အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအနေနဲ့ ဘဝမှာတစ်ခါမှမြင်ဖူးသေးမှာမဟုတ်တဲ့ ဂြိုဟ်သားဗိသုကာပညာရှင်တွေရဲ့ ဒီဇိုင်းတွေကိုလေ့လာခွင့်ရမှာပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေထဲမှာလည်း ဒီလိုပညာရှင်တွေရှိခဲ့ရင် သူတို့အတွက်ဝေမျှပေးလိုက်ကြပါဦးနော် ….. shwekhitonlinetv.com
၁။ ဂျပန်လူမျိုး ဗိသုကာပညာရှင် Sou Fujimoto ဒီဇိုင်းဆွဲပေးထားတဲ့ ပြင်သစ်နိုင်ငံ မောင့်ပယ်လီယာမြို့က Arbre Blanc Tower ပါ။

၂။ နော်ဝေနိုင်ငံရဲ့ တောတောင်ရေမြေအလှတွေပေါ်မှာတည်ဆောက်ထားတဲ့ ထူးထူးဆန်းဆန်း ဒီဇိုင်းနဲ့အနက်ရောင် အိမ်တစ်လုံး။

၃။ ဒီကြောင်လိမ်လှေကားတွေက ကြည့်ကောင်းပေမယ့် တစ်ကယ်လိုအပ်ရဲ့လားဆိုတာ မေးခွန်းထုတ်ချင်စရာပါ။

၄။ ဒီတိုက်တွေရဲ့ ခေါင်မိုးပေါ်ကအတန်းကြီးက ဘာဖြစ်လိမ့်မယ်လို့ထင်လဲ ရွှေခေတ်ပရိသတ်ကြီးရေ။

၅။ ဒါကတော့ Tokyo Drift ထဲကလိုမျိုး ပုံစံမျိုးကို နမူနာယူပြီးတည်ဆောက်ထားပုံရပါတယ်။

၆။ ၁၉၃၀ ခုနှစ်က ဗိသုကာလက်ရာ ဒီဇိုင်းအဆန်းနဲ့ ဂတ်စ်ဆိုင်တစ်ခု။

၇။ ပြင်သစ်နိုင်ငံက ပြတင်းပေါက်များစွာနဲ့ ဂြိုဟ်သားဗိသုကာပညာရှင်ရဲ့ နားလည်ရခက်တဲ့ အဆောက်အဦ ဒီဇိုင်း။

၈။ ဒါကတော့ ကရာတေးတိုက်ကွက်စတိုင်ဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်။

၉။ ဒီအဆောက်အဦးကိုတော့ ဘာကြောင့်များအခုလိုပုံစံဆောက်ထားတာလဲ သိချင်မိပါရဲ့။

၁၀။ ဘယ်လိုစိတ်ကူးကြောင့်ပြတင်းတံခါးတွေက အခုလိုဖန်တီးထားသလဲစဉ်းစားလို့တောင်မရပါဘူး။

၁၁။ ဘာကြီးမှန်းတောင် ပြောဖို့ခက်လှတဲ့ ဆလိုဗက်ကီးယားနိုင်ငံက အိမ်တစ်လုံး။

၁၂။ ဒီအဆောက်အဦကတော့ တူရကီနိုင်ငံ Kahramanmaraş နာမည်ကျော် ပို့စ်မော်ဒန်အမှိုက်ပုံးလို့အမည်ပေးထားတဲ့ အဆောက်အဦပါ။

၁၃။ ဘရာဇီးလ်နိုင်ငံ ကူရီတီဘာမြို့မှာရှိတဲ့ အပါးလွှာဆုံးအဆောက်အဦး ဒီဇိုင်းတစ်ခု။

၁၄။ ဘာဒီဇိုင်းမှန်းမသိပေမယ့် လူကုံထံတွေအတွက်ရည်ရွယ်ပြီး တည်ဆောက်ခဲ့တဲ့ ဇိမ်ခံအိမ်တစ်လုံးလို့သိရပါတယ်။

၁၅။ မက္ကဆီကိုနိုင်ငံက Yellow House တဲ့ … ဒီဇိုင်းကတော့ သေလို့ရတယ်နော် …..

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။