမှန်ထုတ်ယူနေတဲ့ သတ္ထုတွင်းပါ။ ဒါကြောင့်လက်ရှိအချိန်မှာ ကြေးနီအများဆုံးထုတ်ယူရရှိနေတဲ့ သတ္ထုတွင်းလို့ဆိုနိုင်ပါတယ်။ shwekhitonlinetv.com
၇။ The Super Pit

The Super Pit ကတော့ သြစတြေးလျနိုင်ငံမှာရှိပြီး အပေါ်ယံကနေတူးလို့ရတဲ့ အပွင့်ပုံစံရွှေတွင်းကြီးလည်းဖြစ်ပါတယ်။ ဒီရွှေသတ္ထုတွင်းကြီးကနေ နှစ်စဉ်ထုတ်ပေးနေတဲ့ ရွှေအလေးချိန်ကတော့ အောင်စပေါင်း (၆) သိန်းဝန်းကျင်ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။