တံတားတွေဟာလမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းရေးမှာအလွန်အရေးပါတဲ့ အခြေခံအဆောက်အဦးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ရွှေခေတ်ပရိသတ်တွေကို ကမ္ဘာပေါ်မှာအရှည်လျားဆုံးဖြစ်တဲ့ တံတားကြီး (၇) စင်းအကြောင်းကိုဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၇။ Okaland Bay Bridge – San Francisco , USA

Okaland Bay Bridge ဟာ ကမ္ဘာပေါ်မှာ (၇) ခုမြောက်အရှည်ဆုံးတံတားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ထင်ရှားတဲ့မြို့နှစ်မြို့ဖြစ်တဲ့ ဆန်ဖရန်စစ္စကိုမြို့နဲ့ အော့ကလန်မြို့တို့ကိုဆက်သွယ်ထားတဲ့ ဒီတံတားကိုတော့ ၁၉၃၆ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်းတံတားအရှည်က (၁၃.၄) ကီလိုမီတာရှိပါတယ်။ shwekhitonlinetv.com
၆။ Vasco Da Gama Bridge – Lisbon , Portugal

၁၅ ရာစုနှစ်နာမည်ကျော် စူးစမ်းရှာဖွေသူ ဗက်စကိုဒဂါးမားကို ဂုဏ်ပြုတဲ့အနေနဲ့အမည်မှည့်ခေါ်ထားတဲ့ ဒီတံတားကတော့ ပေါ်တူဂီနိုင်ငံတောင်ပိုင်းနဲ့မြောက်ပိုင်းကို ဆက်သွယ်ပေးထားပါတယ်။ အမေရိကန်ဒေါ်လယ (၁) ဘီလီယံအကုန်အကျခံတည်ဆောက်ထားတဲ့ဒီတံတားဟာ (၁၇) ကီလိုမီတာရှည်လျားပြီး ပေါ်တူဂီနိုင်ငံရဲ့ အရေးပါတဲ့လမ်းပန်းဆက်သွယ်ရေးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ King Fahd Causeway – Khobar Saudi Arabia and Al Jasra , Bahrain

ဆော်ဒီအာရေဗျနိုင်ငံနဲ့ ဘာရိန်းနိုင်ငံတို့မှာရှိတဲ့ မြို့နှစ်မြို့ကိုဆက်သွယ်ထားတဲ့ ဒီတံတားကတော့ သံတမန်ဆက်ဆံရေးနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့ရာရည်ရွယ်ပြီး ၁၉၈၆ ခုနှစ်မှာတည်ဆောက်ခဲ့တာပါ။ အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံကုန်ကျခဲ့တဲ့ဒီတံတားရဲ့ အရှည်က (၂၅) ကီလိုမီတာအထိရှိပြီး နေ့စဉ်ပျမ်းမျှကားအစီးရေ (၄၅၀၀၀) လောက်ဖြတ်သန်းလျက်ရှိတဲ့ တံတားလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Donghai Bridge – Zhoushan , China

၂၀၀၅ ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တဲ့ ဒီတံတားကတော့ တရုတ်နိုင်ငံရဲ့ပထမဆုံးပင်လယ်ကူးတံတားဖြစ်ပါတယ်။ တံတားရဲ့အရှည်ကတော့ (၃၂.၆) ကီလိုမီတာရှိပြီး (၆) လမ်းသွားတံတားဖြစ်ပါတယ်။ ယန်ရှမ်းရေနက်ဆိပ်ကမ်းနဲ့ ရှန်ဟိုင်းမြို့ကို ချိတ်ဆက်ထားတဲ့ ဒီတံတားဟာတရုတ်နိုင်ငံရဲ့ ကုန်းလမ်းနဲ့ရေကြောင်းကုန်သွယ်မှုအတွက် အထူးအရေးပါတဲ့တံတားဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Lake Pontchartrain Causeway – Louisiana , USA

တံတားအရှည် (၃၈.၄၄) ကီလိုမီတာရှိပြီး ၁၉၆၉ မှာတည်ဆောက်ပြီးစီးခဲ့တဲ့ ဒီတံတားဟာဆိုရင်တစ်ချိန်က ဂင်းနစ်စံချိန်တင်ခဲ့တဲ့ တံတားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ကြီးမားလှတဲ့ Pontchartrain ရေကန်ကြီးကိုဖြတ်သန်းပြီးတည်ဆောက်ထားတဲ့ ဒီတံတားဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဆုံး တံတားတစ်စင်းအဖြစ်ရှိနေပါတယ်။ shwekhitonlinetv.com
၂။ Jiaozhou Bay Bridge – Qingdao , China

တိုင်ပေါင်း (၅,၂၀၀)၊ သံမဏိတန်ချိန် (၄၅၀,၀၀၀)၊ ငလျင်ပြင်းအားရစ်ချက်တာစကေး (၈) အထိခံနိုင်ရည်ရှိတဲ့ ဒီတံတားကတော့ တရုတ်နိုင်ငံ ချင်ဒေါင်းပြည်နယ်မှာတည်ရှိပါတယ်။ (၆) လမ်းသွားတံတားဖြစ်ပြီး အရှည် (၄၁.၅၈) ကီလိုမီတာရှိတဲ့ ဒီတံတားဟာ တစ်ချိန်က ဂင်းနစ်စံချိန်တင်ခဲ့တဲ့အရှည်ဆုံး ပင်လယ်ကူးတံတားဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Hong Kong – Zhuhai – Macau Bridge

ဟောင်ကောင် – ကျူးဟိုင် – မကာအို စတဲ့ဒေသတွေကို ဆက်သွယ်ထားတဲ့ ဒီတံတားကတော့ လက်ရှိကမ္ဘာပေါ်မှာအရှည်ဆုံး ပင်လယ်ကူးတံတားဖြစ်ပါတယ်။ တံတားအရှည် (၅၅) ကီလိုမီတာခန့်ရှိပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က နာမည်ကျော် Golden Gate Bridge ထက် အဆ (၂၀) ပိုရှည်လျားပါတယ်။ ဒီတံတားမှာ ကေဘယ်ရထားပြေးဆွဲဖို့လမ်းကြောင်း (၃) ခုပါဝင်သလို ရေအောက်ဥမင်တွေလည်းပါဝင်ပါတယ်။ အထူးခြားဆုံးကတော့ ရှည်လျားလှတဲ့ လမ်းကြောင်းမှာတစ်ထောက်နားနိုင်ဖို့အတွက် စတုရန်းမီတာ (၁) သိန်းစီကျယ်ဝန်းတဲ့ လူလုပ်ကျွန်း (၂) ခုပါရှိတာပဲဖြစ်ပါတယ်။ ဒီတံတားကို ငလျင်ပြင်းအား ရစ်ချက်တာစကေးအဆင့် (၈) အထိ ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားသလို စူပါတိုင်ဖွန်းမုန်တိုင်းတွေရဲ့ ဒဏ်ကိုလည်းခံနိုင်အောင်တွက်ချက်တည်ဆောက်ထားပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။