နစ်ဆင်ခါလွန်လို့အမည်ရတဲ့အစ္စရေးအဘိုးအိုဟာ မြေထဲပင်လယ်ရဲ့ကမ်းရိုးတန်းတစ်နေရာမှာ ပုံမှန်မဟုတ်တဲ့ နေထိုင်မှုပုံစံနဲ့ နှစ်ပေါင်း (၅၀) ကျော်နေထိုင်ခဲ့တဲ့ သူတစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

မူလအစက သူ့အနေနဲ့ အစ္စရေးလ်နိုင်ငံမြို့တော်တဲအဗစ်ရဲ့ မလှမ်းမကမ်းက Herzliya ကမ်းခြေမှာ တဲတစ်လုံးနဲ့နေထိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာအနီးဝန်းကျင်က ကျောက်တောင်နံရံမှာ လှိုဏ်ဂူတွေကို တစ်ခုပြီးတစ်ခုဖောက်ထွင်းခဲ့ပါတယ်။ shwekhitonlinetv.com

ပြီးတဲ့အခါမှာတော့ ဒီလှိုင်ဂူတွေကို ဝင်္ကဘာသဖွယ်ဆက်သွယ်လိုက်ပြီး အတွင်းမှာ ပြတင်းပေါက်တွေ၊ လှေကားတွေအပြင်၊ ရောင်စုံကြွေပြားတွေနဲ့ ကျောက်နံရံတွေကိုပါဖန်တီးတည်ဆောက်ကာ သူ့ရဲ့အိမ်အဖြစ်နဲ့ နေထိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့အနေနဲ့ အဲ့ဒီလိုနေလာတာဟာ နှစ်ပေါင်း (၅၀) ကျော်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ ဒီလိုမျိုး ထူးထူးဆန်းဆန်း နေရာမှာအိမ်လုပ်ပြီးနေတဲ့ သူ့ကို အင်တာနက်စာမျက်နှာတွေက တစ်ဆင့် တစ်စတစ်စ သိရှိသူများပြားလာခဲ့ပါတယ်။ shwekhitonlinetv.com

အခုဆိုရင်သူ့ရဲ့အိမ်ကို ကမ္ဘာအနှံ့ကနေ စိတ်ဝင်တစားနဲ့ လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေတောင်ရှိနေပြီဖြစ်ပါတယ်။ ခါလွန်ကတော့ သူ့အိမ်ကိုအခုလို လာရောက်လည်ပတ်ကြတဲ့သူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး သူ့ရဲ့အိမ်အတွက် ဂုဏ်ယူလျက်ရှိပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် အစ္စရေးနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကတော့ သူ့ရဲ့နေထိုင်မှုဟာ တရားမဝင်သလို ကျောက်တောင်နံရံဖွဲ့စည်းပုံပျက်ကာ ပြိုကျနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ခါလွန်ကို အဲ့ဒီနေရာကနေ ရွှေ့ပြောင်းဖို့အတွက် သတိပေးထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။