အခုတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့ နာမည်ကျော် လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရဲ့ နောက်ကွယ်က ပရိသတ်တွေမသိရှိသေးတဲ့ ရယ်ရွှင်ဖွယ်၊ အံ့အားသင့်ဖွယ် အကြောင်းအရာတွေပဲဖြစ်ပါတယ်။ ဘယ်လိုအကြောင်းအရာတွေဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်ကြပါဦးနော်….. shwekhitonlinetv.com
၁။ John Wick (2)

နာမည်ကျော်မင်းသား ကီနူးရိဗ် (Keanu Reeves) ဟာ John Wick : Chapter (2) မှာပါဝင်တဲ့ တိုက်ခိုက်တဲ့ အခန်းတွေရဲ့ (၉၅) ရာခိုင်နှုန်းကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုသရုပ်ဆောင်နိုင်ဖို့ အတွက် ကီနူးရိဗ် (Keanu Reeves) ဟာ ဂျူဒို၊ ဘရာဇီးလ်ကိုယ်ခံပညာရပ်ဖြစ်တဲ့ ဂျူဂျစ်ဆု၊ ကားမောင်းခြင်း စတာတွေအပြင်လိုအပ်တဲ့ အတက်ပညာအတော်များများကို အချိန်ပေးလေ့ကျင့်သင်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၂။ The Maze Runner

ဒီဇာတ်ကားမှာတော့ သူတို့ရိုက်ကူးမယ့်နေရာကို မြွေရှင်းလင်းရေးသမားတွေ ခေါ်ယူပြီးရှင်းလင်းခိုင်းခဲ့ရတယ်လို့သိရပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားရိုက်ကူးရေးမစတင်မီ မဆိုပါနေရာမှာ အဆိပ်ပြင်းမြွေ (၂၅) ကောင်လောက်တွေ့ရှိခဲ့ရလို့ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ Titanic

Titanic ရုပ်ရှင်ကိုကြည့်ခဲ့ဖူးတဲ့သူတိုင်းကတော့ ဒီဇာတ်ဝင်ခန်းကိုမှတ်မိနေမှာ သေချာပါတယ်။ အဲဒီ့ဇာတ်ဝင်ခန်းအတွက် ကိတ်ဝင်းစလတ် (Kate Winslet) ရဲ့ ကိုယ်လုံးတီး ပုံတူပန်းချီကို ရေးဆွဲပေးခဲ့တာကတော့ အဲဒီ့ကားရဲ့ ဒါရိုက်တာဖြစ်တဲ့ ဂျိမ်းစ်ကင်မရွန် (James Cameron) ကိုယ်တိုင်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com
၄။ Jurassic Park

Jurassic Park ရုပ်ရှင်ဇာတ်ကားထဲက Velociraptors တွေရဲ့အသံဟာ အမှန်တကယ်တော့ ကုန်းလိပ်ကြီးတွေ မိတ်လိုက်နေတဲ့ အသံကိုထည့်သွင်းထားတာဖြစ်ပါတယ်တဲ့။ shwekhitonlinetv.com
၅။ Candyman

Candyman ရုပ်ရှင်ဇာတ်ကာူထဲက ဒီဇာတ်ဝင်ခန်းမှာတော့ သရုပ်ဆောင် Tony Todd ဟာ သူ့ရဲ့ပါးစပ်ထဲကို အမှန်တကယ် ပျားအရှင်တွေထည့်ပြီး သရုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com
၆။ The Departed

The Departed ရုပ်ရှင်ဇာတ်ကားမှာတော့ Jack Nicholson ဟာ မင်းသား Leonardo Dicaprio ကို တကယ့်သေနတ်အစစ်နဲ့ ချိန်ရွယ်ထားခဲ့ပါတယ်။ ဒါဟာ ဇာတ်ညွှန်းထဲမှာ မပါဝင်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com
၇။ One Flew Over The Cuckoo’s Nest

One Flew Over The Cuckoo’s Nest ဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ရံ သရုပ်ဆောင်တော်တော်များများဟာ တစ်ကယ့် စိတ်ဝေဒနာရှင် အစစ်တွေဖြစ်ပါတယ်။ shwekhitonlinetv.com
၈။ Inception

နာမည်ကျော် အော်စကာဆုရခဲ့တဲ့ Inception ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖို့အတွက် ဒါရိုက်တာ Christopher Nolan တစ်ယောက် အချိန် (၁၀) နှစ်လောက်ယူခဲ့ရပါတယ်။ shwekhitonlinetv.com
၉။ Star Trek

Star Trek ရုပ်ရှင်ဇာတ်ကားထဲက U.S.S Enterprise ကြီးရဲ့ တံခါးတွေ အလိုလျောက်ပွင့်တဲ့နေရာမှာ သုံးတဲ့ အသံက ရုရှားက ရထားတွေရဲ့ အိမ်သာရေဆွဲချတဲ့အသံတွေကို သုံထားတာဖြစ်ပါတယ်။ shwekhitonlinetv.com
၁၀။ Avator

နာမည်ကျော် ဒါရိုက်တာ James Cameron ဟာ နာမည်ကျော် Avator ဇာတ်ကားကို ရိုက်ကူးတဲ့ အချိန်မှာ အာရုံစူးစိုက်မှု အပြည့်ရှိနေစေဖို့ ရုပ်ရှင်ရိုက်နေတုန်း အသံမြည်လာတဲ့ ဖုန်းတွေကို နံရံမှာ သံနဲ့ရိုက်ပစ်ခဲ့ပါသတဲ့။ shwekhitonlinetv.com
ကဲ …. ဒီအကြောင်းအရာလေးတွေ ဖတ်ရှုပြီး အားလုံးပဲအံ့သြသွားကြတယ်မဟုတ်လား။ နောက်ထပ်လဲ ဒီလိုပရိသတ်အကြိုက်တွေ့မယ့် စိတ်ဝင်စားဖွယ် အကြောင်းအချက်လေးတွေကို ကြိုးစားရှာဖွေတင်ဆက်ပေးသွားမှာ ဖြစ်လို့ ဆက်လက်စောင့်စား အားပေးကြပါဦးနော် … shwekhitonlinetv.com
ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။