အခုတစ်ခေါက်မှာတော့ ရွှေခေတ်ရဲ့စာဖတ်ပရိသတ်ကြီးအတွက် ကမ္ဘာပေါ်မှာပေါက်ရောက်ရှင်သန်ပြီး အကြီးမားဆုံးပန်းပွင့်ကြီးတွေပွင့်ဖူးကြတဲ့ အပင်မျိုးစိတ် (၇) မျိုးကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com
၁။ Giant Padma

Giant Padma ကတော့ အင်ဒိုနီးရှားနိုင်ငံမှာအများဆုံးတွေ့ရတဲ့ ပန်းမျိုးစိတ်ဖြစ်ပါတယ်။ ဒီပန်းပင်တွေကနေ ပွင့်တဲ့အပွင့်တစ်ပွင့်ဟာ (၃) ပေကျော်လောက်အထိကြီးထွားတက်ကြပြီး အလေးချိန်အားဖြင့်တော့ ပေါင် (၂၀) အထိလေးလံကြပါတယ်။ shwekhitonlinetv.com
၂။ Queen of The Andes

ချုံတစ်ခုကနေ ပွင့်ဖူးတက်ကြတဲ့ Bromeliad မျိုးစိတ်တွေထဲမှာတော့ Queen of the Andes က အကြီးမားဆုံးပေါက်ပင်ဖြစ်ပါတယ်။ သူ့ရဲ့အပွင့်က (၁၃) ပေကနေ (၂၆) ပေအထိရှိပြီး အပင်တစ်ခုလုံးအနေနဲ့ဆိုရင် အများဆုံးပေ (၅၀) လောက်အထိတောင်ရှိပါတယ်။ shwekhitonlinetv.com
၃။ Pelican Flower

Pelican ပန်းတွေကတော့ လျှင်မြန်စွာကြီးထွားဖွံ့ဖြိုးတက်ကြတဲ့ သစ်တက်နွယ်အမျိုးနွယ်ဝင်တွေဖြစ်ပါတယ်။ ဒီအပင်ရဲ့ အသည်းပုံနဲ့တူတဲ့ ပွင့်ဖတ်ကြီးတွေဟာ အသေးဆုံးအဖြစ် (၁၀) စင်တီမီတာကနေ အကြီးမားဆုံးအဖြစ် (၆၀) စင်တီမီတာအထိ ရှိတက်ကြပါတယ်။ shwekhitonlinetv.com
၄။ Titan Arum

အင်ဒိုနီးရှားနိုင်ငံ ဆူးမတြားကျွန်းမှာတွေ့ရတဲ့ ပန်းပွင့်ကြီးတွေဖြစ်ပါတယ်။ နှစ်မြို့ဖွယ်မကောင်းလှတဲ့ အနံ့ဆိုးတွေကိုထုတ်လွှတ်လေ့ရှိတဲ့ ဒီပန်းတွေဟာ အပင်သက်တမ်းတစ်လျှောက်မှာ တစ်ကြိမ်တစ်ခါသာပွင့်ကြတဲ့ပန်းမျိုးစိတ်တွေဖြစ်ပါတယ်။ အမြင့်အားဖြင့် (၇) ပေကနေ (၁၂) ပေလောက်ထိကြီးထွားတက်ကြပြီး အလေးဆုံးအဖြစ်တွေ့ရှိဖူးတဲ့ပန်းပွင့်ကြီးကတော့ ပေါင် (၁၇၀) လောက်ထိတောင်ရှိပါတယ်။ shwekhitonlinetv.com
၅။ Southern Magnolia

Southern Magnolia ကတော့ ကြီးမားပြီး မွှေးကြိုင်တဲ့ အဖြူရောင်ပန်းပွင့်ကြီးတွေပွင့်ဖူးတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအရှေ့တောင်ပိုင်း ပြည်နယ်တွေမှာပေါက်ရောက်လေ့ရှိတဲ့ ဒီပန်းပွင့်ကြီးတွေရဲ့ အရွယ်အစားကတော့ (၃၀) စင်တီမီတာလောက် အချင်းရှိတက်ကြပါတယ်။ shwekhitonlinetv.com
၆။ Hibiscus

Hibiscus ကတော့ အလွန်အကြမ်းခံတဲ့နှစ်ရှည်ပင်တစ်မျိုးဖြစ်ပါတယ်။ ဒီအပင်ကနေပွင့်တဲ့ ပွင့်ဖတ်တွေကတော့ အနီရောင်နဲ့ ပန်းရောင်အဆင်းရှိကြပြီး အလျား (၁၂) လက်မကျော်တဲ့အထိကြီးမားကြပါတယ်။ နောက်ပြီး ဒီပန်းပွင့်တွေဟာ နွေရာသီကနေဆောင်းဦးပေါက်တဲ့ အချိန်အထိရှင်သန်ပွင့်ဖူးကြတာမို့လို့ နှစ်ရှည်ဥယျာဉ်တွေမှာ စိုက်ပျိုးဖို့အလွန်သင့်တော်တဲ့ ပန်းတစ်မျိုးဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ Carrion Flower

အချင်း (၂၅) မီတာအထိရှိကြတဲ့ ကြယ်ပုံသဏ္ဍာန်ပန်းပွင့်ကြီးတွေရဲ့ အမည်ကတော့ Carrion Flower ပဲဖြစ်ပါတယ်။ အနီရောင် ၊ အဝါရောင် အဆင်းရှိကြတဲ့ ဒီပန်းတွေမှာထူးခြားတာက (၈) မီလီမီတာလောက်ရှည်လျားတဲ့ အမွှေးအမျင်တွေရှိတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။