ဒီနေ့ကမ္ဘာပေါ်မှာတော့ သတ္တဝါမျိုးစိတ်ပေါင်းက (၈.၇) သန်းလောက်ရှိတယ်လို့သိရပါတယ်။ ဒီထဲမွာ မျိုးတုံးပျောက်ကွယ်တော့မယ့် မျိုးစိတ်တွေပါဝင်နေသလို အသစ်ထပ်မံတွေ့ရှိတဲ့ မျိုးစိတ်အသစ်တွေလဲ ပါဝင်လို့နေပြန်ပါတယ်။ အခုဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ သဘာဝအလျောက်မဟုတ် ဘဲ လူသားတွေမျိုးစပ်ဖန်တီးထားတဲ့ သတ္တဝါမျိုးစိတ်သစ်တွေ အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ Liger ( Male Lion + Female Tiger)

ခြသေ့် အထီးနဲ့ က်ား အမ နဲ့ မျိုးစပ်ထားတဲ့ သတ္တဝါဖြစ်ပါတယ်။ သူတို့ဟာကြီးထွားနှုန်းလျင်မြန်တယ်လို့သိရပြီး အကြီးဆုံးအကောင်ကတော့ ၄၁၀ ကီလိုဂရမ် (၉၀၁) ပေါင် ရွိတဲ့ ဟာကျုလီဆိုတဲ့ Liger ဖြစ်ပါတယ်။ shwekhitonlinetv.com
၂။ Tigon (Male Tiger + Female Lion)

Tigon ကေတာ့ Liger နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ က်ား အထီးနဲ့ ခြသေ့် အမကို မျိုးစပ်ထားတဲ့သတ္တဝါပါ။ shwekhitonlinetv.com
၃။ Zonkey (Zebra + Donkey)

ဒီချစ်စဖွယ် ပုတက်တက် အကောင်လေးကတော့ မြည်းနဲ့မြင်းကျားကို မျိုးစပ်ပြီးသားဖောက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Jaglion (Male Jaguar + Female Lion)

ဒါကေတာ့ မျိုးစပ်ဖို့မလွယ်တဲ့ ရှားပါးသတ္တဝါပဲဖြစ်ပါတယ်။ Jaguar ကျားသစ်မျိုးနဲ့ ခြသေ့် အမတို့ကို မျိုးစပ်ထားတာဖြစ်ပြီး မျိုးအောင်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့လည်းသိရပါတယ်။ Jaguar ဆိုပေမယ့် ဒီပုံမှာပြထားတဲ့ အကောင်ကတော့ Panther လို့ခေါ်တဲ့ အနက်ရောင်ကျားသစ်မျိုးနဲ့ မျိုးစပ်ထားတဲ့ အကောင်ဖြစ်ပါတယ်။ shwekhitonlinetv.com
၅။ Geep (Goat + Sheep)

ဒါကေတာ့ ရှင်းပါတယ် မျိုးရင်းနီးစပ်တဲ့ ဆိတ် နဲ့ သိုးနဲ့ကို မျိုးစပ်သားဖောက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၆။ Grolar Bear (Polar Bear + Brown Bear)

ဒါကေတာ့ အာတိတ်ဒေသက ပိုလာဝက်ဝံတွေနဲ့ သာမန်အညိုရောင် ဝက်ဝံတွေကို မျိုးစပ်ထားတာဖြစ်ပါတယ်။ သူတို့ကို Pizzly Bear လို့လည်းခေါ်ကြပါတယ်။ shwekhitonlinetv.com
၇။ Beefalo (Buffalo + Cow)

နို့စားနွားမတွေနဲ့ ကျွဲထီးကို မျိုးစပ်ပြီးသားဖောက်ထားတာ ဖြစ်ပါတယ်။ ပုံစံကေတာ့ အမှတ်တမဲ့ကြည့်ရင် နွားလို့ပဲထင်ရပြီး သိပ်တော့ ထူးခြားမှုမရှိသလိုပါပဲနော်။ shwekhitonlinetv.com
၈။ Cama (Camel + Llama)

ဒါကေတာ့ တောင်အမေရိကတိုက်မှာတွေ့ရတဲ့ ကုလားအုတ်မျိုးနွယ်ဝင်တစ်မျိုးဖြစ်တဲ့ Llama နဲ့ လား လို့သိထားကြတဲ့ Camel နဲ့ မျိုးစပ်ထားတာဖြစ်ပါတယ်။ ဒီမျိုးစပ်မှုမျာအတော်များများကတော့ ကျောကုန်းမှာ ဘို့မပါ ကြပါဘူး။ shwekhitonlinetv.com
၉။ Narluga (Narwhal + Beluga)

တန်ဖိုးကြီးတဲ့ ငါးဥဆားနယ် ထွက်ရှိတဲ့ အဖြူရောင်ဝေလငါးကြီး (Beluga) နဲ့ အာတိတ်ဒေသအစွယ်ရှိတဲ့ ဝေလငါး (Narwhal) ကို မျိုးစပ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Hinny (Female Donkey + Male Horse)

ဒါက မြည်းအမကို မြင်းထီးနဲ့ သားဖောက်ထားတာပါ။ အတော်လေးတော့ကြည့်ကောင်းတယ် လို့ထင်ရပါတယ်နော်။ shwekhitonlinetv.com
ဒါကေတာ့ မျိုးစပ်ထားတဲ့ သတ္တဝါမျိုးစိတ်အများအပြားထဲကမှ အချို့ကိုဗဟုသုတ အနေနဲ့ ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုမျိုးစိတ်ဝင်စားစရာ အကြောင်းတွေကို တင်ဆက်သွားဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးနော် shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မွ ရေးသားတင်ဆက်ပါသည်။