အချို့သောသရုပ်ဆောင်တွေဟာ ဇာတ်ကားထဲကဇာတ်ညွှန်းအရကြမ်းတမ်းခက်ထန်စွာ သရုပ်ဆောင်ကြရသလို သူတို့ရဲ့မူလပုံပန်းသဏ္ဍာန်ကြောင့်လည်း ကြောက်မက်ဖွယ်ရာကောင်းတာမျိုးရှိတက်ပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် သရုပ်ဆောင်တွေကတော့ ရုပ်ရှင်ထဲကနဲ့မတူဘဲ တစ်ကယ့်အပြင်လောကမှာ နှစ်လိုဖွယ်ကောင်းလွန်းလှသူတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ The Rock

တောင့်တင်းသန်မာတဲ့ကြွက်သားများနဲ့မြင့်မားတဲ့အရပ်အမောင်းတို့က The Rock (Dwayne Johnson) ကို ပြီးပြည့်စုံတဲ့ အက်ရှင်ဇာတ်ဆောင်အမျိုးသားတစ်ဦးဖြစ်စေတာအမှန်ပါပဲ။ ဒါပေမယ့် တစ်ကယ့်အပြင်မှာတော့ ရယ်စရာကောင်းပြီးနှစ်လိုဖွယ်ရှိတဲ့သူအဖြစ် ပရိသတ်တွေက The Rock ကိုမြင်ကြပါတယ်။ shwekhitonlinetv.com
၂။ Keanu Reeves

Keanu Reeves ရဲ့အကြမ်းဆုံးအရမ်းဆုံး သရုပ်ဆောင်မှုတွေကို John Wick ဇာတ်ကားတွေမှာတွေ့မြင်ပြီး လူအတော်များများကို ကြောက်လန့်မိစေနိုင်မှာအမှန်ပါပဲ။ ဒါပေမယ့် တစ်ကယ့်အပြင်လောကမှာတော့ Keanu Reeves ဟာ ရိုးရှင်းစွာနေထိုင်တက်သူတစ်ဦးဖြစ်ပြီး နွေးထွေးကြင်နာတက်တဲ့ နှလုံးသားရှိသူပါ။ shwekhitonlinetv.com
၃။။ William Dafoe

ဇာတ်ကားအတော်များများမှဗီလိန်နေရာကနေ သရုပ်ဆောင်ရတဲ့ William Dafoe ကိုတော့ လက်တွေ့အပြင်မှာ William Dafriend လို့တောင်ခေါ်သင့်တယ်လို့ ပရိသတ်တွေကဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကတစ်ကယ့်အပြင်မှာအလွန်ကိုဖော်ရွေပြီး ခင်မင်ဖို့ကောင်းလို့ဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Henry Cavill

စူပါမန်းဇာတ်ဆောင်တစ်ဦးဖြစ်သလို Witcher ဇာတ်လမ်းတွဲတွေမှာကြောက်မက်ဖွယ်ကောင်းလောက်အောင် အကြမ်းအရမ်းဇာတ်ဝင်ခန်းတွေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Henry Cavill ကလည်း အပြင်မှာရယ်ရွှင်ဖွယ်ကောင်းတဲ့ အပြုအမူတွေကိုပြုလုပ်တက်သူတစ်ဦးဖြစ်ကြောင်း နီးစပ်တဲ့အသိုင်းအဝိုင်းကဆိုကြပါတယ်။ shwekhitonlinetv.com
၅။ Jason Momoa

ဟာဝိုင်ရီကျွန်းသားဖြစ်တဲ့ Jason Momoa ကတော့ မြင့်မားတဲ့အရပ်အမောင်း ရှည်လျားတဲ့ဆံပင်နဲ့ မုတ်ဆိတ်ကျင်စွယ်တွေကြောင့် ရုတ်တရက်ကြည့်ရင် ခက်ထန်လှတဲ့သူတစ်ဦးလို့ ထင်မြင်ချင်စရာပါ။ ဒါပေမယ့်တစ်ကယ်တမ်းလက်တွေ့အပြင်က ဘဝမှာတော့သူက အရမ်းကိုအစအနောက်သန်ပြီး ပျော်ပျော်နေတက်တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Danny Trejo

Danny Trejo ရဲ့ပုံပန်းသဏ္ဍာန်ကို ပထမဆုံးမြင်တွေ့ဖူးတဲ့သူအနေနဲ့ဆိုရင် သူ့ကိုသရုပ်ဆောင်တစ်ဦးလို့တောင် ထင်မြင်မိမှာမဟုတ်ပါဘူး။ တစ်ကယ်လို့သရုပ်ဆောင်တစ်ဦးဆိုရင်လည်း ဗီလိန်ခန်းတွေမှာသရုပ်ဆောင်တဲ့သူလောက်ပဲသတ်မှတ်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် Danny Trejo က သရုပ်ဆောင်ကောင်းတစ်ဦးသာမကဘဲ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ပုံရိပ်ကိုလည်း ပရဟိတလုပ်ငန်းတွေမှာ အသုံးချတက်ပြီး ကလေးတွေကို ဟာသလုပ်ပြရတာနှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Tom Felton

သူကတော့ Harry Potter ဇာတ်ကားတွေနဲ့ငယ်စဉ်ကလေးသရုပ်ဆောင်ဘဝကတည်းက ဗီလိန်ဇာတ်ရုပ်ကိုအခိုင်အမာရရှိခဲ့သူဖြစ်ပြီး ပရိသတ်ရဲ့မုန်းတီးခြင်းကိုခံရသူဖြစ်ပါတယ်။ ဒါပေမယ့်အပြင်ကလက်တွေ့ဘဝမှာတော့ သူဟာတိရိစ္ဆာန်လေးတွေကို ချစ်တက်တဲ့သူတစ်ဦးဖြစ်သလို ပရိသတ်တွေနဲ့လည်း ဟိတ်ဟန်မရှိပြောဆိုဆက်ဆံတက်တဲ့သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။