အချိန်ကာလတွေကုန်လွန်တာဟာ အရမ်းကိုမြန်ဆန်လွန်းလှပါတယ်။ အခုဖော်ပြပေးမယ့် ကလေးသရုပ်ဆောင်လေးတွေကတော့ တစ်ချိန်က သင်တို့သိခဲ့တဲ့ပုံစံနဲ့ မတူတော့ဘဲကိုယ်ပိုင်မိသားစု ဘဝလေးတွေကိုတောင် ပိုင်ဆိုင်နေကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ မက်သရူးလူးဝစ္စ

အင်္ဂလန်သရုပ်ဆောင် မက်သရူးလူးဝစ္စ ကိုတော့ရုပ်ရှင်ချစ်ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ။ သူ့ဟာ နဗီးလ်လောင်းဘော့တွန် အဖြစ်ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ထင်ရှားကျော်ကြားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ သူဟာ လက်ရှိအချိန်မှာ အသက် (၃၄) နှစ်ရှိပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ အိန်ဂျလာဂျုံးစ်ဆိုတဲ့ အမျိုးသမီးလေးနဲ့ လက်ထပ်ထိမ်းမြားထားပါတယ်။ shwekhitonlinetv.com
၂။ လင်ဆေးလိုဟန်

လင်ဆေးလိုဟန်ကတော့ ၁၉၉၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Parent Trap ဆိုတဲ့ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ငယ်ငယ်ကတည်းက ထင်ရှားကျော်ကြားခဲ့တဲ့သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အောင်မြင်မှုတွေရရှိနေပြီး အသက် (၃၇) အရွယ်ရှိပြီဖြစ်ကာ ငွေကြေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဘေဒါရှာမန်းဆိုသူနဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ လက်ထပ်ထားပါတယ်။ သူတို့နှစ်ဦးမှာကလေး တစ်ဦးလည်းပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ ဂျိုးဂျိုနက်စ်

နာမည်ကျော် ဂျိုးနက်စ်ဘရားသားဂီတအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဂျိုးဂျိုးနက်စ်ကတော့ အသက် (၁၇) နှစ်အရွယ်မှာပဲ သူတို့ရဲ့အောင်မြင်တဲ့ တေးအယ်လ်ဘမ် It’s About Time နဲ့ အတူထင်ရှားကျော်ကြားခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ကြင်ယာဖက်ဖြစ်တဲ့ ဆိုဖီတာနာ ကလည်း နာမည်ကျော် Game of Throne ဇာတ်လမ်းတွဲတွေနဲ့ ငယ်ရွယ်တဲ့အချိန်မှာပဲ အောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့သူတို့နှစ်ဦးဟာ ရင်သွေးနှစ်ဦးပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ ခရစ္စတီးနား ရစ်ချီ

ခရစ္စတီးနား ရစ်ချီကတော့ အသက် (၉) နှစ်အရွယ်ကတည်းကသရုပ်ဆောင်လောကကို ရောက်ရှိခဲ့တဲ့သူဖြစ်ပြီး သူမ ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Addams Family ဇာတ်ကားက အတော်အသင့်အောင်မြင်မှုရရှိခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ မာ့ဟမ်တန်လို့ခေါ်တဲ့ ဆံသဆရာတစ်ဦးနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။ ဒါဟာ သူမအတွက်တော့ ဒုတိယမြောက်အိမ်ထောင်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ ဒေးဗစ်ဟင်နရီ

Wizards of Waverly Place ဆိုတဲ့ (၅) နှစ်ကြာ တီဗွီဇာတ်လမ်းတွဲတစ်ခုမှာ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ဒေးဗစ်ဟင်နရီကတော့ ဇာတ်ကားစတင်ရိုက်ကူးချိန်တုန်းက အသက် (၁၃) နှစ်သာရှိသေးတဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ အလှမယ်ဟောင်း မာရီယာကာဟေးနဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး ကလေး (၃) ဦးအထိရရှိနေပြီဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ ဘရစ်ဂစ်မန်ဒလာ

ဘရစ်ဂစ်မန်ဒလာကလည်းနောက်ထပ် Wizards of Waverly Place ဇာတ်လမ်းတွဲရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ စတင်ပါဝင်ခဲ့တဲ့အချိန်ကသူမရဲ့ အသက်ဟာ (၁၂) နှစ်ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဂရစ်ဖင်ကလီဗာလေ ဆိုသူနဲ့ အိမ်ထောင်တစ်ခုတည်ဆောက်ထားပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ ဘရစ်တနီစပီးယား

ငယ်ငယ်ရွယ်ရွယ်နဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အဆိုတော် ဘရစ်တနီစပီးယားကိုတော့ အားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမဟာ (၁၀) နှစ်သမီးအရွယ်ကတည်းက A Star Search Competition အစီအစဉ်မှာဝင်ရောက်ယှဉ်ပြိုင်ပြီး ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘရစ်တနီဟာ အိမ်ထောင် (၃) ဆက်အထိရှိသွားပြီဖြစ်ပြီး ရင်သွေး (၂) ဦးပိုင်ဆိုင်ထားပါတယ်။ လက်ရှိအိမ်ထောင်ဖက်ကတော့ ၂၀၂၂ ခုနှစ်အတွင်းက ထိမ်းမြားခဲ့တဲ့ ဆမ်အက်ဂ်ဟာရီဆိုသူ ဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။