အရှေ့တောင်အာရှဒေသတွင်းက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ လာမည့် ၂၀၂၇ ခုနစ်မှာ နျူကလီးယားဓာတ်ပေါင်းဖိုကို အသုံးပြုတဲ့ဓာတ်အားပေးစနစ်ကို စတင်လည်ပတ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ shwekhitonlinetv.com

တစ်ကယ်လို့သာ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဒီကိစ္စကိုအမှန်တစ်ကယ်အကောင်အထည်ဖော်နိုင်ခဲ့ရင်တော့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ပထမဆုံးနျူကလီးယားဓာတ်ပေါင်းဖိုစတင်လည်ပတ်နိုင်တဲ့ နိုင်ငံဖြစ်လာမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
တစ်ကယ်တော့ ဖိလစ်ပိုင်နိုင်ငံဟာ နျူကလီးယားစွမ်းအင်ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားပေးစနစ်ကို လည်ပတ်ဖို့အတွက် အခုမှစတင်ကြိုးပမ်းခဲ့တာမဟုတ်ပါဘူး။ သူတို့အနေနဲ့ ၁၉၇၆ ခုနစ်ကတည်းက Bataan ကျွန်းဆွယ်မှာ နျူကလီးယားဓာတ်အားပေးစက်ရုံကို တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Bataan လို့အမည်ပေးထားတဲ့ ဒီနျူကလီးယားဓာတ်ပေါင်းဖိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံအကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၈၆ ခုနစ် မှာတည်ဆောက်ပြီးစီးခဲ့ပါတယ်။ ဒါပေမယ့် လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိခဲ့ဘဲ ဆယ်စုနှစ် (၃) ခုကျော်ဒီအတိုင်းထားခဲ့ရတာဖြစ်ပါတယ်။ shwekhitonlinetv.com
ဒီကနေ့ စွမ်းအင်သုံးစွဲမှုမြင့်မားလာတဲ့ ခေတ်အခြေအနေအရ စွမ်းအင်လိုအပ်ချက်ကြီးမားလာချိန်မှာတော့ လက်ရှိဖိလစ်ပိုင်သမ္မတဖြစ်တဲ့ Bongbong Marcos က သူ့ရဲ့ဖခင်ဖြစ်သူ Ferdinand Marcos လက်ထက်က အကောင်အထည်မပေါ်ခဲ့တဲ့ ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် စီစဉ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့အနေနဲ့ Bataan ကျွန်းဆွယ်မှာရှိတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကို ပြန်လည်ပြုပြင်ထိန်းသိမ်းတည်ဆောက်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့် ၂၀၂၇ ခုနစ်မှာ လုပ်ငန်းလည်ပတ်နိုင်မှာဖြစ်တယ်လို့ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။