ဒီပုံတွေကိုက Photoshop နဲ့ ပြုပြင်ဖန်တီးထားတဲ့ ပုံတွေလား ? ဒါမှမဟုတ် သဘာဝအတိုင်း သာမန်ရိုက်ကူး ထားတဲ့ပုံတွေလား ? အားလုံးကို ကြည့်ပြီး ကိုယ့်ရဲ့ထင်မြင်ယူဆချက်လေးတွေကို ပြောပြပေးခဲ့ကြပါဦးနော်။ shwekhitonlinetv.com
၁။ ကောင်းကင်ဘုံနဲ့ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်း

မြူခိုးတွေရစ်ဆိုင်းနေတဲ့ ဒီအဝေးပြေးလမ်းမကြီးက တော့ အမေရိကန်ပြည်ထောင်စု (Wyoming) ပြည်နယ်မှာ ရှိတာဖြစ်ပါတယ်။ အမှတ်တမဲ့ကြည့်ရင်တော့ ဒီလမ်းမကြီးက ကောင်းကင်ဘုံနဲ့ဆက်သွယ်ထားသလိုပါပဲ။ shwekhitonlinetv.com
၂။ ကမ္ဘာပေါ်ဂြိုဟ်သားတွေရောက်နေပြီလား

ဒီပုံကတော့သစ်ပင်တစ်ရဲ့ အတွင်းပိုင်းကိုတောမီးလောင်ကျွမ်းစပြုနေတဲ့ အချိန်မှာ သစ်တောဝန်ထမ်းတစ်ယောက်က ရိုက်ယူထားတဲ့ပုံဖြစ်ပါတယ်။ ဒီခရမ်းရောင်မီးတောက်တွေက နေထွက်ပေါ်လာတဲ့ အလင်းတန်းတွေက သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲကလို ဂြိုဟ်သားတွေရဲ့စွမ်းအင်တွေ ထွက်ပေါ်လာလေသလား လို့ထင်ချင်စရာကောင်းလှပါတယ်။ shwekhitonlinetv.com
၃။ ဧရာမလူ့ဘီလူးကြီး

ဝိုး ….. ဒါက တောင် (၂) လုံးကြားက ဧရာမလူ့ဘီလူးကြီးလား ? မဟုတ်ပါဘူး။ သစ်ငုတ်တိုပေါ်ကိုတက်နေတဲ့ ကလေးတစ်ယောက်ပါ။ ဓာတ်ပုံရှုထောင့်ကြောင့် ရုတ်တရက်ဆို ဧရာမလူ့ဘီလူးကြီးလို့ ထင်မယ်ဆိုလည်းထင်ချင်စရာပါ။ shwekhitonlinetv.com
၄။ ပယင်းကျောက်လား ? ရေခဲတုံးကြီးလား ?

ဒါကတော့ ရေခဲလှိုဏ်ဂူတစ်ခုရဲ့အဝကို နေဝင်ခါနီးအချိန် ကျရောက်တဲ့ နေရောင်ကြောင့် ဖြစ်ပေါ်လာတဲ့ပုံရိပ်ဖြစ်ပါတယ်။ ဒါကလည်း မသိရင်ရေခဲတုံးကြီးကို အလွန်လှပတဲ့ ပယင်းကျောက်တုံးကြီးသဖွယ် ထင်မှတ်မှားစေနိုင်တာအမှန်ပါပဲ။ shwekhitonlinetv.com
၅။ တကယ့်မြှားတစ်စင်းပစ်လွှတ်လိုက်တဲ့ ရုပ်တု

တကယ့်ကိုတိကျလွန်းတဲ့ ရှုထောင့်ကနေ လေယာဉ်ပျံလာတဲ့အချိန်ကို တမင်စောင့်ပြီး ချိန်သားကိုက်ရိုက်ယူထားတဲ့ ပုံလို့သိရပါတယ်။ မသိရင်တော့ ရုပ်တုကနေ တကယ့်မြားတစ်စင်း ပစ်လွှတ်လိုက်သလို ပုံစုံဖြစ်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဓာတ်ပုံဆရာရဲ့ အိုင်ဒီယာကတော့ တကယ်ချီးကျူးစရာပါပဲ။ shwekhitonlinetv.com
၆။ သဘာဝရဲ့အလှတရား

ရွှံနွံတောတစ်ခုအပေါ်မှာ ကျရောက်နေတဲ့ သက်တံ့ရဲ့ ပုံရိပ်ဖြစ်ပါတယ်။ တကယ့်ကိုရင်သပ်ရှုမောဖွယ်ကောင်းပြီး မျက်စိပသာဒ ဖြစ်စေနိုင်တဲ့မြင်ကွင်းပါပဲနော် ….။ shwekhitonlinetv.com
၇။ ရာသီဥတု (၄) မျိုးနဲ့ ပြတင်းပေါက်

ပြတင်းပေါက်တစ်ခုရဲ့ မှန်တစ်ချပ်စီက နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီ စတဲ့ ရာသီဥတု (၄) မျိုးကိုပုံဖော်ပြသနေသလို အလင်းအမှောင် နဲ့ မြင်ကွင်းက တိုက်ဆိုင်စွာထပ်တူကျနေတဲ့ပုံပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ ဓာတ်ပုံ (၂) ပုံလား (၁) ပုံတည်းလား ?

ပလက်ဖောင်းပေါ်က တိုင်တစ်ခုကြောင့် ဒီပုံကို အမှတ်တမဲ့ကြည့်လိုက်ရင် မတူညီတဲ့ ဓာတ်ပုံ (၂) ခုပေါင်းစပ်ထားတယ်လို့ အမြင်မှားလောက်စရာပါပဲ။ သေချာကြည့်မှသာ ဒါဟာ ဓာတ်ပုံတစ်ပုံတည်းဆိုတာ သိနိုင်ပါလိမ့်မယ်။ shwekhitonlinetv.com
၉။ ရောင်စုံအမွှေးနဲ့ရှားပါးတဲ့ ကြောင်မျိုးစိတ်

ဒါကရောင်စုံအမွှေးတွေနဲ့ ရှားပါးကြောင်မျိုးစိတ် မဟုတ်သလို ဆေးခြယ်သထားတာလည်း မဟုတ်ပါဘူး။ နေရောင်ကျရောက်နေတဲ့ ရောင်စုံပြတင်းပေါက် လိုက်ကာလေးဘေးမှာ လှဲနေတဲ့ သာမန်ကြောင်တစ်ကောင်ပါ။ shwekhitonlinetv.com
၁၀။ ဇကာပေါက် ရေနွေးကြမ်းခွက်

အပေါက်တွေနဲ့ရေနွေးကြမ်းခွက်တွေထဲက ရေနွေးတွေက ဘာလို့အပြင်ကိုမထွက်ကျရတာလဲ ? သေချာကြည့်မယ်ဆိုရင်တော့ ဒီလိုအထင်အမြင်မှားအောင်ကို ရေနွေးကြမ်းခွက်တွေကို ဖန်တီးထားတယ်ဆိုတာ သင်သဘောပေါက်ပါလိမ့်မယ်။ shwekhitonlinetv.com
အခုဖော်ပြပေးတဲ့ အကြောင်းအရာလေးကို အဆုံးထိဖတ်ရှုပေးတဲ့ ပရိသတ်တွေအားလုံးကို အထူးကျေးဇူးတင်ရှိ ပါတယ်။ နောက်ထပ်လည်း ဘယ်လိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွား မလဲဆိုတာ ဆက်လက်စောင့်စား အားပေးကြပါဦးနော် ….. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။