ကမ္ဘာကျော်ဆယ်လီတွေရဲ့ တစ်နေ့တာအချိန်ဇယားဟာ အားလပ်ချိန်နည်ပါးလွန်းပါတယ်။ ဒါကြောင့် အိမ်မှုကိစ္စလိုမျိုး တစ်နေ့တာအလုပ်တွေကိုလုပ်ဆောင်ပေးဖို့ ဝန်ထမ်းတွေငှားရမ်းထားရပါတယ်။ ဒါကထူးခြားတဲ့ကိစ္စတစ်ရပ်မဟုတ်ပေမယ့် တစ်ချို့ကမ္ဘာကျော်ဆယ်လီတွေကတော့ ရယ်စရာကောင်းတဲ့ သူတို့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် လက်ထောက်၊ ဝန်ထမ်းတွေ ငှားရမ်းပြီးခန့်ထားတာတွေ ရှိပါတယ်။ သူတို့တွေအနေနဲ့ ဘယ်လိုကိစ္စမျိုးတွေအတွက် ဝန်ထမ်းတွေခန့်အပ်ထားသလဲသိချင်ရင်တော့ အကြောင်းအရာလေးကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com
၁။ Ludacris

ရက်ပါတစ်ဦးအဖြစ်ကျော်ကြားလှသလို Fast and Furious ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး လူသိများတဲ့ Ludacris ကတော့ အားလပ်ချိန်တွေမှာ Old School Games တွေကိုဆော့ရတာကိုနှစ်သက်တဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူအားလပ်တဲ့အချိန်မှာ အဆင်သင့်ဂိမ်းဆော့ဖို့အတွက် သူ့ရဲ့ Game Boy စက်ကလေးမှာဓာတ်ခဲအသစ် ထည့်ထား/မထား စစ်ဆေးဖို့ ဝန်ထမ်းတစ်ဦးခန့်ထားပါတယ်။ shwekhitonlinetv.com
၂။ Lady Gaga

ကမ္ဘာကျော်အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Lady Gaga ဟာ Jennifer O’Neill ဆိုတဲ့ လက်ထောက်တစ်ဦးကို နယ်လှည့်ဖျော်ဖြေရေးအစီအစဉ်တွေအတွက် နှစ်အတန်ကြာ ခန့်ထားဖူးပါတယ်။ O’Neill ရဲ့အဓိကတာဝန်ကတော့ Lady Gaga ကိုနွေးထွေးမှုပေးဖို့အတွက် အိပ်ယာပေါ်မှာအတူအိပ်စက်ရတာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Justin Bieber

နာမည်ကျော်အဆိုတော် Justin Bieber ကတော့ ဘော်ဒီဂတ်တွေအများကြီးခန့်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီဘော်ဒီဂတ်တွေရဲ့တာဝန်တွေကလည်း တစ်ဦးနဲ့တစ်ဦးမတူညီဘုူးလို့သိရပါတယ်။ သူရုပ်ရှင်သွားကြည့်တဲ့အခါမျိုး၊ ပွဲတစ်ခုခုသွားကြည့်တဲ့အခါမျိုးမှာ ဘော်ဒီဂတ်တစ်ဦးက သူစားဖို့ ပီဇာကိုကိုင်ပေးထားရရင် နောက်တစ်ဦးက အအေးကိုကိုင်ပေးထားရတာမျိုးပေါ့။ shwekhitonlinetv.com
၄။ Kim Kardashian

လူမှုကွန်ယက်စာမျက်နှာတွေနဲ့ မီဒီယာတွေကြားမှာ ရေပန်းစားသလို စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးလည်းဖြစ်တဲ့ Kim Kardashian ကတော့သူမရဲ့လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့်လူသိများတဲ့သူဖြစ်ပါတယ်။ သူမဟာ လူ (၄၊ ၅) ဦးလောက်ပါဝင်တဲ့ အဖွဲ့တစ်ခုကို အလုပ်ခန့်ထားပါတယ်။ အဲ့ဒီအဖွဲ့လုပ်ဆောင်ရတဲ့ အဓိကတာဝန်ကတော့ သူမရဲ့ခန္ဓာကိုယ်ကို အများသူတွေမတွေ့အောင် ကာကွယ်ပေးရတာဖြစ်ပါတယ်။ သူမအနေနဲ့ သဲသောင်ပြင်ပေါ်မှာ ဘီကီနီနဲ့ ဓာတ်ပုံရိုက်ကူးရေးလုပ်ပြီးတဲ့ အခါမျိုးမှာ သူမရဲ့ခန္ဓာကိုယ်ကို ကာကွယ်ပေးရတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Mariah Carey

နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ Mariah Carey ဟာဆိုရင်လည်း သူမရဲ့ Personal ကိစ္စတွေကိုဆောင်ရွက်ပေးဖို့ ထူးထူးခြားခြားဝန်ထမ်းတွေခန့်ထားတဲ့သူပါ။ သူမရဲ့ Vocal Trainer တွေဖြစ်တဲ့ David နဲ့ Carrie Grant တို့ရဲ့အဆိုအရဆိုရင် Mariah Carey ဟာ အအေးလိုသောက်စရာတစ်ခုခုကိုသောက်တဲ့အခါ ခွက်နဲ့ပိုက်ကို ကိုင်ပေးဖို့အတွက်ဝန်ထမ်းခန့်ထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၆။ Mark Wahlberg

နာမည်ကျော် အက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ Mark Wahlberg ကတော့ နံနက်ခင်းအိပ်ရာထနောက်ကျတာကို မုန်းတီးတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုနေ့စဉ်နေ့တိုင်းအိပ်ရာနှိုးပေးဖို့ လူသားနှိုးစက်တစ်ဦးငှားရမ်းထားပါတယ်။ လူသားနှိုးစက်ထားရှိတာကြောင့် သူ့ရဲ့တစ်နေ့တာလုပ်ဆောင်ရမည့် အချိန်ဇယားတွေဟာ မလစ်ဟင်းတော့ဘူးလို့ သူကဆိုပါတယ်။ shwekhitonlinetv.com
၇။ Ariana Grande

အဆိုတော်မလေး Ariana Grande ကတော့ အချိန်ကြာမြင့်စွာစင်ပေါ်မှာဖျော်ဖြေပြီးတဲ့နောက် အနားယူဖို့စင်အောက်ကို ဆင်းတဲ့နေရာမှာကူညီဖေးမဖို့အတွက် လက်ထောက်တွေခန့်ထားပါတယ်။ စင်ပေါ်မှာတစ်ချိန်လုံး ဒေါက်မြင့်ဖိနပ်ကြီးတွေနဲ့ ကခုန်ဆိုပြနေရတော့ ဒီလိုလက်ထောက်တွေခန့်ထားတာဟာလည်း သဘာဝကျတယ်လို့တော့ဆိုရမှာပါ။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။