မင်္ဂလာပါ ရွှေခေတ် စာဖတ် ပရိသတ်တို့ရေ … ။ ဒီတခေါက် ပြောပြပေးသွားမှာကတော့ အံ့အားသင့်ဖွယ် အာကာသဆိုင်ရာအချက်အလက်များအကြောင်းပဲ ဖြစ်ပါတယ်။
၁။ လည်ပတ်နှုန်းနှေးလာတဲ့ ကမ္ဘာကြီး

အရင်ကထက်စာရင် ကျွန်တော်တို့ကမ္ဘာကြီးမှာ နေ့ရက်တွေဟာ ပိုပြီးရှည်လျားလာတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လရဲ့ ကမ္ဘာပေါ်သက်ရောက်နေတဲ့ (Tidal Force) တွေကြောင့်ပဲ ဖြစ်ပါတယ်။ (Atomic Clock) တွေရဲ့ဖော်ပြချက်အရတော့ ဒီနေ့ခေတ်ရဲ့ တစ်နေ့တာဟာ လွန်ခဲ့တဲ့ ရာစုနှစ်ကထက်စာရင် (၁.၇) မီလီစက္ကန့် ပိုကြာနေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ သာမန်မျက်စိနဲ့မြင်နိုင်တဲ့ ဂလက်ဆီများ

လူတစ်ယောက်ရဲ့ သာမန်မျက်စိနဲ့ အာကာသထဲကိုကြည့်မယ်ဆိုရင် ကမ္ဘာကနေ အနည်းဆုံး ဂလက်စီ ၃ ခုမှ ၇ ခုထိမြင်နိုင်ပါတယ်။ ဒီဂလက်စီတွေကတော့….
၁။ Andromeda Galaxy/ ၂။ Large Magellanic Cloud/ ၃။ Small Magellanic Cloud/ ၄။ Milky Way Galaxy/ ၅။ Triangulum Galaxy/ ၆။ The Omega Centauri/ ၇။ Sagittarius Dwarf Spherical Galaxy
၃။ မြေပြင်ကနေ ကမ္ဘာ့အပြင်ဘက်ကို (၆၂) မိုင်သာကွာဝေးပါတယ်

ဟင်းလင်ပြင်နယ်နိမိတ်ဘယ်ကစတင်လဲဆိုတာ တိတိကျကျသတ်မှတ်ထားတာ မရှိပေမယ့် (Karman Line) အရတော့ ပင်လယ်ရေမျက်နှာပြင်အထက် (၆၂) မိုင်အကွာမှာ ရှိတယ်လို့ဆိုပါတယ်။ ဒီသတ်မှတ်ချက်ကိုတော့ ဟင်းလင်းပြင် စမှတ်အဖြစ်ရော လေကြောင်းစံချိန်ထိန်းသိမ်းရန်အတွက်ကော အသုံးပြုလျက်ရှိပါတယ်။ shwekhitonlinetv.com
၄။ အလင်းနှစ် (၅) ဘီလီယံအကွာက ရေဒီယိုအချက်ပြမှု

၂၀၁၆ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက အလင်းနှစ် ၅ ဘီလီယံအကွာက ရေဒီယိုအချက်ပြတစ်ခုကို ထောက်လှမ်းမိခဲ့ပါတယ်။ ဆိုလိုတာကတော့ ဒီရေဒီယိုအချက်ပြ စတင်ထွက်ခွာလာတုန်းက ကမ္ဘာကြီးက ဖြစ်တည်မှုတောင် မရှိသေးပါဘူး။ ဒီအချက်ပြတွေကို ထောက်လှမ်းမိခဲ့တာကတော့ နယူးမက္ကဆီကိုမှာရှိတဲ့ ” National Radio Astronomy Observatory ” မှ ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ တွင်းဖြူများ (White Holes)

တွင်းဖြူတွေကို ယခုချိန်ထိရှာမတွေ့သေးပေမဲ့ သင်္ချာနည်းအရတော့ ဖြစ်နိုင်ခြေရှိနေတုန်းပါပဲ။ တွင်းနက်ဆိုတာလည်း ရှေးယခင်က အယူအဆအဆင့်သာရှိခဲ့တဲ့ အာကာသဝတ္ထုတစ်ခုပါ။ ယခုအခါမှာလည်း တွင်းဖြူတွေဟာ အယူအဆအဆင့်သာရှိသေးတယ်ဆိုပေမဲ့ သင်္ချာကတော့ ယင်းတို့ရှိနိုင်ကြောင်း အတည်ပြုပေးထားပါတယ်။ တွင်းဖြူဆိုတာကတော့ တွင်းနက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ဒြပ်ပစ္စည်းနဲ့အလင်းတို့ကို ဆွဲငင်ရမယ့်အစား ပြန်လည်ထုတ်ပေးပါတယ်။ shwekhitonlinetv.com
၆။ မီးတောင်အများဆုံး ဗီးနပ်စ်ဂြိုဟ်

ဗီးနပ်စ်ဂြိုလ်ပေါ်မှာရှိတဲ့ မီးတောင်အရေအတွက်ဟာ နေအဖွဲ့အစည်းအတွင်းက ဂြိုလ်တွေမှရှိနေတဲ့ မီးတောင်စုစုပေါင်းထက်တောင်ပို များနေပါတယ်။ ဗီးနပ်စ်ဂြိုလ်ဟာ နေအဖွဲ့အစည်းတွင် ဒုတိယမြောက်ဂြိုလ်ဖြစ်ပြီး အပူပြင်းဆုံးဂြိုလ်လဲဖြစ်ပါတယ်။ လေထုမတည်မြဲမှုက သူ့ရဲ့ အပူချိန်ကို ပိုတိုးစေပြီး မာကျူရီထက် အပူချိန်ပိုမြင့်နေရတာလဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗီးနပ်စ်ဂြိုလ်ပေါ်မှာ မီးတောင်အရေအတွက်ဟာ (၁၆၀၀) ထက်မနည်းရှိနေတာဖြစ်ပါတယ်။ ဒီထဲက မတ်မွန်းစ် ( Maat Moons) ဆိုတဲ့ မီးတောင်တစ်ခုဆိုရင် အမြင့် ၅ မိုင် ( ၈ ကီလိုမီတာ) လောက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com
၇။ နောက်ပြန်လည်နေတဲ့ ထရွိုင်တန်

နက်ပ်ကျွန်းရဲ့ အရံလတစ်ခုဖြစ်တဲ့ ထရိုင်တွန်ဟာ ဂြိုလ်ကို နောက်ပြန်လှည့်ပတ်နေပါတယ်။ ထရိုင်တွန် ( Triton) လဟာ တခြားသောဂြိုလ်တွေရဲ့လတွေနဲ့ ယှဉ်ရင်တော့ အကြီးဆုံးဖြစ်ပါတယ်။ သူ့မှာ ထူးခြားတဲ့အချက်ကတော့ မိခင်ဂြိုလ်ကို ဘက်ပြောင်းပြန် လှည့်ပတ်နေခြင်းဖြစ်ပါတယ်။ ဆိုလိုတာကတော့ မိခင်ဂြိုလ်က နာရီလက်တံအတိုင်းလည်နေတယ်ဆိုရင် သူက နာရီလက်တံပြောင်းပြန် လှည့်ပတ်နေတာဖြစ်ပါတယ်။ ဒါကိုတော့ နက္ခတ္တအခေါ်အဝေါ်အရ ” Retrogade Orbit” လို့ခေါ်ပါတယ်။ shwekhitonlinetv.com
၈။ ကမ္ဘာနှင့်အနီးဆုံး Galaxy

ကျွန်တော်တို့နဲ့ အနီးဆုံး ဂလက်စီဟာ အန်ဒရိုမီတာ (Andromeda Galaxy) ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ကျွန်တော်တို့နဲ့ အလင်းနှစ် ၂.၅ မီလီယံလောက်ကွာဝေးပါတယ်။ (Andromeda Galaxy) ကို မတွေ့ရှိခင်တုန်းက (Large Magellanic Cloud) ကို ကျွန်တော်တို့နဲ့ အနီးဆုံး ဂလက်စီလို့ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ shwekhitonlinetv.com
၉။ Astronomical Unit ဆိုတာ

နေနဲ့ကမ္ဘာရဲ့ ကြားအကွာအဝေးက (၉၃) မီလီယံမိုင်ရှိပါတယ်။ ဒီအကွာအဝေးကို နက္ခတ္တဗေဒ ယူနစ်တစ်ခုအဖြစ် (1 AU) လို့သတ်မှတ်ထားပါတယ်။ ဒါ့ကြောင့် 1 AU (Astronomical Unit) ဟာ ၉၃ မီလီယံမိုင် ( သို့) ၁၅၀ မီလီယံ ကီလိုမီတာရှိတယ်လို့မှတ်သားနိုင်ပါတယ်။ အာကာသထဲက အလွန်ဝေးကွာတဲ့ အရာတွေကိုတိုင်းတာဖို့သုံးတဲ့ ယူနစ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ ပထမဆုံးရိုက်ကူးမိတဲ့ တွင်းနက် (Black Hole) ရဲ့ပုံ

ပထမဆုံး ဓာတ်ပုံအဖြစ်ရိုက်ကူးခဲ့တဲ့ တွင်းနက်ဟာ ကမ္ဘာထက် အဆပေါင်း ၃ မီလီယံလောက် ပိုမိုကြီးမားပါတယ်။ အလင်းနှစ် ၅၅ မီလီယံအကွာက M- 87 ဂလက်စီအတွင်းမှာရှိတဲ့ တွင်းနက်ရဲ့ ဓာတ်ပုံကိုတော့ ဧပြီလ ၁၀ ရက်နေ့ ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။