အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာပေါ်မှာနေထွက်ချိန်ကိုအလှပဆုံးကြည့်ရှုခံစားနိုင်မယ့် နေရာဒေသ (၁၀) ခုကိုဖော်ပြလိုက်ပါတယ်။ shwekhitonlinetv.com
၁၀။ မာချူးပီချူးမြို့ဟောင်း

ပီရူးနိုင်ငံကရှေးဟောင်းမြို့တော်ဖြစ်တဲ့ မာချူးပီချူး (Machu Picchu) ကတော့ နေထွက်ချိန်ကိုစောင့်ကြည့်ဖို့အကောင်းဆုံးနေရာဒေသတွေထဲမှာ နံပါတ် (၁၀) ချိတ်ပါတယ်။ မာချူးပီချူးက ခရီးသွားအကြံပေးတွေရဲ့ မဲအရေအတွက် (၄၇၀) အထိရရှိထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ ချားလက်စ်တံတား

ဥရောပက ချက်နိုင်ငံမှာရှိတဲ့ ချားလက်စ်တံတား (Charles Bridge) ဟာ နေထွက်ချိန်ကိုစောင့်ကြည့်ဖို့အကောင်းဆုံးနေရာဒေသတွေထဲမှာ နံပါတ် (၉) နေရာမှာရှိနေပါတယ်။ ရရှိခဲ့တဲ့ ဆန္ဒမဲအရေအတွက်ကနော့ (၅၈၁) မဲပါ။ shwekhitonlinetv.com
၈။ အာဒမ်တောင်ထိပ်

သီရိလင်္ကာနိုင်ငံမှာရှိတဲ့ အာဒမ်တောင်ထိပ် (Adam’s Peak) ကတော့နေထွက်ချိန်ကိုစောင့်ကြည့်ဖို့ အကောင်းဆုံး နံပါတ် (၈) နေရာဖြစ်ပါတယ်။ ရရှိတဲ့မဲအရေအတွက်ကတော့ (၆၄၉) မဲပါ။ shwekhitonlinetv.com
၇။ ပုဂံဘုရားများ

မြန်မာနိုင်ငံက ပုဂံဘုရား (Bagan Temples) တွေဟာလည်း နေထွက်ချိန်ကိုစောင့်ကြည့်ဖို့အကောင်းဆုံးကမ္ဘာ့ဒေသတွေထဲမှာ ပါဝင်နေပါတယ်။ ခရီးသွားအကြံပေးတွေရဲ့ မဲအရေအတွက် (၇၉၇) မဲရရှိပြီး ပုဂံဘုရားတွေနဲ့ရှေးဟောင်းနယ်မြေဟာ ဒီစာရင်းရဲ့ အဆင့် (၇) နေရာမှာရှိနေပါတယ်။ shwekhitonlinetv.com
၆။ ဆာရန်ကော့

နီပေါနိုင်ငံမှာရှိတဲ့ ဆာရန်ကော့တောင် (Sarankot) ကတော့ခရီးသွားအကြံပေးတွေရဲ့ မဲအရေအတွက် (၈၉၁) မဲရရှိပြီး ဒီစာရင်းရဲ့အဆင့် (၆) နေရာမှာရှိနေပါတယ်။ shwekhitonlinetv.com
၅။ အူလူရူ

သြစတြေးလျနိုင်ငံမှာရှိတဲ့ အူလူရူ (Uluru) ဆိုတဲ့ကျောက်ဆောင်ကြီးကတော့ နေထွက်ချိန်ကိုစောင့်ကြည့်ဖို့အကောင်းဆုံး နေရာတွေထဲမှာအဆင့် (၅) နေရာမှာရှိပါတယ်။ ရရှိခဲ့တဲ့မဲအရေအတွက်ကတော့ (၁၀၈၅) ဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ဘိုရိုဘူဒါးဘုရားပုထိုးများ

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဘိုရိုဘူဒါးဘုရားပုထိုး (Borobudur Temple) တွေကတော့နေထွက်ချိန်ကိုစောင့်ကြည့်ဖို့အကောင်းဆုံး အဖြစ် နံပါတ် (၄) နေရာမှာ မဲအရေအတွက် (၁၆၀၀) နဲ့ရပ်တည်နေပါတယ်။ shwekhitonlinetv.com
၃။ တာ့ချ်မဟာ

အိန္ဒိယနိုင်ငံမှာရှိတဲ့ တာ့ချ်မဟာ (Taj Mahal) အဆောက်အအုံကြီးကတော့ နေထွက်ချိန်ကိုစောင့်ကြည့်ဖို့အကောင်းဆုံးနေရာတွေထဲမှာ အဆင့် (၃) နေရာမှာရှိပါတယ်။ ခရီးသွားအကြံပေးတွေကတော့ တာ့ချ်မဟာကို မဲအရေအတွက် (၂၈၁၉) အထိပေးထားကြပါတယ်။ shwekhitonlinetv.com
၂။ ဟာလီကာလာမီးတောင်ကြား

ဟာလီကာလာမီးတောင်ကြား (Haleakala Crater) ဒေသဟာ ပစိဖိတ်သမုဒ္ဒရာအထက်
(ပင်လယ်ရေမျက်နှာပြင်အထက်) ၁၀၀၂၃ ပေ မြင့်တဲ့နေရာမှာတည်ရှိတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံပိုင် ဟာဝိုင်ရကျွန်းမှာရှိတဲ့ ဒီမီးတောင်ကြားဒေသဟာ နေထွက်ချိန်ကိုစောင့်ကြည့်ဖို့အကောင်းဆုံးနေရာတစ်ခုအဖြစ် ခရီးသွားအကြံပေးတွေက မဲအရေအတွက် (၃၉၃၃) အထိပေးထားကြပါတယ်။ shwekhitonlinetv.com
၁။ အန်းကောဝတ်

ခရီးသွားအကြံပေးတွေရဲ့ အဆိုပြုချက်အရ ဒီစာရင်းရဲ့ထိပ်ဆုံးမှာ ကမ္ဘောဒီးယားနိုင်ငံ အန်းကောဝတ်ဘုရားကျောင်း (Angkor Wat Temple) က မဲအရေအတွက် (၁၀၄၀၄) နဲ့ဦးဆောင်လို့နေပါတယ်။ shwekhitonlinetv.com
hwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။