အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ရိုးရာပွဲတော်တစ်ခုရှိပါတယ်။ အဲ့ဒီပွဲတော်ကတော့ “Kissing Ritual” လို့ခေါ်တဲ့ လူပျို၊ အပျိုတွေအနမ်းပေးကြတဲ့ပွဲတော်ပါ။shwekhitonlinetv.com

ဒေသခံဘာလီလူမျိုးတွေကတော့ ဒီပွဲတော်ကို Omed-Omedan လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ “ဆွဲငင်ခြင်း” လို့ဆိုနိုင်ပြီး အနီးစပ်ဆုံးဆိုရရင် လွန်ဆွဲပွဲလိုမျိုးသဘောပါ။ ဒီပွဲကို ဘာလီနှစ်သစ်ကူးပွဲတော်ပြီး နောက်ရက်မှာကျင်းပတာဖြစ်ပါတယ်။shwekhitonlinetv.com

ဘာလီကျွန်းက Sesetan ဆိုတဲ့ရွာကလေးမှာကျင်းပတဲ့ ဒီပွဲတော်ကိုတော့ အသက် (၁၇) နှစ်ကနေ (၃၀) ကြားမှာရှိတဲ့ ဒေသခံ လူပျို၊ အပျိုတွေပဲ ပါဝင်ဆင်နွှဲခွင့်ရတာပါ။ မြင်သာအောင်ပြောရရင် အမျိုးသမီး နဲ့ အမျိုးသား အဖွဲ့နှစ်ဖွဲ့ခွဲပြီး ခေါင်းဆောင်နှစ်ဦးကို ရှေ့ဆုံးမှာထမ်းပိုးကာ တေ့ပေးကြတာဖြစ်ပါတယ်။shwekhitonlinetv.com

အဲ့လိုတေ့တေ့ဆိုင်ဆိုင် ဆုံတဲ့အချိန်မှာတော့တစ်ဦးကို တစ်ဦးဖက်လိုက်ကြပြီး အနမ်းပေးကြတာပဲဖြစ်ပါတယ်။ ဘေးကကြည့်နေတဲ့သူတွေအနေနဲ့ သူတို့နှစ်ဦးနမ်းကြတာအရမ်း Heated တက်နေပုံရရင် ရေနဲ့ဝိုင်းပက်ကြပါတယ်။shwekhitonlinetv.com

ဒီပြိုင်ပွဲကျင်းပပြုလုပ်တဲ့ ပုံစံကိုအသေးစိတ်ကြည့်ချင်ရင်တော့Youtube မှာ Omed-Omedan ဆိုပြီးအလွယ် ရိုက်ရှာကြည့်လို့ရပါတယ်။shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။