အသုံးမပြုတော့တဲ့ သင်္ဘောကွန်တင်တာတွေဟာ သေးငယ်တဲ့အိမ်လေးတွေကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖန်တီးလိုသူတွေအတွက်တော့ ရွှေ ပါပဲ။ အခုလည်း အဲ့ဒီလိုလူမျိုးတွေ က ကွန်တင်နာတွေအသုံးပြုပြီးဖန်တီးထားတဲ့ နေချင်စဖွယ် ဇိမ်ခံအိမ်လေးတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com
၁။ ဒီဇိမ်ခံအိမ်ကတော့ အမေရိကန်နိုင်ငံ ယူတားပြည်နယ်က သဲကျောက်တောင်တစ်ခုရဲ့ ခြေရင်းမှာတည်ရှိတာပါ။ အိပ်ခန်း (၂) ခန်း၊ ရေချိုးခန်း (၂) ခန်း ပါရှိပြီး ပါတီပွဲတွေပြုလုပ်ဖို့အတွက် ကျယ်ဝန်းတဲ့ဧရိယာတွေ ပါဝင်ပါတယ်။ အပြင်ဘက်မှာတော့ သဘာဝရှုခင်းတွေကိုအတိုင်းသားခံစားနိုင်မှာဖြစ်ပြီး ငှားရမ်းနေထိုင်လို့ရတဲ့ အိမ်တစ်လုံးဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒါကတော့ ကနေဒါနိုင်ငံ Manitoba ပြည်နယ်က Prairies ရေကန်ကြီးနံဘေးမှာတည်ရှိတဲ့ ဇိမ်ခံကွန်တင်နာအိမ်တစ်လုံးဖြစ်ပါတယ်။ သင်္ဘောကွန်တင်နာ (၃) လုံးနဲ့တည်ဆောက်ထားတာဖြစ်ပြီး (၂) လုံးကိုတော့ကန့်လန့်ဖြတ်အနေအထားထားရှိကာ တစ်ခုကိုတော့ ရေကန်ရဲ့အလှအပတွေကိုခံစားဖို့ မျှော်စင်သဖွယ်ပြုလုပ်ပြီး ဆောက်လုပ်ထားတာပါ။ shwekhitonlinetv.com

၃။ Prince Road Container House လို့အမည်ရတဲ့ ဒီအိမ်ကတော့ ရှေးဟောင်းအိမ်တွင်းအနုပညာလက်ရာတွေပါဝင်သလို အပြင်ဘက်မှာလည်း ခေတ်သစ်ဂရစ်ဖစ်တီအနုပညာတွေနဲ့ ခြယ်သမွမ်းမံထားတဲ့အိမ်ဖြစ်ပါတယ်။ မီဒီယာတွေထက်မှာ မကြာခဏဖော်ပြခံရတဲ့ ရေပန်းအစားဆုံး ဇိမ်ခံကွန်တင်နာအိမ်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဂျာမနီနိုင်ငံက ရွာသာသာမြို့ကလေးတစ်မြို့ဖြစ်တဲ့ Schoneck မှာတည်ရှိတဲ့ ကွန်တင်နာအိမ်ကလေးဖြစ်ပါတယ်။ နှင်းလျောစီးခြင်းကိုဝါသနာပါတဲ့ လူကုံထံတွေအတွက် ငှားရမ်းအသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ သဲကန္တာရတစ်ခုထဲမှာတည်ရှိတဲ့ ဇိမ်ခံကွန်တင်နာအိမ်တစ်လုံးဖြစ်ပါတယ်။ ခရစ္စတယ်ချောင်းတွေပုံသဏ္ဍာန်ဒီဇိုင်းဖော်ထားပြီး အပူဒဏ်ကိုလျော့ချနိုင်ဖို့အတွက် ဆေးအဖြူသီးသန့်အသုံးပြုပြီး အလှဆင်ထားပါတယ်။ အခန်းတွင်းမှာအခြားဇိမ်ခံပစ္စည်းတွေပြည့်စုံစွာပါဝင်သလို ကြယ်တွေကိုကြည့်တာဝါသနာပါသူတွေအတွက် ရည်ရွယ်တည်ဆောက်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ စတုရန်းပေ (၁၆၀) သာရှိတဲ့ မီနီကွန်တင်နာအိမ်ကလေးဖြစ်ပါတယ်။ အထပ်နှစ်ထပ်ပါရှိပြီး ထမင်းစားခန်း၊ ဧည့်ခန်း၊ မီးဖို နဲ့ ရေနွေးစိမ်နိုင်တဲ့ကန်လေးပါဝင်ပါတယ်။ နွေရာသီမှာ သဘာဝရဲ့အလှတရားကို Private ဆန်ဆန် ခံစားချင်တဲ့ စုံတွဲတွေအတွက်ရည်ရွယ်တည်ဆောက်ထားတာလို့သိရပါတယ်။ shwekhitonlinetv.com

၇။ ဘရာဇီးလ်နိုင်ငံ ဆန်တာကာတာရီးနား မှာတည်ရှိတဲ့ ဒီဇိမ်ခံအိမ်လေးကိုတော့ Barra de Ibiraquera လို့ အမည်ပေးထားပါတယ်။ သဘာဝတရားနဲ့အနီးကပ်ဆုံးဖြစ်အောင်တည်ဆောက်ပေးထားပြီး ရေကူးကန်လေးပါထည့်သွင်းတည်ဆောက်ပေးထားပါတယ်။ စိမ်းစိမ်းစိုစိုရှိလှတဲ့ဝန်းကျင်လေးဖြစ်အောင် အဓိကထားတည်ဆောက်ထားတာကြောင့် ဥယျာဉ်ငယ်လေးတစ်ခုလို့ထင်မှတ်ရလောက်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။