ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံအသီးသီးက မြို့ကြီးတွေဟာ အခြားနိုင်ငံတွေကကမ္ဘာလှည့်ခရီးသွားတွေကို နည်းမျိုးစုံနဲ့ ဆွဲဆောင်နေကြပြီး ခရီးသွားလုပ်ငန်းကနေဝင်ငွေတွေအများအပြားကိုရှာဖွေနေကြပါတယ်။ ဒါဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဘယ်မြို့တွေမှာသူတို့ရဲ့ ပိုက်ဆံတွေကိုသုံးဖြုန်းတာ အများဆုံးလဲဆိုတာကို တစ်ချက်လေ့လာကြည့်ရအောင်ပါ။ shwekhitonlinetv.com
၁၀။ ပဲရစ် – (၉.၇၆) ဘီလီယံ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဟာ နာမည်ကျော် အီဖယ်လ်မျှော်စင်အပါအဝင် အခြားရိုးမန့်ဆန်လွန်းတဲ့ အရာတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ နှစ်စဉ်အများအပြားသွားရောက်ကြတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ စာရင်းဇယားတွေအရ ပဲရစ်မြို့မှာ သုံးစွဲခဲ့ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ငွေကြေးတွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၉.၇၆) ဘီလီယံ ထိရှိပါတယ်။ shwekhitonlinetv.com
၉။ စင်ကာပူ – (၁၀.၉၇) ဘီလီယံ

အရှေ့တောင်အာရှရဲ့ အဖွံ့ဖြိုးအတိုးတက်ဆုံးနဲ့ လူနေမှုအဆင့်အတန်းအမြင့်မားဆုံးနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေမျက်စိကြတဲ့ နိုင်ငံတစ်ခုပါ။ နိုင်ငံဆိုပေမယ့် တော်တန်ရုံမြို့တစ်မြို့လောက်ပဲရှိတဲ့ စင်ကာပူမှာတော့ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားတွေဟာ အမေရိကန်ဒေါ်လာ (၁၀.၉၇) ဘီလီယံထိသုံးစွဲခဲ့ကြပါတယ်။ shwekhitonlinetv.com
၈။ နယူးယော့ခ် – (၁၂.၄၅) ဘီလီယံ

အမေရိကန်ရဲ့ ထင်ပေါ်ကျော်ကြားတဲ့မြို့ကြီးတစ်မြို့ဖြစ်တဲ့ နယူးယော့ခ်မြို့ကတော့ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ အမေရိကန်ဒေါ်လာ (၁၂.၄၅) ဘီလီယံရရှိစေခဲ့တဲ့အထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com
၇။ ဘာစီလိုနာ – (၁၂.၇၃) ဘီလီယံ

စပိန်နိုင်ငံရဲ့ ထူးခြားတဲ့ယဉ်ကျေးမှုဓလေ့တွေရှိနေပြီး သာယာလှပတဲ့ ဘာစီလိုနာမြို့ကလည်း ကမ္ဘာလှည့်ခရီးသွားအများစု ဦးစားပေးရွေးချယ်လေ့ရှိတဲ့ မြို့တစ်မြို့ပါ။ ဒီမြို့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ကမ္ဘာလှည့်ခရီးသွားတွေထံကနေ အမေရိကန်ဒေါ်လာ (၁၂.၇၃) ဘီလီယံလောက် ရရှိစေခဲ့ပါတယ်။ shwekhitonlinetv.com
၆။ အစ္စတန်ဘူလ် – (၁၃.၁၃) ဘီလီယံ

တစ်ထောင့်တစ်ည ပုံပြင်တွေမှာပါဝင်တဲ့ ရှေးဟောင်းအမွေအနှစ် ဓလေ့ထုံးတမ်းတွေရှိသလို ခေတ်မီလှတဲ့ အာရပ်ကမ္ဘာတစ်ခုဖြစ်တဲ့ အစ္စတန်ဘူလ်ဟာလည်း ကမ္ဘာလှည့်ခရီးသွားတွေအတွက် နွေးထွေးမှုရှိတဲ့ နေရာတစ်ခုပါ။ အထူးသဖြင့်တော့ အရသာရှိလှတဲ့ အစားအစာတွေက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရဲ့ပြယုဂ် တွေထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားတွေဟာ အစ္စတန်ဘူလ်မြို့မှာအမေရိကန်ဒေါ်လာ (၁၃.၁၃) ဘီလီယံအထိ သုံးစွဲခဲ့ကြပါတယ်။ shwekhitonlinetv.com
၅။ အမ်စတာဒမ် – (၁၃.၅၉) ဘီလီယံ

ဥရောပရဲ့ ခေတ်ရှေ့ပြေးတဲ့ ဗိသုကာဒီဇိုင်းတွေနဲ့ လူနေမှုစနစ်တွေက အမ်စတာဒမ်ကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို အထူးဆွဲဆောင်နိုင်တဲ့ အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်အတွင်း အမ်စတာဒမ်မြို့ဟာလည်း အမေရိကန်ဒေါ်လာ (၁၃.၅၉) ဘီလီယံလောက် ကမ္ဘာလှည့်ခရီးသွားတွေဆီကရရှိခဲ့ပါတယ်။ shwekhitonlinetv.com
၄။ မကာအို – (၁၅.၅၈) ဘီလီယံ

ကမ္ဘာအရပ်ရပ်က လောင်းကစားသမားတွေနဲ့ အပျော်ရှာသူတွေလာခြေချင်းလိမ်နေတဲ့ မကာအိုမြို့ကလည်း ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ အမေရိကန်ဒေါ်လာ (၁၅.၅၈) ဘီလီယံလောက်ထွက်လာအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com
၃။ လန်ဒန် – (၁၆.၀၇) ဘီလီယံ

အင်္ဂလန်နိုင်ငံရဲ့ အချက်အချာကျလွန်းတဲ့ မြို့တော်လန်ဒန်ကလည်း ကမ္ဘာလှည့်ခရီးသွားတွေရော စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပါ ဆွဲဆောင်မှုရှိတဲ့မြို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၂၂ ခုနှစ်အတွင်း လန်ဒန်မှာ အမေရိကန်ဒေါ်လာ (၁၆.၀၇) ဘီလီယံလောက် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ငွေကြေးတွေလည်ပတ်စီးဆင်းခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ ဒိုဟာ – (၁၆.၇၉) ဘီလီယံ

ကာတာနိုင်ငံ ဒိုဟာမြို့ကတော့ ပုံမှန်အားဖြင့်ကမ္ဘာလှည့်ခရီးသွားတွေမျက်စိကျ လည်ပတ်ချင်စရာကောင်းတဲ့ မြို့တွေထဲမှာမပါဝင်ပါဘူး။ ဒါပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကို လက်ခံကျင်းပခဲ့တာကြောင့် ဒိုဟာမြို့ကိုလာရောက်ပြီး သုံးဖြုန်းသွားတဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေရဲ့ ငွေကြေးပမာဏက အမေရိကန်ဒေါ်လာ (၁၆.၇၉) ဘီလီယံထိရှိနေခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ဒူဘိုင်း – (၂၉.၄၂) ဘီလီယံ

ကမ္ဘာ့ခေတ်မီအတိုးတက်ဆုံးအဆောက်အအုံတွေ၊ အပန်းဖြေစရာတွေ၊ ရှော့ပင်းမောတွေ၊ စားသောက်ဆိုင်တွေ နဲ့ ပြည့်နှက်နေတဲ့ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကတော့ ဒီစာရင်းမှာဦးဆောင်နေတာ သိပ်တော့မဆန်းလှပါဘူး။ ဒူဘိုင်းမြို့မှာ လာရောက်သုံးဖြုန်းခဲ့တဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ငွေကြေးတွေက အမေရိကန်ဒေါ်လာ (၂၉.၄၂) ဘီလီယံထိရှိခဲ့ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။