စပျစ်သီးဆိုတာကတော့ လူတိုင်းနီးပါးစားဖူးကြမှာဖြစ်တဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့် စပျစ်သီးရဲ့ အစေ့ကိုတော့ အတော်များများစားကြမယ်မထင်ပါဘူး။ စပျစ်သီးအစေ့ရဲ့ အရသာက ခါးသက်သက်၊ စားရတာကလည်း မာဆတ်ဆတ်နဲ့ဆိုတော့စပျစ်သီးစားတိုင်း အစေ့ကိုထွေးထုတ်ပစ်လိုက်တာ များပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် လူတွေမသိတဲ့အချက်တစ်ခုက စပျစ်သီးက သူရဲ့အစွမ်းသတ္တိတွေအကုန်လုံးကို အစေ့ထဲမှာ သိမ်းဆည်းထားတယ်ဆိုတာပါ။ စပျစ်သီးအစေ့ထဲမှာပါတဲ့ အစွမ်းသတ္တိတွေကိုသာ သိခဲ့မယ်ဆိုရင်နောက်ဆို စပျစ်သီးစားတိုင်း အစေ့ကိုထွေးထုတ်ကြမယ်လို့မထင်တော့ပါဘူး။ စပျစ်သီးအစေ့က ဘယ်လိုအစွမ်းထက်သလဲဆိုတော့ …………….. shwekhitonlinetv.com

၁။ စပျစ်သီးအစေ့ကို စားသုံးခြင်းဖြင့် သွေးပေါင်ချိန်မြင့်မားနေတဲ့ သူတွေကို သွေးပေါင်ချိန်လျော့ကျစေနိုင်ပါတယ်။ shwekhitonlinetv.com

၂။ စပျစ်သီးအစေ့ကနေ ထုတ်ယူဖော်စပ်ထားတဲ့ Grape Seed Extract (GSE) ဆေးဝါးတွေကို သောက်သုံးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုတွေကို ကောင်းမွန်စေနိုင်ပါတယ်။ နောက်ပြီးအဆစ်အမြစ်တွေရောင်ရမ်းခြင်း ခြေလက်ဖောရောင်ခြင်းတွေကို လည်းသက်သာစေနိုင်ပါတယ်။ shwekhitonlinetv.com

၃။ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ မကောင်းနဲ့ ကိုလက်စထရော မြင့်တက်လာခြင်းဟာ (Bad Cholesterol Level) နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။ စပျစ်သီးအစေ့ကတော့ ဒါကိုတားဆီးကာကွယ်နိုင်စွမ်းရှိပါတယ်။ shwekhitonlinetv.com

၄။ နောက်ပြီးစပျစ်သီးအစေ့က ကော်လာဂျင် (Collagen) လို့ခေါ်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးကို တိုးပွားစေပြီး အရိုးတွေကို သန်မာစေနိုင်ပါတယ်။ shwekhitonlinetv.com

၅။ စပျစ်သီးအစေ့ဟာ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေပြီး အယ်လ်ဇိုင်းမားလို ရောဂါမျိုးတွေဖြစ်ပွားခြင်းမှလည်း တားဆီးပေးနိုင်ပါတယ်။ shwekhitonlinetv.com

၆။ စပျစ်သီးအစေ့ကို စားပေးခြင်းအားဖြင့် ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သလို ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို လည်း ပိုမိုကောင်းမွန်စေပါတယ်။ shwekhitonlinetv.com

၇။ စပျစ်သီးအစေ့ဟာ သွေးထဲက မကောင်းတဲ့ အဆီတွေကို လျော့ကျစေလို့ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ shwekhitonlinetv.com

၈။ စပျစ်သီးအစေ့ဟာ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ်မှာ ပျက်စီးသွားတဲ့ ဆဲလ်တွေကို လည်းဖယ်ရှားပေးပါတယ်။ shwekhitonlinetv.com

၉။ အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေလိုမျိုးအရာတွေက အသည်းကိုထိခိုက်စေတဲ့ အရာတွေဖြစ်ပါတယ်။ စပျစ်သီးအစေ့က ဒီအရာတွေရဲ့ အသည်းအပေါ်သက်ရောက်မှုကို လျော့ချပေးနိုင်ပါတယ်။ shwekhitonlinetv.com

၁၀။ နောက်ဆုံးအချက်ကတော့ စပျစ်သီးအစေ့ဟည ခန္ဓကိုယ်တွင်းက ဆံချည်မျှင်သွေးကြောလေးတွေအထိ သွေးလည်ပတ်မှုကောင်းစေလို့ ခန္ဓာကိုယ်ကို ကျန်းမာလန်းဆန်းစေတယ်ဆိုတာပါပဲ။ shwekhitonlinetv.com

ကဲအခုလို စပျစ်သီးအစေ့ရဲ့ အကျိုးအာနိသင်တွေကို သိလိုက်ရပြီဆိုတော့ အရင်က ထွေးထုတ်ခဲ့မိတဲ့ စပျစ်သီးစေ့လေးတွေကို နှမြောနေကြမယ်ထင်ပါတယ်။ နိုင်ငံတကာမှာလည်း စပျစ်သီးအစေ့ရဲ့ အဆီအနှစ်ကို ထုတ်ယူပြီး ဆေးဝါးအဖြစ် ထုတ်လုပ်ရောင်းချနေတာမျိုးတွေရှိနေတယ်ဆိုတာဖော်ပြရင်း အဆုံးသတ်လိုက် ပါတယ်နော် …. shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။