အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Earth Species Project ဟာ အနာဂတ်ကာလမှာ တိရိစ္ဆာန်တွေနဲ့ လူသားတွေကိုအလွယ်တကူဆက်သွယ်နိုင်မယ့် နည်းပညာတစ်ခုကိုကြိုးပမ်းအကောင်အထည်ဖော်လျှက်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီနည်းပညာကတော့ တိရိစ္ဆာန်တွေရဲ့ဘာသာစကားတွေကို ပုံဖော်ပေးမယ့်ဉာဏ်ရည်တု (Artificial Intelligence) ပဲဖြစ်ပါတယ်။ Earth Species Project ဟာ LinkedIn ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ Reid Hoffman ရဲ့ လှူဒါန်းမှုတွေနဲ့ ၂၀၁၇ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Earth Species Project (ESP) ကတော့ “တိရစ္ဆာန်တွေရဲ့ ဘာသာစကား (Non-human Language) တွေကို နားလည်သဘောပေါက်တာက ကျွန်တော်တို့နဲ့ သဘာဝတရားကြီးရဲ့ ထိတွေ့ဆက်ဆံရေးကို ပြောင်းလဲသွားစေမယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး ပြောထားပါတယ်။ shwekhitonlinetv.com

ချင်ပန်ဇီမျောက်မျိူးစိတ်တွေကို လေ့လာသူတွေထဲမှာ အစောဆုံးနဲ့ အထင်ရှားဆုံးလို့ပြောလို့ရတဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Jane Goodall ကတော့ “ကျွန်မ ကလေးဘဝကတည်းက တိရစ္ဆာန်တွေ ဘာပြောလဲဆိုတာ နားလည်ချင်တဲ့ အိပ်မက်တွေရှိခဲ့တယ်။ အခု အဲ့ဒါက အခုအချိန်မှာ တကယ်ဖြစ်နိုင်ချေရှိနေပါပြီ” လို့ဆိုပါတယ်။ shwekhitonlinetv.com

Earth Species Project (ESP) က ပညာရှင်တွေဟာ တိရစ္ဆာန်တွေအချင်းချင်း ဆက်သွယ်ပြောဆိုကြပုံကို AI နည်းပညာ အသုံးပြုပြီး Decode လုပ်နေပါတယ်။ သူတို့ရဲ့အခြေအနေဟာများစွာတိုးတက်တဲ့ အနေအထားကိုတွေ့ရပြီး မကြာခင်မှာလူသားတွေနဲ့ တိရိစ္ဆာန်လေးတွေဆက်သွယ်နိုင်ဖို့ အကောင်းဆုံးအနေအထားကို မျှော်လင့်လို့ရနေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။